" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 29, 2023

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီ ထောင်ဆယ်နှစ်ချ

RFA
RFA Burmese
2023.11.29 

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်။ Ye Htut (Facebook) 

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး တာဝန်ယူခဲ့သူ ဦးရဲထွဋ်ကို အင်းစိန် အကျဉ်းထောင် အထူးတရားရုံးကနေ နိုဝင်ဘာလ ၂၉ ရက် ဒီကနေ့မှာ ထောင်ဆယ်နှစ် ချလိုက်တယ် လို့ အင်းစိန် အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဦးရဲထွဋ်ကို မမှန်မကန် သတင်းဖြန့်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ထောင်သုံးနှစ်၊ ဥပဒေပါ ဖော်ပြ ချက်အရ တပ်မတော်သားနဲ့ အစိုးရဝန်ထမ်းတွေကို ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ဃ နဲ့ ထောင်ခုနစ်နှစ် ချမှတ်လိုက်တာလို့ အဲဒီအမိန့်ချမှတ်မှုကို သိရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဦးရဲထွဋ်ရဲ့အမှုမှာ တရားလိုပြသက်သေစစ်ပြီး တရားခံပြသက်သေတွေ မစစ်တော့ဘဲ အမိန့်ချလိုက် တာလို့ သိရပါတယ်။ ဒါကြောင့် အခုလို မြန်မြန်ဆန်ဆန်နဲ့ အမိန့်ချလိုက်တာပေါ့”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းစိန် အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးကလည်း ဦးရဲထွဋ်ရဲ့ အမှု တွေကို အလုံ ခရိုင်တရားသူကြီးက အမိန့်ချခဲ့တာဖြစ်ပြီး အမှုမှာ ရှေ့နေမငှားခဲ့ဘဲ ဦးရဲထွဋ်က သူကိုယ် တိုင် ခုခံချေပခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို သူနေထိုင်ရာ အလုံမြို့နယ်၊ အမှတ် ၁၁ ရက်ကွက်မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် ညပိုင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် အလုံ မြို့မရဲစခန်း ကနေ မမှန်မကန် သတင်းဖြန့်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခု အမိန့်ချမှတ်တဲ့ကိစ္စကိုတော့ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ သုံးနာရီခွဲအချိန်အထိ စစ်ကောင်စီ ဘက် က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */