" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်ကောင်စီ. Show all posts
Showing posts with label စစ်ကောင်စီ. Show all posts

Wednesday, February 21, 2024

ဘူးသီးတောင်မှ မွတ်ဆလင်လူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းရန် စစ်ကောင်စီ ဖမ်းဆီးခေါ်သွား

Narinjara
ရက်စွဲ: ၂၁ ဖေဖော်ဝါရီ ၂၀၂၄

(ဓာတ်ပုံ- ပုံဟောင်း)

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်လူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းရန် စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
                                                                      

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များကို စစ်ကောင်စီက အဓမ္မ စစ်မှုထမ်းခိုင်း

DVB
February 21, 2024

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေတယ်လို့ ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ရိုဟင်ဂျာအသိုက်အဝန်းက ပြောပါတယ်။

စစ်မှုထမ်းပါက နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမည်ဟု ရိုဟင်ဂျာများကို စစ်ကောင်စီတပ် စည်းရုံး

DVB
February 21, 2024 

စစ်မှုထမ်းတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးမယ်ဆိုပြီး စစ်ကောင်စီဘက်က ရိုဟင်ဂျာအသိုက် အဝန်းကို စည်းရုံးနေသလို အတင်းအကျပ် စစ်မှုထမ်းခိုင်းတာတွေလည်း ရှိနေတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။

Monday, February 12, 2024

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်

ဧရာဝတီ
11 February 2024

၂၀၂၄ ဇန်နဝါရီ ၂၇ရက်က မန္တလေး ပြည်သူ့စစ် ၇/ ၂၀၂၄ သင်တန်းဆင်းပွဲ

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ယမန်နေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည့် အရွယ်ရောက် ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းကြရမည်ဆ်ိုသော ပြည်သူ့စစ်မှုထမ်းဥပဒေကိုလူအများ လက်မခံဘဲ ဝေဖန်မှုများရှိနေသည်။

Monday, February 5, 2024

စစ်ကောင်စီနဲ့ AA တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ၂ ဦးသေ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၅ ဖေဖော်ဝါရီ၊ ၂၀၂၄ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Jalpaitoli ကျေးရွာမှာ မော်တာကျည် ထိမှန်ပြီး သေဆုံးသွားသူ ရိုဟင်ဂျာအမျိုးသားရဲ့ ရုပ်အလောင်းကို အဝတ်စနဲ့ ဖုံးအုပ်ထားစဉ် (ဖေဖော်ဝါရီ ၅၊ ၂၀၂၄)

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကြား မော်တာကျည်ဆံ ကျရောက်ပေါက်ကွဲမှုကြောင့် ဒီကနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ အနည်းဆုံး လူ ၂ ဦး သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ Jalpaitoli ကျေးရွာမှာ ဒေသစံတော်ချိန် ၂ နာရီကျော်လောက်က မော်တာကျည် ထိမှန်ပြီးအသက် ၄၈ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ အမျိုးသမီးနဲ့ ရိုဟင်ဂျာ အမျိုးသားတယောက် သေဆုံးခဲ့ကြောင်း ဒေသခံရဲမှူး Abdul Mannan ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

Friday, January 19, 2024

စစ်ကောင်စီရဲ့ နိုင်ငံရေးကျဆုံးခန်း

မဇ္စျိမ
January 19, 2024

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ အာဏာသိမ်းကာလ သုံးနှစ်ထဲ ချဉ်းနင်း ဝင် ရောက်ခဲ့ပါပြီ ။ အာဏာသိမ်းကာလတလျှောက်ကို ပြန်ကြည့်လိုက်ရင် နေရာဒေသအနှံ့အပြားမှာ ၊ ကဏ္ဍအ သီးသီး မှာ အနိဋ္ဌာရုံတွေ၊ ဆုတ်ယုတ်မှုတွေနဲ့သာ ပြည့်နှက်နေတာကိုတွေ့ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စစ် ကောင်စီ ဟာ ဒီသုံးနှစ်ထဲမှာ ပြည်သူလူထုရဲ့ ဆန့်ကျင်မှု ၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်ခံရမှု နဲ့ စစ်ရေး အရရှုံး နိမ့်မှု တွေဟာ နိုင်ငံရေးကျဆုံးခန်းကို ဦးတည်နေပါတယ်။

Wednesday, December 27, 2023

စစ်ကောင်စီနှင့်ညီနောင်မဟာမိတ်၃ဖွဲ့ဆွေးနွေးပွဲဘာကြောင့် သဘောတူညီချက် မရသလဲ

ဧရာဝတီ
by စောရယ်
27 December 2023

မူဆယ်မြိုနယ် ၁၀၅ မိုင် စီးပွားရေးဇုန်တွင့် တွေ့ရသည့် ညီနောင်မဟာမိတ် သုံးဖွဲ့

ရှမ်းမြောက်တိုက်ပွဲများအတွင်း မြို့များ အရေးပါသောစခန်းများ ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီသည်တရုတ်အကူအ ညီ ဖြင့် ညီနောင်မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် ၃ဖွဲ့နှင့် ယူနန်ပြည်နယ်၌ ဒုတိယအကြိမ် တွေ့ဆုံဆွေး နွေးကြသော်လည်း သဘောတူညီမှု တစုံတရာမရဘဲ အိမ်ပြန်ခဲ့ရကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် နီးစပ် သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

Wednesday, December 13, 2023

ရခိုင်မြောက်ပိုင်း မြို့နယ် ၆ ခု စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှု တိုးလာ

VOA
၀င်းခန့်မောင်
၁၃ ဒီဇင်ဘာ၊ ၂၀၂၃ 

ပလက်ဝမြို့အနီးက ထရွန်အိုင် ဗျူဟာကုန်းကို သိမ်းပိုက်ကြောင်း AA ထုတ်ပြန် (ဒီဇင်ဘာ ၆၊ ၂၀၂၃)

AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရခိုင် မြောက် ပိုင်းက မြို့နယ် ၆ ခု လောက်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ် ခတ်တာတွေ ပို များလာနေ တယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။ အခုလို ပစ်ခတ်မှုတွေ ကြောင့် မြောက်ဦး၊ မင်း ပြား၊ မြေပုံ၊ အမ်းစတဲ့ မြို့နယ်တွေက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေး နေရတာပါ။ ဒါအပြင် စစ် ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်တွင်း အရပ်သားတွေကို ပစ်မှတ်ထား ဖမ်း ဆီးနေပြီး မနေ့က တရက် တည်း မှာတင် ဒေသခံ ၄၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ AA ရက္ခိုင့်တပ်တော်ကထုတ် ပြန် ထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေ ခံ ပြီး ကိုဝင်းခန့်မောင်က တင်ပြ ပေးပါမယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်က စစ်ကောင်စီတပ်စခန်း ကြီးအချို့ကို AA သိမ်းပိုက်

RFA
RFA Burmese
2023.12.13 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်းက စစ်ကောင်စီ၏တရွန်အိုင်ဗျူဟာကုန်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA) မှ သိမ်းပိုက်ခဲ့စဉ်။ AA Info Desk 
 
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကာလဟာ ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မှာ တစ်လပြည့်ခဲ့ပါပြီ။

ဒီတစ်လတာအတွင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ် စပ်တွေမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး နယ်စပ်အနီးက စစ်ကောင်စီအတွက် အရေးပါတဲ့ တရွန်အိုင်၊ နှုံးဘူး၊ ဒုံးညို စတဲ့ တပ်စခန်းကြီးတွေကို သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန် ထားပါတယ်။

Tuesday, December 12, 2023

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘော တူညီချက် ဘာမှမရ

ဧရာဝတီ
12 December 2023

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးမှု

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေသည့် ညီနောင်မဟာမိတ်သုံး ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူ ညီချက်မှ မရရှိခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် နီးစပ်သူတဦးကပြောသည်။

မြောက်ပိုင်းသုံးဖွဲ့ ဆွေးနွေးမှု တခြားစစ်ဆင်ရေးတွေအပေါ် သက်ရောက်မှု ရှိလာမလား

RFA
RFA Burmese
2023.12.12

ရှမ်းပြည်နယ် တုန်းရှမ်းဒေသ၊ တာကျူချင့်ရွာအနောက်တောင်ကုန်းအား မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က သိမ်းပိုက်ခဲ့စဉ်။ The KoKang

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး၊ စစ်အာဏာရှင်ပြုတ်ကျရေး ရည်ရွယ်ချက်တွေနဲ့ အောက်တို ဘာ ၂၇ ရက်နေ့မှာ စစ်ဆင်ရေးစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တရုတ်အစိုးရရဲ့ အကူအညီ ကိုယူပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကတစ်ဆင့် ထုတ်ပြောလိုက်ပါတယ်။

စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ တရုတ်စေ့စပ်မှုနဲ့တွေ့ဆုံ ဆွေးနွေး

VOA
အင်ကြင်းနိုင်

၁၂ ဒီဇင်ဘာ၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့၊ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေကြစဉ် (ဇွန် ၁၊ ၂၀၂၃)

စစ်ကောင်စီအနေနဲ့ တရုတ်အကူအညီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ် ဆို တာ ဟာ သူရင်ဆိုင်နေရတဲ့ စစ်ရေး၊နိုင်ငံရေးအကြပ်အတည်းကို ထွက်ပေါက်ရှာရေး အတွက်ဖြစ် တယ်လို့ မြင်ကြောင်း မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ဗွီအိုအေကို ပြောပါတယ်။

Monday, December 11, 2023

လက်ကျန် ကိုးကန့်သစ္စာခံများကို ဖမ်းပေးရန် တရုတ်က စစ်ကောင်စီကို ရာဇသံပေး

Myanmar Now
December 12, 2023

နေပြည်တော်မှ စစ်ဗိုလ်ချုပ်များထံ ဆယ်စုနှစ်နှင့်ချီကြာ သစ္စာခံခဲ့ကြသည့် ကိုးကန့်လက်နက်ကိုင်ခေါင်း ဆောင် များကို ဖမ်းဆီးပေးရန် တရုတ်အစိုးရ၏တောင်းဆိုမှုက စစ်ကောင်စီအတွက် အကျပ်ရိုက်စရာဖြစ်လာခဲ့သည်။

တရုတ်အစိုးရသည် ကျားဖြန့်လောင်းကစားသံသယဖြင့် ကိုးကန့်အုပ်ချုပ်ရေးခေါင်း ဆောင်ဟောင်းများ ဖြစ်ကြ သည့် ဦးပယ်ဆောက်ချိန်၊ ဦးဝေဆန်းနှင့် ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက် တို့အပါအဝင် လောက်ကိုင်မှ လူ ၁၀ ဦးကို ယမန်နေ့က ဖမ်းဝရမ်းထုတ်ခဲ့သည်။

"မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်ကောင်းထွက်" - တရုတ်နိုင်ငံခြားရေးဌာန

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၁ ဒီဇင်ဘာ၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | ဘေကျင်းမြို့သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning (ဇူလိုင် ၂၆၊ ၂၀၂၃)

မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးအတွက် ဆွေး နွေး မှုတွေမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရှိခဲ့ကြောင်း တရုတ်အစိုးရက ဒီနေ့ပဲ ပြောလိုက်ပါ တယ်။

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တွေ တွေ့ဆုံဆွေးနွေး

RFA
RFA Burmese
2023.12.11 

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ညီနောင်မဟာမိတ်သုံးဖွဲ့

လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Mao Ning က ဒီဇင်ဘာ ၁၁ ရက် ဒီကနေ့ သတင်းမီဒီယာတွေကို ပြောဆိုလိုက်ပါတယ်။

Tuesday, December 5, 2023

မြန်မာ့အရေး ခြေရှုပ်သူစာရင်းတွင် ‘တရုတ်အစိုးရ’ အစား ‘အနောက်နိုင်ငံများ’ ဟု အစားထိုးကာ စစ်ကောင်စီက ဆန္ဒ ပြခိုင်း

Myanmar Now

December 5, 2023

စစ်ကောင်စီက နေပြည်တော်နှင့် နိုင်ငံအနှံ့တွင် ကျင်းပခွင့်ပေးထားသည့် စစ်တပ်ထောက်ခံရေး ဆန္ ဒပြပွဲများတွင် တရုတ်အစိုးရအပေါ် ပြစ်တင်ဝေဖန်ခြင်းမပြုရန်ကန့်သတ်လိုက်ပြီးမြန်မာ့အရေးခြေရှုပ် သူစာရင်းတွင် ‘တရုတ်အစိုးရ’ အစား ‘အနောက်နိုင်ငံများ’ ဟု အစားထိုးကာ ဆန္ဒပြစေခဲ့သည်။

Thursday, November 30, 2023

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် 2023 Busan Global Partnership Forum သို့ စစ်ကောင်စီကို ဖိတ်ကြား မှု ရုပ်သိမ်းရန် အဖွဲ့ပေါင်း ၆၆၀ ကျော်တောင်းဆို

ရန်ကုန်ခေတ်သစ်မီဒီယာ
Yangon Khit Thit News Agency

November 30, 2023

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် 2023 Busan Global Partnership Forum သို့ စစ်ကောင်စီကို ဖိတ်ကြားမှု ရုပ်သိမ်းရန် အဖွဲ့ပေါင်း ၆၆၀ ကျော်တောင်းဆို
 
တောင်ကိုရီးယားနိုင်ငံ၊ တွင် ကျင်းပမည့် 2023 Busan Global Partnership Forum သို့စစ်ကောင် စီ ကို ဖိတ်ကြားမှု ရုပ်သိမ်းရန် အဖွဲ့ပေါင်း ၆၆၀ ကျော်တောင်းဆိုလိုက်ကြောင်း အဆိုပါအဖွဲ့များထံမှသိ ရှိရသည်။

Wednesday, November 29, 2023

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီ ထောင်ဆယ်နှစ်ချ

RFA
RFA Burmese
2023.11.29 

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်။ Ye Htut (Facebook) 

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး တာဝန်ယူခဲ့သူ ဦးရဲထွဋ်ကို အင်းစိန် အကျဉ်းထောင် အထူးတရားရုံးကနေ နိုဝင်ဘာလ ၂၉ ရက် ဒီကနေ့မှာ ထောင်ဆယ်နှစ် ချလိုက်တယ် လို့ အင်းစိန် အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

Monday, November 27, 2023

မောင်တောတွင်တိုက်ပွဲမဖြစ်စေရန်စစ်ကောင်စီနှင့်မြို့မိမြို့ဖ များ တွေ့ဆုံဆွေးနွေး

DVB
November 27, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ တိုက်ပွဲမဖြစ်စေဖို့ စစ်ကောင်စီနဲ့ မြို့လူကြီးတွေ နိုဝင်ဘာ ၂၅ ရက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ မောင်တောဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်မမှူး ဦးဆောင်တဲ့အဖွဲ့နဲ့ မောင်တောမြို့ခံ မြို့မိမြို့ဖတွေ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး ကြောင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်

DMG
၂၀၂၃ နိုဝင်ဘာ ၂၆

ကိုင်းကြီးကျေးရွာအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ - နခခ (၄) လက်အောက်ခံတပ်ဖွဲ့ကို AA က နိုဝင်ဘာလ ၂၅ ရက်၊ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့သည်။ 

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာအနီးတွင် ဖြစ်ပွားသည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */