DMG
၂၀၂၃ နိုဝင်ဘာ ၂၆
ကိုင်းကြီးကျေးရွာအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ - နခခ (၄) လက်အောက်ခံတပ်ဖွဲ့ကို AA က နိုဝင်ဘာလ ၂၅ ရက်၊ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့သည်။
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာအနီးတွင် ဖြစ်ပွားသည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။ကိုင်းကြီးကျေးရွာအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ - နခခ (၄) လက်အောက်ခံတပ်ဖွဲ့ကို AA က နိုဝင်ဘာလ ၂၅ ရက်၊ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့သည်။
“တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့လည်းရှိခဲ့သည်” ဟု ညီနောင်သုံး ဖွဲ့က ထုတ်ပြန်သည်။ AA တပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုနှင့်ပတ်သတ်၍ ထုတ်ပြန်ထားခြင်း မရှိပေ။
ကိုင်းကြီးရွာအနီးတိုက်ပွဲမှာ ယနေ့ နံနက်ပိုင်းတွင် ငြိမ်သက်နေကြောင်း ဒေသခံများက ပြောသည်။ AA ကရဲကင်း စခန်းကို မတိုက်ခိုက်မီ တစ်ရက်အလိုကပင် ကိုင်းကြီး(ရခိုင်)ကျေးရွာမှ ဒေသခံ ၃၀၀ ကျော်မှာ လုံခြုံမည့်နေရာ သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။
မောင်တောတိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ စစ်ကောင်စီသည် ထိခိုက်၊ သေဆုံးမှုဖြစ်ရပ်များကို သတင်းအမှောင် ချထား တတ်သည်။
မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ ဒုံးညိုနယ်ခြားစောင့် ရဲကင်းစခန်းကိုလည်း AA က တိုက်ခိုက်သိမ်းပိုက် ထားသည်။
ရခိုင်ဒေသတွင် တကျော့ပြန်တိုက်ပွဲ စတင်သည့် နိုဝင်ဘာလ ၁၃ ရက်မှစ၍ AA က စစ်ကောင်စီတပ် စခန်းများ ကို ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်မှု ဆက်တိုက်ရှိနေသည်။ နိုဝင်ဘာလ ၁၃ ရက်မှ နိုဝင်ဘာလ ၂၂ ရက် နေ့ထိ ၁၀ ရက်အတွင်း နယ်ခြားစောင့် ရဲကင်းစခန်း (၄) ခုကို AA က ထိုးစစ်ဆင်သိမ်းပိုက်ထားသည်။
ရက္ခိုင့်တပ်တော်(AA)ပါဝင်သော ညီနောင်မဟာမိတ်(၃)ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို တစ်နိုင်ငံလုံးအနှံ့ ဆင်နွှဲသွား မည်ဟု ကြေညာပြီးနောက် ရခိုင်တွင် နိုဝင်ဘာလ ၁၃ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွား နေ ခြင်း ဖြစ်သည်။
Link : Here

No comments:
Post a Comment