" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 11, 2023

"မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်ကောင်းထွက်" - တရုတ်နိုင်ငံခြားရေးဌာန

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၁ ဒီဇင်ဘာ၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | ဘေကျင်းမြို့သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning (ဇူလိုင် ၂၆၊ ၂၀၂၃)

မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးအတွက် ဆွေး နွေး မှုတွေမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရှိခဲ့ကြောင်း တရုတ်အစိုးရက ဒီနေ့ပဲ ပြောလိုက်ပါ တယ်။

“မြန်မာပြည်မြောက်ပိုင်းက ပဋိပက္ခတွေ လျော့ပါးရေးဟာ သက်ဆိုင်သူတွေ အားလုံးအတွက် အ ကျိုး ရှိမှာဖြစ်သလို၊ ၂ နိုင်ငံ နယ်စပ်တည်ငြိမ်ရေးအတွက်လည်း အကျိုးရှိပါတယ်။ မြောက်ပိုင်းဒေ သ ပဋိပ က္ခနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်တဲ့ ရလဒ်တွေအတွက် ဝမ်းသာပါ တယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ဒီကနေ့ ဘေဂျင်းမြို့ တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် အတိုက်အခံ လက်နက်ကိုင် အင်အားစုတွေရဲ့ စစ် ကောင်စီအပေါ် စစ်ဆင်ရေး ၂ လကျော်ကြာလာချိန်မှာပဲ တရုတ်နိုင်ငံက အခုလို ပြောလိုက်တာပါ။

စစ်ကောင်စီဘက်ကတော့ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်း ရေး ဖေါ်ဆောင်မှု ညှိနိုင်းရေးကော်မတီနဲ့ MNDAA၊ TNLA၊ AA အဖွဲ့က တာဝန်ရှိသူတွေ နိုင်ငံရေး အ ရ ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။ အခု ဆွေးနွေးပွဲအပေါ် မူတည်ပြီး ဒီလ ကုန်မှာ ဆက်လက် ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ယူနန် ပြည် နယ် ပါတီ ကော်မတီ လက်ထောက် အတွင်းရေးမှူးနဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တလျှောက် ငြိမ်းချမ်း ရေးနဲ့ တည်ငြိမ်ရေး အရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြခဲ့တာပါ။

VOA နဲ့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သီးသန့်မေးမြန်းမှုမှာတော့ ယာယီ သမ္မ တ ကြီး ဒူဝါလရှီးလက တွေ့ဆုံဆွေးနွေးရေးဆိုတာ အဖြေတခု ဖြစ်ကြောင်း၊ တွေ့ဆုံဆွေး နွေးရေး အ တွက် တံခါးပိတ်မထားကြောင်းနဲ့ မြန်မာနိုင်ငံရေး အခြေအနေကတော့ ဒီထက်ဆိုးဝါးတဲ့ အနေအထား ရှိတဲ့အတွက်ကြောင့် တွေ့ဆုံဆွေးနွေးဖို့ကို တော်တော်လေး စဉ်းစားရမယ့် အနေအထား ရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်က နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ကောင်စီကြီးအကဲ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးအရ အဖြေရှာ ဖို့တိုက် တွန်းထားပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */