" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်ကောင်စီ. Show all posts
Showing posts with label စစ်ကောင်စီ. Show all posts

Sunday, May 5, 2024

စစ်ကောင်စီ ဘူးသီးတောင်တပ်မဌာနချုပ်နဲ့ တပ်ရင်းလေးခုကို သိမ်းယူနိုင်ကြောင်း AA ထုတ်ပြန်

RFA
RFA Burmese
2024.05.04 

ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်။ AA Info Desk

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅ နဲ့ တပ်ရင်း လေးခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

Friday, May 3, 2024

ကျီးကန်းပြင်ဌာနချုပ်ကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ်သားများ ထွက်ပြေး

DVB
May 3, 2024

တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က စစ်ကောင်စီရဲ့ အမှတ် ၁ နယ်ခြားစောင့်စခန်း ကျီးကန်းပြင်ဌာနချုပ်မှ စစ်ကောင်စီတပ်သားတွေ စခန်းကို စွန့်ခွာထွက်ပြေးသွားပြီး ရက္ခိုင့်တပ်တော် (AA) က မေ ၂ ရက်မှာ သိမ်းပိုက်လိုက်ပြီလို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်က အတည်ပြုပါတယ်။

မောင်တောမြို့နားသို့ တိုက်ပွဲဖြစ်ပွားမှု နီးကပ်လာ

နိရဉ္စရာ
ရက်စွဲ: ၀၃ မေ ၂၀၂၄
နောင်မင်းသူ၊ နိရဉ္စရာ၊ မေလ ၃ /၂၀၂၄

(စစ်ကောင်စီက ရေကြောင်းမှအင်အားအကြီးအကျယ်ဖြည့်တင်းနေပြီး စစ်တွေသို့ စစ်ဇက်ရေယာဉ်ဖြင့် စစ်တပ်မိသားစုများနှင့်၀န်ထမ်းများကို ထပ်မံပြောင်းရွှေ့)

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့အနီးသို့ တိုက်ပွဲများနီးကပ်လာသဖြင့် စစ်ကောင်စီက ရေကြောင်းကနေ အင်အားအကြီးအကျယ်ဖြည့်တင်းနေပြီး တစ်ခြားတစ်ဖက်တွင်လည်း ရေတပ် ဇက်ရေယာဉ်များဖြင့် စစ်တပ်မိသားစုများနှင့် ၀န်ထမ်းများကို ထပ်မံပြောင်းရွှေ့ နေသည်ဟု သတင်းရရှိသည်။

Thursday, May 2, 2024

ကျောက်တော် အပေါက်ဝတွင် စစ်ကောင်စီ ဗုံးကြဲ၍ လင်နှင့် သား သေဆုံးသည့် မွတ်ဆလင်အမျိုးသမီးနှင့် မွတ်ဆလင်လူငယ်တစ်ဦးကို ရခိုင်လူမျိုးများကူညီ

နိရဉ္စရာ
လူထက်နိုင်(ဒွာရာမြီ)
နိရဉ္စရာ၊ မေ ၂ / ၂၀၂၄

ကျောက်တော် အပေါက်ဝတွင် စစ်ကောင်စီ ဗုံးကြဲ၍ လင်နှင့် သား သေဆုံးသည့် မွတ်ဆလင်အမျိုးသမီးနှင့် မွတ်ဆလင်လူငယ်တစ်ဦးကို ရခိုင်လူမျိုးများမှအကူညီ ပေးခဲ့ကြောင်း သတင်း ရရှိသည်။

စစ်ကောင်စီ၏ ပယောဂကြောင့် ရိုဟင်ဂျာနှင့် ရခိုင်တို့၏ တဒင်္ဂချစ်ကြည်ရေး ပြိုလဲပြီလော

Myanmar Now
ရောင်နီ
May 1, 2024

စစ်ကောင်စီသည် ခေတ်အဆက်ဆက်က ၎င်းတို့ဖိနှိပ်ခဲ့သော ရိုဟင်ဂျာမွတ်စလင်များကို လက်နက်တပ်ဆင်ပေး၍ တစ်ဖုံ၊ ဆန္ဒပြခိုင်း၍ တစ်နည်း အသုံးချကာ ဒေသခံများ၏ အားပေးထောက်ခံမှုရနေသော AA ကို တိုက်ခိုက်ရန်၊ ဒေသတွင်းပဋိပက္ခဖန်တီးရန် အပြင်းအထန် ကြိုးပမ်းနေသည်။

ရိုဟင်ဂျာနှင့် ရခိုင်တို့ကြား ပဋိပက္ခဖြစ်ပွားပြီးနောက် ဆယ်စုနှစ်တစ်ခုကြာ ဆက်ဆံရေး ပြတ်တောက်နေမှုသည် အာရက္ခတပ်တော် (AA) အင်အား အတော်အတန်ကြီးထွားလာသည့် ၂၀၂၁ နောက်ပိုင်းတွင် အဆုံးသတ်နိုင်ခဲ့သည်။

Thursday, April 25, 2024

“လူမျိုးသုဉ်းသတ်ဖြတ်မှု ဆက်လက်ကျူးလွန်ဖို့ စစ်ကောင်စီက လုပ်ဆောင်နေတာ”

Myanmar Now
စထွန်းအောင်
April 25, 2024

ရခိုင်နဲ့ ရိုဟင်ဂျာ မျိုးနွယ်စုနှစ်ခုကြားက နလန်ထူကာစ ပေါင်းစည်းမှုတွေ ပျက်ပြယ်ပြီး၊ လူမျိုးရေးအခြေခံတဲ့ ပဋိပက္ခတွေဆီကို တွန်းပို့နေတဲ့ အခြေအနေတချို့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေပါတယ်။ စစ်ရေးအရ အရေးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းလိုက်ပြီးတဲ့နောက်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးပြီး၊ ရှေ့တန်းစစ်မြေပြင်မှာ အသုံးချနေတဲ့ အထောက်အထားတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ထဲက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုမှာ စစ်ကောင်စီစစ်သားတွေနဲ့ ရက်တိုစစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေ ပါဝင်တယ်လို့ စွပ်စွဲချက်တွေ ရှိလာပါတယ်။ 

Tuesday, April 23, 2024

ဘူးသီးတောင်ကို လက်မလွှတ်ရရန် စစ်ကောင်စီက ရိုဟင်ဂျာများကို အသုံးချ

Myanmar Now
April 23, 2024


အင်အားကြီးထွားလာသည့် ရခိုင်တပ် AA ကို တန်ပြန်ရန်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့တွင် စစ်တပ်က ရိုဟင်ဂျာအပါအဝင် မွတ်စလင်များကို စစ်သင်တန်းနှင့် လက်နက်များ ပေးကာ ၎င်းတို့နှင့်အတူ မြို့ကို ထိန်းချုပ်ခိုင်းထားသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာတပ်သားသစ်များသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အတွင်းမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက စွပ်စွဲလိုက်ပြီး ယင်းဒေသမှ ရခိုင်မျိုးနွယ်စုများနှင့် ဟိန္ဒူဘာသာဝင်များ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။

Sunday, April 21, 2024

ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ၏နယ်ခြားစောင့်စခန်းများမှ တပ်ဖွဲ့၀င် များထွက်ပြေး

Yangon & Mandaly Update News
ဇန်နဝါရီလ ၂၄ ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း များမှ စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရသည်။

ညောင်ချောင်းနယ်ခြားစောင့်စခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ ဝင်အင်အား ၁၀၀ ခန့်သည် ရက္ခိုင့်တပ်တော် (AA) က ၀င်ရောက်တိုက်ခိုက်လာမည်ကိုစိုး၍ ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့က စခန်းကိုစွန့်ခွာထွက်ပြေးသွားကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ဖရုံချောင်း၊ ငှက်ပျောချောင်း၊ ဘုရားပေါ်တောင်နှင့် သပိတ်တောင် နယ်ခြားစောင့်စခန်းများမှ တပ်သားများသည်လည်း ယင်းနေ့ တစ်ရက်တည်းတွင်ပင် စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း သိရသည်။ ။

မောင်တောတွင် စစ်ကောင်စီခန့် မူဆလင်အုပ်ချုပ်ရေးမှူး ၁ဦးနှင့် အစ်ကိုဖြစ်သူတို့ကို အကြမ်းစစ်ကောင်စီအဖွဲ့ ဖမ်းဆီး

Arakan Bay News
April 21, 2024


ရက္ခိုင်ပြည်၊ မောင်တောမြို့တွင် စစ်ကောင်စီခန့် မူဆလင်အုပ်ချုပ်ရေးမှူး ၁ဦးနှင့် အစ်ကို ဖြစ်သူတို့ကို ယမန်နေ့ ဧပြီလ ၂၀ရက်နေ့ ညနေ ၃ခန့်အချိန်တွင် မြို့သူကြီး နခခ ၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ခန့် လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ဖမ်းဆီးခံရသူမှာ မောင်တောမြို့၊ မြို့ဦးရပ်ကွက်မှ အုပ်ချုပ်ရေးမှူး အာယု ၃၄နှင့် မာမောက်တာယာ ၃၆နှစ်တို့ ဖြစ်သည်။

ဖမ်းဆီးခံရသူ မောင်တောမြို့၊ မြို့ဦးရပ်ကွက်မှ အုပ်ချုပ်ရေးမှူး အာယု
 

ယမန်နေ့ ညနေ ၃ခန့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ဦးရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ညီအစ်ကို ၂ဦးကို ဖမ်းဆီးသွားကြောင်း နီးစပ်သူ ၁ဦးက AB News သို့ ပြောကြသည်။

ရိုဟင်ဂျာများအား အဓမ္မစစ်သားစုဆောင်းခြင်း၊ AA အားဆန့်ကျင်ကြောင်းဆန္ဒပြပွဲအတုများ စသည့်စစ်ကောင်စီ၏လုပ်ရပ်များအား သတိထားရန် NUG ထုတ်ပြန်

လူထုနွေဦး
မောင်မောင်/ People’s Spring
2024.04.21  

(စစ်​ကောင်စီဖိအား​ပေးမှု​ကြောင့် ပြုလုပ်​ခဲ့သော စစ်​တွေမြို့မှ ဆန္ဒပြပွဲ။ဓာတ်ပုံ - စစ်​ကောင်စီ)

ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေအနေနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုး(NUG) က ယနေ့ (ဧပြီ ၂၁ရက်)တွင် ကြေညာချက်ထုတ်ပြန်ရာ နိုင်ငံရေးလှည့်ကွက်များအပါအဝင် စစ်ကောင် စီ၏ လုပ်ရပ်များအား သတိထားကြရန် တိုက်တွန်းထားသည်။

လူမျိုးရေးပဋိပက္ခ ဖန်တီးနေတာကို သတိထားဖို့ NUG ပြော

FRA
RFA Burmese
2024.04.2

စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းတွင် တွေ့ရစဉ်။AFP

စစ်ကောင်စီက ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းကာ လက်နက် ကိုင်ခိုင်းပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။‌

Friday, April 19, 2024

မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့်ပူးပေါင်းရန် ဆွေးနွေးချက် ရိုနေဆန်းလွင် ငြင်း

Western News
April 19, 2024

ပုံစာ - မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားကြသည့် ဦးထွန်းခင်နှင့် ရိုနေဆန်းလွင်။ (ဓါတ်ပုံ - ရိုနေဆန်းလွင်) 

နိုင်ငံတဝန်း အကြမ်းဖက်မှုပေါင်းမျိုးစုံကို ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီက မွတ်ဆ လင်ခေါင်းဆောင် ရိုနေဆန်းလွင်နှင့် ဦးထွန်းခင်တို့သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့် ပူးပေါင်းရန် ဆွေးနွေးခဲ့သည်ဟု စွပ်စွဲပြောဆိုထားသည်။

လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီ သွေးထိုးလှုံ့ဆော်နေကြောင်း မွတ်ဆလင်များပြော

DMG
19 Apr 2024
 

ဘူးသီးတောင်မြို့နယ်တွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် AA က ဖန်တီးနေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ဧပြီ ၁၈ ရက်တွင် စစ်ကောင်စီပိုင် မီဒီယာကတဆင့် စွပ်စွဲပြောဆိုထားသည်။ 

မိုခါမုန်တိုင်းဒဏ်သင့် မွတ်ဆလင်လူမျိုးများအား အာရက္ခတပ်တော်(AA)က ဆေးကုသမှုပေးနေစဉ်။ 
 

နိုင်ငံတဝန်းတွင် စစ်ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ရခိုင်ပြည်တွင် ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်းနှစ်ခုကြား လူမျိုးရေးပဋိပက္ခများဖြစ်အောင် ဖန်တီးနေသည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောဆိုသည်။

ဘူးသီးတောင်မှာ လက်နက်ကြီးကြောင့် အရပ်သားလေးဦး သေဆုံး

RFA
RFA Burmese
2024.04.19 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကို တွေ့ရစဥ်။Photo: RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်ကို ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦး သေဆုံးပြီး ၁၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ရှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဧပြီလ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။

အိန္ဒိယ Express ဖော်ပြတဲ့ ဘူးသီးတောင်သတင်း စစ်ကောင်စီငြင်းဆန်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၉ ဧပြီ၊ ၂၀၂၄ 

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းက ပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်သူများ။ (ယခင်မှတ်တမ်းဓာတ်ပုံ/EPA/MIN THEIM KHINE)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူသီးတောင်မြို့နယ်မှာ ဟိန္ဒူဘာသာဝင် ၁,၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ဦးတို့ကို အစ္စာလာမ်မစ်အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း အိန္ဒိယမီဒီယာတခုက ဖော်ပြခဲ့တာက မမှန်ကန်တဲ့လုပ်ကြံဖန်တီးရေးသားချက်လို့ အာဏာသိမ်း မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၁၈ ရက် (ကြာသပတေးနေ့) က တုံ့ပြန်ပါတယ်။

Thursday, April 18, 2024

AAက ရိုဟင်ဂျာများကို အကြမ်းဖက် ပုံဖော်ဆောင်ရန် အိန္ဒိယအခြေစိုက် မီဒီယာမှတစ်ဆင့် ဝါဒဖြန့်နေမှုကိုစစ်ကောင်စီမှရှင်းလင်းတင်ပြ

MRTV
Mayyu Tv News_မေယုတီဗီသတင်း
ဧပြီလ (၁၈)ရက်

 ( မှတ်တမ်း )

အီန္ဒိယနိုင်ငံအခြေစိုက် The New Indian Expressသတင်းစာ တစ်ခုတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ အီစ္စလာမစ် အကြမ်းဖက်အုပ်စုက ဘူးသီးတောင်မြို့နယ်တွင်ဟီန္ဒူလူမျိုး ၁၆၀၀ ကျော် နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ ဦးကိုဓါးစာခံ လုပ်ထားကြောင့်၊၂၀၁၇ ခုနှစ်တွင်လည်း ဟီန္ဒူလူမျိုး ၁၀၀ ကျော်ကို ဘာသာရေး အခြေခံပြီး သတ်ခဲ့ကြောင့် ၎င်းထဲမှ အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်ခဲ့ကြောင့်ပေါ်ပြထားပါတယ်။ 

Tuesday, April 9, 2024

စစ်ကောင်စီပစ်လက်နက်ကြီးကျည် ပေါက်ကွဲပြီး မောင်တောမြို့နယ် ကြိမ်ချောင်းရွာ မီးလောင်နေ

Arakan Bay News
tun linn
April 8, 2024


ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ မြို့သူကြီး နခခ ၅ မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကြိမ်ချောင်းရွာမီးလောင်နေကြောင်း မောင်တောဒေသခံ ၁ဦးက AB News သို့ ပြောကြားသည်။
ဒီနေ့ ညနေ ၆နာရီကျော်အချိန်မှာ မြို့သူကြီး နခခ ၅ က အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီး တွေ ပစ်ခတ်ခဲ့တယ်။ အခုတော့ ကြိမ်ချောင်းရွာ မီးလောင်နေတာကို ကျနော်တို့ မြင်ရတယ် ဟု ဒေသခံတစ်ဦးကဆိုသည်။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေ ဘာဆက်ဖြစ်ကြသလဲ

VOA
ဆုမွန်

၀၈ ဧပြီ၊ ၂၀၂၄ 

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲ တိုက်ပွဲတွေမှာ စစ်ရေးအရေးနိမ့်လို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို နောက်ဆုံးရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဘင်္ဂ လားဒေ့ရှ်ဘက်က ရေလမ်းကနေတဆင့် ပြန်ပို့ဖို့ နှစ်နိုင်ငံစီစဉ်နေပါတယ်။

Link : Here

Sunday, April 7, 2024

ရခိုင်ဒေသ စစ်ကောင်စီ တပ်သားစုဆောင်းမှု “သတင်း ထောက်မှတ်စု”

VOA
သားညွန့်ဦး
၀၆ ဧပြီ၊ ၂၀၂၄ 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် AA ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခ သည်တွေ အခက်အခဲ ကြုံနေသလို၊ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုတွေကြောင့် စစ်ကောင် စီထိန်းချုပ်တဲ့ဒေသက ဒေသခံ ရခိုင်လူငယ်တွေရော၊ ရိုဟင်ဂျာလူငယ်တွေအတွက်ပါ စိုးရိမ်စရာဖြစ်နေပါတယ်။ ကိုသားညွန့်ဦး တင်ပြထားပါတယ်။ 

Link : Here

Saturday, April 6, 2024

ရခိုင်မှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို ရက်တိုစစ်သင်တန်းပေးပြီး ရှေ့တန်းပို့

RFA
RFA Burmese
2024.04.05 

စစ်ယူနီဖောင်းဝတ်ဆင်ထားပြီး သေနတ်ကိုင်ဆောင်ထားသည့် မွတ်စလင်များအား ၂၀၂၄ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရက္ခိုင့်တပ်တော်(AA)ရဲ့ ထိုးစစ်တွေကြောင့် ဗျူဟာကုန်းတွေ၊ တပ်ရင်း တပ်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ် ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို ရက်တိုစစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့နေတယ်လို့ ကိုယ်တိုင်ပြည်သူ့စစ်သင်တန်း တက်ခဲ့ရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */