" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 12, 2023

မြောက်ပိုင်းသုံးဖွဲ့ ဆွေးနွေးမှု တခြားစစ်ဆင်ရေးတွေအပေါ် သက်ရောက်မှု ရှိလာမလား

RFA
RFA Burmese
2023.12.12

ရှမ်းပြည်နယ် တုန်းရှမ်းဒေသ၊ တာကျူချင့်ရွာအနောက်တောင်ကုန်းအား မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က သိမ်းပိုက်ခဲ့စဉ်။ The KoKang

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး၊ စစ်အာဏာရှင်ပြုတ်ကျရေး ရည်ရွယ်ချက်တွေနဲ့ အောက်တို ဘာ ၂၇ ရက်နေ့မှာ စစ်ဆင်ရေးစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တရုတ်အစိုးရရဲ့ အကူအညီ ကိုယူပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကတစ်ဆင့် ထုတ်ပြောလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တာဝန်ရှိသူတွေနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် (AA) တာဝန် ရှိ သူတွေဟာ တရုတ်နိုင်ငံရဲ့အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆို ပါ တယ်။ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်နေရာမှာ ဆွေးနွေးခဲ့သလဲဆိုတာကိုတော့ အတိအကျ ထုတ်မ ပြောပါဘူး။

"တရုတ်ဝင်ပြီးတော့ စေ့စပ်ပေးလည်း အပြန်အလှန် သဘောတူမှဖြစ်တာလေ"

ပြည်တွင်းမီဒီယာတချို့ကတော့ ဆွေးနွေးပွဲကို ယူနန်ပြည်နယ်မှာလုပ်ခဲ့ပြီး မြောက်ပိုင်းသုံးဖွဲ့တာဝန် ရှိ သူတွေနဲ့ စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး တက်ရောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီ ဆွေးနွေးပွဲ တိုးတက်မှုပေါ်မူတည်ပြီး အခုလကုန်ပိုင်းမှာ ထပ်ဆွေးနွေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်း ထွန်း က ပြောပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဘက်ကတော့ ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မထုတ်ပြန်သေး သလို တာဝန်ရှိသူတွေကို RFA က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မပတ်သက်ဖို့၊ သိမ်းယူထားတဲ့ နယ်မြေတွေနဲ့ တပ်စခန်း တွေ ကနေ ပြန်ဆုတ်ပေးဖို့ အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က ညီနောင်သုံးဖွဲ့ကို တင်းတင်း မာ မာ ပြော ဆို ခဲ့ကြောင်း ကြားရတယ်လို့ တရုတ်နိုင်ငံ အခြေစိုက် နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ် သူ ဒေါက် တာလှကျော်ဇောက ပြောပါတယ်။

"မြောက်ပိုင်းအဖွဲ့တွေဘက်ကလည်း သူတို့ခမျာ အနေကျပ်၊ အသေကျပ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က ဖိအားပေးလာတာကို မလိုက်လျောလို့လည်း မရဘူး။ နဂိုကတည်းကလည်း သူတို့က ဒီ လို အစည်းအဝေးတွေမှာ တရုတ် ပါဝင်ရမယ်၊ ဘာမယ် ပြောထားတာကိုး။ သူတို့ဘက်ကလည်း ရ သင့် ရ ထိုက်တာတွေ ပြောမယ်ထင်တယ်။ စစ်တပ်ဘက်ကတော့ တောင်းဆိုတာ ကျွန်မကြား တာ က NUG နဲ့ မပတ်သက်ရ၊ အခု တိုက်ပြီးရထားတဲ့ နေရာတွေကနေ ပြန်ဆုတ်ပေးရမယ်လို့တော် တော် မာမာတင်းတင်း တွေ တောင်းဆိုတယ်လို့ ပြောတယ်။ မြောက်ပိုင်းအဖွဲ့တွေကတော့ သဘော တူနိုင် မယ် မထင်ဘူး။ တရုတ်ဝင်ပြီးတော့ စေ့စပ်ပေးလည်း အပြန်အလှန် သဘောတူမှ ဖြစ်တာ လေ"


ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နောက်ပိုင်း ရှမ်း ပြည်နယ် မြောက်ပိုင်းက နမ်းခမ်း၊ သိန္နီ၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်း၊ ကုန်းကြမ်း၊ ဖောင်း ဆိုင်နဲ့ နမ့်စလပ် ဒေသအပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၂၀၀ နီးပါးကို သိမ်းယူခဲ့ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်လေးခုကိုလည်း ညီနောင်သုံးဖွဲ့က ထိန်းချုပ်လိုက် တဲ့အ တွက် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်ပြီး နှစ်နိုင်ငံစလုံး အကြီးအကျယ် ထိခိုက်နစ် နာ နေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

တရုတ်က သူ့အကျိုးစီးပွား ထိခိုက်လာတဲ့အတွက် ကြားဝင်စေ့စပ်လာတာလို့ နိုင်ငံရေး၊ စစ်ရေးအ ကဲ ခတ် ဒေါက်တာ စိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။

"ဒီမှာပါဝင်ပတ်သက်တဲ့သူတွေက နဂိုကတည်းက တရုတ်အကျိုးစီးပွားအတွက် စဉ်းစားထားပြီး သား။ အဲဒီဟာရဲ့နောက်ကွယ်မှာ သက်ဆိုင်တဲ့ အစုအဖွဲ့အကျိုးစီးပွားနဲ့ နယ်မြေသိမ်းဖို့ကြိုးစားတာ အဲဒါတွေပါလာတာ။ တရုတ်က သူ့ရဲ့အကျိုးစီးပွားအပြင် နယ်နိမိတ်ပိုင်းမှာ ပတ်သက်မှုတွေ ရှိလာ တာကို။ ဟိုတစ်လောက ခြံစည်းရိုးဘက်မှာ မျက်ရည်ယိုဗုံးနဲ့ခွဲပြီး ပြေးလာတဲ့သူတွေကို ပြန် မောင်း ထုတ်တဲ့ ကိစ္စတွေ။ အဲဒါတွေက သူတို့စိုးရိမ်တဲ့ ကိစ္စတွေ၊ အဲလိုစိုးရိမ်စရာတွေ ရှိလာတဲ့အတွက် ဒါတွေ ဒီထက်ပိုပြီး မကြီးသွားအောင် ပိုပြီးမဆိုးရွားသွားအောင် ညှိနှိုင်းလိုတဲ့ သဘောရှိတယ်လို့ ကျွန်တော် ထင်တယ်"

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ၁၀၂၇ စစ်ဆင်ရေးစတဲ့ အောက်တိုဘာ လကုန်ကနေ ဒီနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့အတွင်း စစ်ကောင်စီနဲ့ တရုတ်အစိုးရအကြား နယ်စပ်တည်ငြိမ်ရေးအ တွက် တွေ့ဆုံဆွေးနွေးမှုပေါင်း ခုနစ်ကြိမ်ထက်မနည်း လုပ်ခဲ့ပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာလုပ်တဲ့ (၈)ကြိမ် မြောက် မဲခေါင် လန်ချန်း အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်ကနေ ၁၀ ရက်နေ့အထိ သွားတက် ခဲ့ပါ တယ်။

အဲဒီခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ယူနန်ပြည် နယ် ကော် မတီ ဒုတိယအတွင်းရေးမှူး ရှီယွီကန်း တို့နဲ့ တွေ့ဆုံပြီး ရှမ်းမြောက်တိုက်ပွဲတွေ အပါအဝင် နယ် စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း နှစ်ဖက်စလုံးက ထုတ်ပြန် ထား ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ဘက် က လူသိရှင်ကြား ထုတ်ပြောလာတာပါ။

စစ်ကောင်စီနဲ့ နီးစပ်တဲ့ မြန်မာငြိမ်းချမ်းရေးဗဟိုဋ္ဌာန (MPC) အဖွဲ့ဝင်ဟောင်း တစ်ဦးကတော့ ဒီဆွေး နွေးပွဲဖြစ်လာဖို့ တရုတ်ဘက်က နိုဝင်ဘာလကုန်ကတည်းက ကြိုးပမ်းခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ဆွေး နွေးပွဲကနေ နှစ်ဖက်တပ်တွေအကြား ယာယီအပစ်အခတ်ရပ်စဲထားဖို့ သဘောတူညီချက် ရရှိခဲ့ တယ်လို့ သူက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး RFA က လတ်တလော သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုး က တော့ စစ်ကောင်စီအနေနဲ့ ရှမ်းမြောက်က နယ်မြေတချို့ကို ဆွေးနွေးပွဲမှာ တရားဝင်စွန့်လွှတ်ရဖို့ ရှိ တယ်လို့ သုံးသပ်ပါတယ်။

"ဥပမာ လောက်ကိုင်လိုဟာမျိုးကို ပေးလိုက်တာ ဖြစ်လာနိုင်တယ်။ ကြူကုတ်လည်း ဖြစ်နိုင်တယ်။ မုံးကိုး၊ ဖောင်းဆိုင်ဆိုရင် ပိုပြီးဖြစ်ဖို့များတယ်။ ကြူကုတ်ထက် ပိုဝေးတာကိုး။ တချို့နေရာ တွေ ကျ တော့လည်း သူတို့ (မြောက်ပိုင်းသုံးဖွဲ့) ဘက်က နောက်ဆုတ်ရမှာပေါ့။ သူတို့ကလည်း စစ်ပွဲရှိနေ သမျှကာလပတ်လုံးက သူတို့ ဘယ်မြေတွေကိုပဲ သိမ်းထားထား၊ စီးပွားရေးမရှိရင် ဘယ်ရပ်တည် လို့ရမလဲ။ ဒါကို သူတို့ နားလည်ထားပုံ ပေါ်ပါတယ်။ အဲတော့ အစိုးရနဲ့ သူတို့ အပြေအလည်ရှိ မှ သာလျှင် သူတို့ ရပ်လို့ရမှာကိုး"

ဒါပေမဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ သဘောတူညီချက်ရပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ရပ်စဲလိုက်ရင် တိုင်းပြည်ရဲ့ ကျန်ဒေသတွေက လက်နက်ကိုင်ခုခံမှုတွေကို ဖိဖိစီးစီး နှိမ်နင်းသွား နိုင် လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်အောက်ခံ ကရင်နီတပ်မတော် (KA) နဲ့ ပူးပေါင်း တပ်တွေဟာ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီ ကယား ပြည်နယ်နဲ့ ရှမ်းပြည် နယ် တောင်ပိုင်းမှာ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးကို စတင်ပြီး မြို့တော် လွိုင်ကော်ကို သိမ်း နိုင်ဖို့ ကြိုး စားနေပါတယ်။

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ယတိပြတ် ဆုံးဖြတ်ထားတာမို့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ တွေ့ဆုံ ဆွေး နွေးမှုက သူတို့အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့် က ပြောပါတယ်။

“ကျွန်တော်တို့ တွေ့ကြုံရမှာက တစ်ဖက်မှာ အပစ်အခတ်ရပ်စဲရေးလုပ်ပြီဆိုရင် တစ်ခြားတစ် ဖက် ကို စစ်ရေးအရ ဖိအားပေးတယ်ဆိုတာ ဒါက လုပ်နည်းလုပ်ဟန် အဟောင်းတွေပဲ။ စိုးရိမ်ချက်ရှိလား လို့မေးရင် ကျွန်တော်တို့ အနေနဲ့က စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အစွမ်းကုန် လုပ်ဆောင် ပြီး ပြီဖြစ်တဲ့အတွက် ဒီထက်တော့ အခြေအနေက ပိုပြီးဆိုးစရာအကြောင်း မရှိတော့ဘူး။ ဒီအပေါ် မှာ ကျွန်တာ်တို့ ဘာမှအားငယ်စရာမရှိဘူး။ အဓိကကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေးအတွက် အနှောင့်အယှက်ဖြစ်နေတဲ့ ဒီစစ်အာဏာရှင်ပြုတ်ကျရေးက အဓိက ပါပဲ” 
ကိုးကန့်တပ်မတော် (MNDAA) မှ စစ်ကောင်စီ၏ တုံရှမ်ထုံ တာကန်ထန်စခန်းအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က သိမ်းယူခဲ့စဉ်။ (Photo: The Kokang)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော် ကတော့ ညီနောင်မဟာ မိတ်သုံးဖွဲ့ရဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး သီးခြားမှတ်ချက် မပေးလိုဘူးလို့ RFA ကို ပြောပါ တယ်။

မြောက်ပိုင်းသုံးဖွဲ့ရဲ့ ဒီဆွေးနွေးမှုဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဒုတိယအကြိမ် ဖြစ် ပါ တယ်။ အခုနှစ် ဇွန်လ ၁ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းလားမြို့မှာ စစ်ကောင်စီ နဲ့ ညီ နောင်မဟာမိတ် သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဘာသဘောတူညီချက်မှ မရဘဲ ပျက်သွားခဲ့ ပါတယ်။

စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ ထပ်မံဆွေးနွေးခဲ့တယ်လို့ သတင်းထွက်လာတဲ့ ဒီဇင်ဘာ ၁၁ ရက် ည ပိုင်းအထိတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ်သုံး ဖွဲ့အ ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါပဲ။ ဒါကြောင့် လက်ရှိဆွေးနွေးမှု ကနေ ဘယ်လိုရလဒ် ထွက်လာမ လဲဆိုတာကို အများစုက စိတ်ဝင်တစား စောင့်ကြည့်နေကြ ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */