" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 30, 2023

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် 2023 Busan Global Partnership Forum သို့ စစ်ကောင်စီကို ဖိတ်ကြား မှု ရုပ်သိမ်းရန် အဖွဲ့ပေါင်း ၆၆၀ ကျော်တောင်းဆို

ရန်ကုန်ခေတ်သစ်မီဒီယာ
Yangon Khit Thit News Agency

November 30, 2023

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် 2023 Busan Global Partnership Forum သို့ စစ်ကောင်စီကို ဖိတ်ကြားမှု ရုပ်သိမ်းရန် အဖွဲ့ပေါင်း ၆၆၀ ကျော်တောင်းဆို
 
တောင်ကိုရီးယားနိုင်ငံ၊ တွင် ကျင်းပမည့် 2023 Busan Global Partnership Forum သို့စစ်ကောင် စီ ကို ဖိတ်ကြားမှု ရုပ်သိမ်းရန် အဖွဲ့ပေါင်း ၆၆၀ ကျော်တောင်းဆိုလိုက်ကြောင်း အဆိုပါအဖွဲ့များထံမှသိ ရှိရသည်။
မြန်မာစစ်အုပ်စုကို ၂၀၂၃ ခုနှစ် ဘူဆန် ကမ္ဘာ့မိတ်ဖက်ဖိုရမ် (2023 Busan Global Partnership Forum) သိုဖိတ်ကြားချက်ကို ရုပ်သိမ်းရန် အတွက် GPEDC ခေါင်းဆောင်များသို့ မေတ္တာရပ်ခံချက် များကို အိတ်ဖွင့်ပေးစာအဖြစ် ရေးသားပေးပို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတကာတွင် မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းကျ ကိုယ်စားပြုပိုင်ခွင့်ကို ကာကွယ်ရန် အတူတ ကွ ဆောင်ရွက်နေကြသော အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စား ဤအိတ်ဖွင့်ပေးစာကို ရေးသားပေး ပို့ လိုက်ခြင်းဖြစ်‌ေ‌ြ့ာင်း၊ လာမည့် ၂၀၂၃ ဘူဆန် ကမ္ဘာ့မိတ်ဖက် ဖိုရမ် (2023 Busan Global Partnership Forum) သို့ မြန်မာစစ်အုပ်စု ကိုယ်စားလှယ်အား ဖိတ်ကြားချက်ကို ပြန်လည်ရုပ်သိမ်း ရန်နှင့် မြန်မာပြည်သူများကို ထောက်ခံကြောင်း ပြသရန် အဖွဲ့ ၆၆၀ ကျော်က တောင်းဆိုသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ဒီဇင်ဘာ (၅) ရက်နှင့် (၆) ရက်တို့တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ် ဘူဆန် ကမ္ဘာ့မိတ်ဖက်ဖိုရမ်သို့ တရားမဝင် မြန်မာစစ်တပ်ကိုယ်စားလှယ်ကို ဖွံ့ဖြိုးရေး ပူးပေါင်းဆောင် ရွက်မှု ကမ္ဘာ့မိတ်ဖက်အဖွဲ့ (Global Partnership for Effective Development Cooperation – GPEDC) ဖိတ်ကြားထားကြောင်း ၊ GPEDC နှင့် ကိုရီးယားအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ စစ်အုပ်စု၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး၀န်ကြီးဌာနသို့ ဖိတ်ကြား ခဲ့ခြင်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး၀န်ကြီး ကံဇော်သည် မကြာသေး ခင်ကမှ အ‌မေရိကန်ပြည်ထောင် စုနှင့် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုကို ခံထားရသူဖြစ်ကြောင်း မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်တိုက်ကျူးလွန်နေသောစစ်အုပ်စု၏ နိုင်ငံ ခြားငွေများကို စီးဆင်းနိုင်အောင် ဆောင်ရွက်ပေးမှုကြောင့် ပိတ်ဆို့အရေးယူခံရခြင်းဖြစ်ကြောင်း သိရှိ ရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ ပြီး ပြည်သူများက မဲဆန္ဒရှင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တောင်ပြိုကမ်း ပြို အနိုင်ရအောင် မဲပေးရွေးချယ်ခဲ့ကြကြောင်း၊ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ က ဤရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး ရလဒ်သည် မြန်မာပြည်သူများ၏ ဆန္ဒကို ကိုယ် စား ပြုသည်ဟု တညီတညွတ်တည်း ကောက်ချက်ချခဲ့ကြသည်။

စစ်အုပ်စုသည် မိမိကိုယ်ကို “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (စကစ)” ဟု ရည်ညွှန်းပြီး စစ်အုပ်စု ဟု ရည်မှန်းကြောင်း၊ ၎င်းတွင် အစိုးရရာထူးကို ကျင့်သုံးရန် အခွင့်အာဏာ မရှိသလို၊ ဒီမိုကရေစီတော် လှန်ရေး လှုပ်ရှားမှုနှင့် တိုင်းရင်း သား အုပ်ချုပ်ရေး အဖွဲ့အစည်းများ လက်အောက်တွင် ရှိနေသောမြန် မာနိုင်ငံ၏ နယ်မြေအများစုကိုလည်း ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခြင်း မရှိပေးကြောင်း အိတ်ဖွင့် ပေးစာက ဆိုသည်။

စကစ ဟူသော အယောင်ဆောင်မှုအောက်တွင် စစ်အုပ်စုသည်မြန်မာပြည်သူများအပေါ်ဖိနှိပ်ချုပ်ချယ် ရန် ကြိုးစားအားထုတ်မှုအဖြစ် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို တနိုင်ငံလုံးအတိုင်း အ တာဖြင့် ကျူးလွန်သော စစ်ဆင်ရေး ကမ်ပိန်းတစ်ခုကို စတင် လုပ်ဆောင်ခဲ့ကြောင်းယနေ့အထိစစ်တပ် သည် လူပေါင်း ၄၁၅၄ ဦးကို သတ်ဖြတ်ခဲ့ပြီး နောက်ထပ် ၁၉,၆၁၀ ဦးအား အကျဉ်းချခဲ့ကြောင်းစစ်တပ် သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ အရပ်ဘက်-စစ်ဘက် မခွဲခြားသော လေကြောင်း တိုက် ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မ ဖြစ်ခြင်း ကို အခြေပြုသော အကြမ်းဖက်မှုများနှင့် အစုလိုက်အပြုံလိုက် မီးရှို့မှုများ ကျူးလွန်ထားကြောင်း၊ ဆို ပါ ရာဇ၀တ်မှုများကြောင့် လူပေါင်း (၂) သန်း နီးပါးသည် အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ချိန်မှစ၍ ၎င်းတို့၏ နေအိမ်များမှ ထွက်ပြေးခဲ့ကြရပြီး နောက်ထပ် ထောင်သောင်းနှင့်ချီသော ပြည်သူများသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ကြရကြောင်း သိရှိရသည်။

ထိုသို့သော ရက်စက်ယုတ်မာမှုများသည် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ မြောက်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုဆိုင် ရာ တရားရုံးတို့ ရှေ့မှောက်တွင်သာမက အာဂျင်တီးနားနိုင်ငံတွင် နိုင်ငံတကာ လွ တ်လပ်စွာ တရားစီ ရင်ပိုင်ခွင့်အရ စွဲဆိုသော ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနှင့် ကြီးလေးသော ပြစ်မှုများဖြင့် စွပ်စွဲခံနေရသော တစ်ခုတည်းသော စစ်တပ်ကပင် ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင် ငံ ၏ ကိုယ်စားလှယ်အဖြစ် စစ်အုပ်စုကို ဖိတ်ခေါ်ခြင်းသည် ဒီမိုကရေစီနှင့် မြန်မာပြည်သူလူထုကိုပါ စော်ကားရာ ရောက်ပေလိမ့်မည်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်၏ အာဏာရယူခြင်းနှင့် အာဏာထိန်းထားနိုင်ခြင်းသည် အကြမ်းဖက်မှု၊ အကျပ်ကိုင်မှု၊ ရန်ပုံငွေ၊ လက်နက်နှင့် အခြားအရင်းအမြစ်များကို ရယူသုံးစွဲနိုင်မှုအပေါ် မူတည်ပြီး အရေးကြီး သည် မှာ ရှိသင့်သည်မှာ ကြာပြီဖြစ်သည့် တရားမျှတမှုနှင့် တာဝန်ခံမှု မရှိခြင်းကြောင့် တရားဥပဒေအရ အ ပြစ်ပေးအရေးယူခံရခြင်းမှ စိတ်ကြိုက် ကင်းလွတ်ခွင့်လည်း ရနေသည့်အပေါ် မူတည်ကြောင်း၊ ထို့ အပြင် စစ်အုပ်စုကို အစိုးရတစ်ရပ်ကဲ့သို့ နိုင်ငံခြားအစိုးရများနှင့် အများပြည်သူဆိုင်ရာ အဖွဲ့အ စည်း များမှ ထိတွေ့ဆက်ဆံသည့်အခါ၊ မြန်မာပြည်သူလူထုများအပေါ် သိသာထင်ရှားသော ထိခိုက်နစ်နာ မှုများကို ဖြစ်ပေါ်စေကြောင်း အိတ်ဖွင့်ပေးစာက ဆိုသည်။

ထို့ကြောင့် လက်ရှိတွင် မြန်မာပြည်သူလူထု အကျိုးစီးပွားအတွက် မဟုတ်သော ဆုံးဖြတ်ချက်များကို ပြည်သူများကိုယ်စား ချမှတ်ခြင်း၊ မြန်မာစစ်အုပ်စုအား တရားဝင်ဖြစ်စေခြင်းနှင့် အစိုးရတစ်ရပ်အဖြစ် တရားဝင် ပုံပေါ်လာစေရန် ၎င်းတို့၏ ဥပဒေမဲ့ တရားမ၀င်ကြိုးပမ်းမှုများကို ကူညီပေးခြင်း နှင့် နိုင်ငံကို အပြည့်အ၀ ထိန်းချုပ်နိုင်ရန် (ယနေ့အထိ မအောင်မြင်သေးသော) တရားမ၀င် ကြိုးပမ်းမှုတွင်စစ်အုပ် စုအား ကူညီပေးခြင်း များပါဝင်ကြောင်း သိရှိရသည်။

ထို့အပြင် မြန်မာစစ်အုပ်စုသည် ကျယ်ပြန့်သော စနစ်တကျ အကျင့်ပျက် ခြစားမှုများတွင် ပါဝင်ပတ် သက် နေသည့် ရာဇ၀တ်အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ ယခင် စစ်အုပ်စုလက်ထက်တွင်စစ်တပ်သည် စွမ်းအင်၊ ကုန်ကြမ်း၊ အစား အသောက်၊ အဖျော်ယမကာ၊ အရက်၊ ဆေးလိပ် ဘဏ်လုပ်ငန်းဆောက် လုပ် ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ အိမ်ခြံမြေနှင့် နိုင်ငံတကာ ကုန်သွယ်မှုဈေးကွက်များ စသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေသော နိုင်ငံပိုင်နှင့် စစ်တပ်က ထိန်းချုပ်ထားသော စီးပွားရေး လုပ် ငန်းများ၏ အလွန် ကြီးမားသော ကွန်ရက်ကြီးတစ်ခုဖြင့် မြန်မာနိုင်ငံ၏ အဓိက က်မှုလုပ်ငန်းကဏ္ဍများ ကို ထိန်းချုပ်ရန် စုစည်းချုပ်ကိုင်ထားကြောင်း သိရှိရသည်။

ယင်းတို့သည် စီးပွားရေးစနစ်မှ ဘီလီယံနှင့်ချီသော ဝင်ငွေများကို ပေးအပ်ပြီးစစ်အုပ်စုအားမြန်မာပြည် သူပြည်သားများအပေါ် အကြမ်းဖက်ဝါဒကမ်ပိန်းများ လုပ်ရန် အကျင့်ပျက်ခြစားသည့် နည်းဖြင့်ငွေ ကြေး ထောက်ပံ့မှု ပေးစွမ်းနိုင်ခဲ့သည်။ မြန်မာစစ်တပ်က ထိန်းချုပ်ထားသည့်အဓိကစီးပွားရေးလုပ်ငန်း သည် လက်ရှိတွင် ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနှင့် ဥရောပသမဂ္ဂတို့မှ အစိုးရတစ်ရပ် သို့မဟုတ် အစိုးရများမှ ပိတ်ဆို့အရေးယူမှုများ အားလုံး ခံရလျက်ရှိကြောင်း သိရှိရသည်။

ဆိုးလ်မြို့မှ ၂၀၂၃ခုနှစ်၊ ဘူဆန် ကမ္ဘာ့ မိတ်ဖက် ဖိုရမ် ကျင်းပရန် စီစဉ်ထားသည့်နေရာဖြစ်သည့် လော့ တေးဟိုတယ် Lotte Hotel ကို Lotte Corporation မှ ပိုင်ဆိုင်ပြီး ယင်းသည် မြန်မာစစ်တပ်၏ အ ကျင့်ပျက်စီးပွားရေးကွန်ရက်တွင် ဖက်စပ်လုပ်ငန်းတစ်ခုမှတဆင့် ပါဝင်သက်နေသော ကုမ္ပဏီတစ်ခု ဖြစ် ကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ သုတေသနပြုချက်အရ Lotte Corporation သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ လော့တေးဟိုတယ်နှင့် ဝန်ဆောင်မှုပါသော တိုက်ခန်းများ လုပ်ငန်း Lotte Hotel and Serviced Apartments complex တွင်လည်း ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ကြောင်းတွေ့ ရှိခဲ့ကြောင်း၊ ဤအဆောက်အအုံကို build-operate-transfer သို့ BOTစနစ်ခေါ်တည်ဆောက်၊ လုပ် ငန်းဆောင်ရွက်၊ လွှဲပြောင်းသည့် စာချုပ်အရ မြန်မာစစ်တပ်ကာကွယ်ရေးဦးစီးချုပ်၏စစ်ထောက် ချုပ်ရုံးမှ ငှားရမ်းထားသော မြေပေါ်တွင် တည်ဆောက်ထားသည်ဟု သိရှိရသည်။

စစ်တပ်သည် နှစ် (၇၀) ကြာ အငှားချထားပြီးနောက် ထိုအဆောက်အအုံကို ထိန်းချုပ်မည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် Lotte Hotel အဆောက်အအုံတွင် ရင်းနှီးမြှုပ်နှံသူများသည် စစ်ထောက်ချုပ် ရုံး သို့ အခကြေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ပေးဆောင်လျက်ရှိကြောင်း၊ Lotte Corporation သည် မြန်မာ့ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်၏ ညီအစ်ကိုဖြစ်သလို နှစ်ရှည် မြန်မာစစ်တပ်၏ ခရိုနီတစ်ဦးဖြစ်သော နေအောင် ပိုင်ဆိုင်သည့် Spirit Paradise Services လုပ် ငန်းနှင့်အတူ ဤအဆောက်အအုံတွင် ပူးတွဲ ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း သိရှိရသည်။

နေအောင်သည် – မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို စစ်တပ်ကျူးလွန်ခဲ့သည့်အပေါ် ငွေကြေးပံ့ပိုးပေး သည့်အတွက် ဥရောပသမဂ္ဂမှ ၂၀၂၂ ခုနှစ်၊ ဖေဖေါ် ဝါရီလတွင် စီးပွားရေး ပိတ်ဆို့ အရေးယူခံခဲ့ရသော ကုမ္ပဏီများအဖြစ် အရေးယူခံရသည့် IGEလုပ် ငန်း စု၏ ပိုင်ရှင်လည်း ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၃ ခုနှစ် ဘူဆန် ကမ္ဘာ့ မိတ်ဖက်ဖိုရမ်ကို လော့တေး ဟိုတယ်တွင် ကျင်းပခြင်းအားဖြင့် မြန်မာစစ်တပ်၏ အကျင့်ပျက်စီးပွားရေးကွန်ရက်ကို ထောက်ပံ့နေ သော၊ ယင်းကွန်ရက်မှ အကျိုးဖြစ်ထွန်းနေသော ကုမ္ပဏီတစ်ခုအား ငွေကြေးပံ့ပိုးမှုပေးလိမ့် မည်ဖြစ် ကြောင်း သိရှိရသည်။

ထို့ပြင် နိုင်ငံတကာ ဖွံ့ဖြိုးရေးအကူအညီနှင့် အရေးပေါ်ရန်ပုံငွေများကို စစ်အုပ်စု အသုံးပြုမှုနှင့် ပတ် သက်၍ အရေးကြီးသော မေးခွန်းများ ကျန်ရှိနေသေးသည်။ ဥပမာ စစ်တပ်မှအာဏာသိမ်းရန်ကြိုးပမ်း မှုနောက်ပိုင်း ၂၀၂၁ခုနှစ်အတွင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund မှ မြန်မာနိုင်ငံသို့ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သည့် များပြား သော ချေးငွေအမေရိကန်ဒေါ်လာ ၁၇၁ သန်း ပျောက်ဆုံးသွားခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး အစီရင်ခံစာ တင်သွင်းသူ မှ မြန်မာစစ်အုပ်စုက အကူအညီများကို လက်နက်သဖွယ် အသုံးချမည့် အန္တရာယ်နှင့် ပတ်သက်ပြီး နိုင် ငံတကာ အသိုင်းအဝိုင်းကို သတိပေးထားကြောင်း၊ စစ်အုပ်စုသည် အကြီးစား အကျင့်ပျက်ခြစား များ တွင် ပါ၀င်ပက်သက်မှုရှိသလို အကူအညီရန်ပုံငွေများကိုလည်း အလွဲသုံးစားပြုနိုင်သည့် အခြေအနေ တွင်ရှိကြောင်း သိရှိရသည်။

ဤအခြေအနေတွင် “နိုင်ငံအဆင့် လုပ်ဆောင်ချက်ကို တွန်းအားပေးရန် ပိုမိုကောင်းမွန်စွာ အတူတကွ ပေးအပ်ခြင်း – လက်ရှိ အကျပ်အတည်းများကို ကိုင်တွယ် ဖြေရှင်းရန် ထိရောက်သော ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ခြင်းကို အားပြုအသုံးပြုရေး” ဟူသော ခေါင်းစဉ်အောက်တွင် ကျင်းပသော နိုင်ငံတကာ အစည်းအဝေးသို့ တက်ရောက်ရန် စစ်အုပ်စုကို ဖိတ်ကြားခြင်းမှာ ရှေ့နောက်မညီသလို အင်မတန်ဆိုး ရွားလှပေသည်ဟု ထောက်ပြထားသည်။

၂၀၂၃ ဘူဆန် ကမ္ဘာ့ မိတ်ဖက်ဖိုရမ် သည် မြန်မာစစ်အုပ်စုအား နိုင်ငံရေး ထောက်ခံမှုနှင့် မှားယွင်း သော တရားဝင်မှုကို မပေးရန် မြန်မာစစ်တပ်ကို မေတ္တာရပ်ခံကြောင်း၊ အထူးသဖြင့် ဤပွဲနှင့် အခြား GPEDC အစည်းအဝေးများနှင့် ပွဲများအားလုံးအတွက် အောက်ပါအချက်များကိုထောက်ခံရန်တောင်း ဆိုပါကြောင်း သိရှိရသည်။

၁။ မြန်မာပြည်သူလူထုအား ၎င်းတို့၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရ ဖြစ် သည့် အမျိုးသား ညီညွတ်ရေး အစိုးရကို ကိုယ်စားပြုခွင့်ပေးရန်၊

၂။ မြန်မာနိုင်ငံ၏ အစိုးရဌာန အများအပြားကို လက်ရှိတွင် ဥပဒေမဲ့ သိမ်းပိုက်ထားသည့် တရားမ၀င် စစ်အုပ်စုကို တားမြစ်ပိတ်ပင်ရန်၊

၃။ လော့တေးဟိုတယ်များကို ဧည့်သည်များအတွက် အစည်းအဝေးကျင်းပရန် နေရာများ သို့မဟုတ် တည်းခိုရန် နေရာထိုင်ခင်းအဖြစ် အသုံးမပြုရန်။

အဆိုပါတောင်းဆိုချက်သည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး အစီရင်ခံစာ တင်သွင်းသူ၏ အကြံပြုချက်ကို ထင်ဟပ်ကြောင်း၊ ယင်းအကြံပြုချက်တွင် “လူ့အခွင့်အ ရေး၊ ဒီမိုကရေစီနှင့် မြန်မာပြည်သူများ၏ ဆန္ဒများကို ထောက်ခံသော အဖွဲ့ဝင်နိုင်ငံများသည် စစ် ကောင် စီ၏ အစိုးရဖြစ်ကြောင်း မှားယွင်းသော အဆိုကို လူသိရှင်ကြား ဆန့်ကျင်ရန်နှင့် NUG ကို မြန် မာပြည်သူများ၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ် ပြုရန်” တိုက်တွန်းထားသည်။

မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများကို နက်နက်နဲနဲ လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ် ရှင်၏ အကြံပြုချက်နှင့်အညီလည်း ဖြစ်ကြောင်း၊ အိမ်ခြံမြေသည် မြန်မာစစ်တပ်အတွက် အဓိက ၀င် ငွေလမ်းကြောင်းတစ်ခုဖြစ်ကြောင်း မစ်ရှင်မှ တွေ့ရှိခဲ့ပြီး မြန်မာစစ်တပ်နှင့်မည်သည့်စီးပွားရေးလုပ်ငန်း မျိုးတွင်မဆို စတင် လုပ်ကိုင်ခြင်း သို့မဟုတ် ဆက်လက် လုပ်ဆောင်နေခြင်း မပြုရန် အခိုင်အမာအကြံ ပြုထားသည်။

မြန်မာပြည်သူများကို ကိုယ်စားပြုသူသည် တရားမဝင် စစ်အုပ်စုမဖြစ်စေရပဲ၊ ၎င်းတို့ ဒီမိုကရေစီနည်း ကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကိုယ်စားလှယ်ဖြစ်စေရန် အတွက် လူကြီးမင်းတို့၏ ဆုံး ဖြတ်ချက်သည် ၂၀၂၂ ခုနှစ် တွင် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေး တက်ရောက်ရန် မြန်မာစစ်အုပ်စုကို ဖိတ်ကြားထားခဲ့ခြင်းကို ရုပ်သိမ်းခဲ့သည့် ဆွဇ်ဇာလန်နိုင်ငံ၏ ဆုံး ဖြတ်ချက်နှင့် ကိုက်ညီလိမ့်မည်ဖြစ်ကြောင်း၊ ထို့အပြင် အထွေထွေညီလာခံတွင် မြန်မာစစ်အုပ်စု အား မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် မပြုရန် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် သာမက မကြာသေးမီက စစ် အုပ် စု၏ ကိုယ်စားလှယ်များအား အဆင့်မြင့် အစည်းအဝေးများသို့ မဖိတ်ကြားရန် အာဆီယံ၏ ဆုံး ဖြတ် ချက်အချို့နှင့်လည်း ကိုက်ညီမည်ဖြစ်ကြောင်း ထောက်ပြတိုက်တွန်းသည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အမျိုးသားညီညွတ်ရေး အစိုးရအား ၎င်းတို့၏ တရားဝင် ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည့် အသေးစိတ် အချက်အလက်များမှတဆင့် ဆက်သွယ်နိုင် ကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကို ၎င်း၏ တရားဝင် Facebook စာမျက်နှာမှ တဆင့် ဆက်သွယ်နိုင်ကြောင်း၊ အကယ်၍ ၎င်းနှင့်ဆက်ဆံ ရေးမတည်ဆောက်ရသေးပါက၊ ဆက်ဆံရေးထူးထောင်ရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ် ပေါ်နေသော လက်ရှိအခြေအနေ၊ သတင်းအချက် အလက်များနှင့်၊ တရားမဝင် စစ်အုပ်စု ကိုယ်စား လှယ်နှင့် တရားဝင်အစိုးရ ကိုယ်စားပြုသူများအား ခွဲခြားသတ်မှတ်ရာတွင် အကူအညီလိုအပ်ပါက ကူ ညီဆောင်ရွက်ပေးရန် အသင့်ရှိနေကြောင်း ရှင်းပြထားသည်။

၎င်းတို့၏လုပ်ရပ်များသည် မြန်မာပြည်သူလူထုကို ထောက်ခံခြင်းလား၊ သို့မ ဟုတ် ရက်စက်ပြီး တရား မ၀င်သော စစ်အုပ်စု၏လုပ်ရပ်များကိုထောက်ခံခြင်းလားဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် အကြမ်းဖက် မင်းအောင်လှိုင်ကို ပြည်သူများက ဆန့်ကျင် ဆန္ဒပြကြစဉ်။ 
  
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */