" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, February 10, 2024

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေ လူ့အခွင့်အရေး ပြစ်မှုနောက်ကြောင်း စစ်ဆေးဖို့ Fortify Right တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၀ ဖေဖော်ဝါရီ၊ ၂၀၂၄ 

BANGLADESH-MYANMAR-CONFLICT

 ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေ လူ့အခွင့်အရေး ပြစ်မှုနောက်ကြောင်း စစ်ဆေးဖို့ Fortify Right တိုက်တွန်း

ရက္ခိုင့်တပ်တော် AA ရဲ့ စခန်းသိမ်း တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတဲ့ စစ်ကောင်စီ လက်အောက်ခံ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် စွပ်စွဲခံရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေနဲ့ ဆပ်စပ်ပြီး အပြည်ပြည်ဆိုင် ရာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံး ICC နဲ့ ချိတ်ဆက်ကာ စုံစမ်းစစ်ဆေးဖို့ လိုက်လျောညီထွေဖြစ်စေရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဖေဖော်ဝါရီ ၈ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ 

“ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒီနယ်ခြားစောင့် အရာရှိတွေကို အလျင်စလို ပြန်ပို့တာကို ရှောင်ရှားသင့်ပြီး သူတို့လိုအပ်နိုင်တဲ့ အကူအညီနဲ့ အကာအကွယ်တွေပေးပြီး မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေအတွက် စုံစမ်းစစ်ဆေးသင့်တယ်” လို့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် မက်သယူး စမစ် Matthew Smith က ပြောပါတယ်။ “ဒါဟာ တခြား မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ အတွက်လည်း အကျိုးရှိပြီး သူတို့ ရှေ့ထွက် စစ်ဆေးခံလာကာ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အထောက်အကူ ပြုလာနိုင်တယ်” လို့ ဆိုပါတယ်။

ရခိုင့်တပ်တော် AA နဲ့ တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက် ထွက်ပြေးလာတဲ့ စစ်ကောင်စီနယ်ခြားစောင့်တပ် (Photo: AFP)

ဒီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို မြန်မာ စစ်ကောင်စီလက်ကို အတင်းအကျပ် ပြန်မပို့ဖို့လည်း Fortify Rights က တောင်းဆိုထားပါတယ်။ ရာဇ၀တ်မှုတွေ ကျူးလွန်ရာမှာ ပါဝင်ခဲ့ခြင်း ရှိ မရှိနဲ့ အထောက်အထားတွေ သိရှိထားတွေ ရှိမရှိ သူတို့ရဲ့ အရင်ကလုပ်ရပ်တွေကို စိစစ်နေချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ သူတို့ကို အကူအညီနဲ့အကာ အကွယ်တွေ ပေးအပ်ဖို့ အရေးကြီးကြောင်းလည်း Fortify Rights က အလေးပေး တိုက်တွန်းထားပါတယ်။

လက်ရှိမှာတော့ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီဟာ ရက္ခိုင့်တပ်တော် AA နဲ့ တိုက်ပွဲတွေအတွင်း စစ်ရှုံးလို့ ပြီးခဲ့တဲ့ တနင်္ဂနွေ (ဖေဖော်ဝါရီ ၄ ရက်) ကစပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေကြတာမှာ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် အများစုအပါအဝင် စစ်ကောင်စီတပ်သားဦးရေက စုစုပေါင်း ၃၈၈ ဦး ရှိနေပြီလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွတ် Hasan Mahmud က ဖေဖော်ဝါရီလ ၇ ရက်က ပြောထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */