" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 12, 2023

စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ တရုတ်စေ့စပ်မှုနဲ့တွေ့ဆုံ ဆွေးနွေး

VOA
အင်ကြင်းနိုင်

၁၂ ဒီဇင်ဘာ၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့၊ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေကြစဉ် (ဇွန် ၁၊ ၂၀၂၃)

စစ်ကောင်စီအနေနဲ့ တရုတ်အကူအညီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ် ဆို တာ ဟာ သူရင်ဆိုင်နေရတဲ့ စစ်ရေး၊နိုင်ငံရေးအကြပ်အတည်းကို ထွက်ပေါက်ရှာရေး အတွက်ဖြစ် တယ်လို့ မြင်ကြောင်း မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ဗွီအိုအေကို ပြောပါတယ်။

ကိုးကန့်ဒေသ အရေးပါတဲ့ လောက်ကိုင်မြို့ကို ကိုးကန့် MNDAA ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က သိမ်း ပိုက်ဖို့ ကြိုးစားနေချိန် စစ်ကောင်စီဘက်က ရုတ်တရက် တွေ့ဆုံဆွေးနွေးဖို့ ဘာကြောင့် ကြိုး စားခဲ့သ လဲ။ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ မနေ့က အသံဖိုင်နဲ့ ထုတ်ပြန်တဲ့ ကြေညာ ချက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို တရုတ်အစိုးရ အကူအ ညီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီက တာဝန်ရှိတဲ့သူတွေနဲ့ MNDAA, TNLA, AA အဖွဲ့က တာဝန်ရှိတဲ့သူတွေဟာ တရုတ်ပြည် သူ့ သမ္မတနိုင်ငံရဲ့အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုအပေါ်မှာမူတည်ပြီး တိုးတက်မှုအခြေအနေပေါ်မှာမူတည်ပြီး ဒီလကုန်မှာလည်း ထပ်မံ ဆွေးနွေးသွားဖို့ ရှိကြောင်း ပြောကြားလိုပါတယ်။”

ဘယ်နေရာ၊ ဘယ်အချိန်မှာ ဘယ်သူတွေ ပါဝင်တွေ့ဆုံခဲ့သလဲဆိုတာကိုတော့ ဗိုလ်ချုပ်ဇော်မင်း ထွန်း က ပြောဆိုသွားခြင်းမရှိပါဘူး။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တအာင်း TNLA ပြောခွင့်ရကို မေးမြန်းခွင့်ရခဲ့ချိန်မှာ သူတို့အနေနဲ့ ဒီတွေ့ဆုံဆွေးနွေးတဲ့ကိစ္စကို ဘာ မှ မသိသေး ဘူးလို့ တုံံ့ပြန်ပြောဆိုခဲ့ပါတယ်။ 

"တွေ့ဆုံဆွေးနွေးရေးကိစ္စ ကျနော်တို့ ဘာမှ မသိသေးဘူးခင်ဗျ။ တွေ့တာဟုတ်လား မဟုတ်လား ဆိုတာ မသိရသေးဘူး။ ကျနော်တို့ဆီမှာတော့ တိုက်ပွဲတွေက အခုညပိုင်းအထိ တိုက်လျောက်ဖြစ် နေပါတယ်။"
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က မနေ့ညပိုင်းက ဗွီအိုအေကို တယ်လီဖုန်းနဲ့ ဖြေဆိုခဲ့တာပါ။ အခုလို တရုတ်အကူအညီနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေကို တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ညီ နောင် သုံး ဖွဲ့ဘက်ကတော့ တရားဝင်ထုတ်ပြန်တာမျိုး အခုအချိန်အထိ မရှိသေးပါဘူး။

ဗွီအိုအေက စုံစမ်းသိရသလောက်တော့ တွေ့ဆုံဆွေးနွေးပွဲကို တရုတ်ယူနန်ပြည်နယ် ကူမင်မှာ ပြု လုပ် ခဲ့တာဖြစ်ပြီး ဒီလကုန်ပိုင်းအထိ ကိုးကန့်ဒေသမှာ နှစ်ဘက် ယာယီအပစ်ရပ်ထားမယ်လို့ ဆိုပါ တယ်။ ဒါအပြင် အပစ်အခတ်ရပ်ရေးနေရာဟာMNDAAနဲ့အဓိကဖြစ်နေတဲ့ကိုးကန့်ဘက်မှာပဲဖြစ်ပြီးTNLA  နဲ့ AA ရခိုင့်တပ်တော်တို့ ရှိတဲ့ နယ်မြေတွေမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအို အေ က သီးခြားအတည်ပြုလို့ မရသေးပါဘူး။

အခုလို စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရင်းကို တရုတ်-မြန်မာဆက်ဆံရေး အကဲခတ်တဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်က ဗွီအိုအေကို အခုလို သုံးသပ်ပြော ဆိုပါတယ်။

“သူ့ရဲ့ စစ်ရေးအကြပ်အတည်းကြုံနေတဲ့အနေအထားမှာ တရုတ်ကိုအကူအညီတောင်းတဲ့အတွက် တရုတ်က ယူနန်ပြည်နယ်ကနေတဆင့် ဒီကိစ္စတွေကို ဆက်သွယ်ဆောင်ရွက်ခဲ့တယ်လို့ ကျနော်သိ ရပါ တယ်။ ဒီဟာရဲ့ ရိုက်ခတ်မှုနဲ့ပတ်သက်လို့ ခြုံကြည့်မယ်ဆိုလို့ရှိရင် စစ်ကောင်စီအနေနဲ့ သူ့ရဲ့စစ် ရေးအ ကြပ် အတည်းကနေပြီးတော့ ထွက်ပေါက်တခု ရသွားတယ်လို့တော့ ပြောနိုင်ပါတယ်။ အဲဒီ တော့ သူ့မှာ နိုင်ငံရေးထွက်ပေါက်၊ စီးပွါးရေးထွက်ပေါက်၊ သံတမန်ရေးထွက်ပေါက်-ဘာထွက်ပေါက် မှမရှိဘဲအလုံ ပိတ်ဖြစ်နေတဲ့အချိန်မှာ စစ်ရေးထွက်ပေါက်တခု ရသွားတယ်လို့ ပြောလို့ရပါတယ်။”

ဒီတော့ စစ်ကောင်စီဘက်က ကိုးကန့်ဒေသမှာလက်ရှိစစ်ရေးအရ ဘယ်လောက်အထိအကြပ် အ တည်း ကြီးမားနေသလဲ။ ဦးသန်းစိုးနိုင်ရဲ့အမြင်ကတော့-

“စစ်ကောင်စီအနေနဲ့ကဒီအတိုင်းဆက်သွားလို့ရှိရင်သူ့အနေနဲ့မုချလောက်ကိုင်စခန်းကိုလည်းအသိမ်း ခံရတော့မယ်ဆိုတာ သူလည်း သဘောပေါက်မှာပါ။ အဲလိုသဘောပေါက်နေတဲ့အနေအထားအောက် မှာ သူ့ရဲ့ စကစမှူးတွေ၊ နောက်ပြီးတော့ တပ်သားတွေ၊ တခြား အဆင့်အဆင့် အသီးသီး သော စစ် သည် တွေ အသက်ဘေးကနေပြီးတော့ လွတ်မြောက်ဖို့အတွက် ထွက်ပေါက်ရှာနေတဲ့အနေအထား ဖြစ်ပါ တယ်။ အဲဒီလို အကျဥ်းအကြပ်တွေ့နေတဲ့အချိန်မှာ သူ့အနေနဲ့ ဒီဒေသမှာ အခုဟာက ၁၅ ရက်လောက် စစ်ရပ်စဲဖို့ သဘောတူလိုက်တာ။”

အဲတော့ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီ က အကူအညီတောင်းတဲ့အတွက် ကြားဝင်ဆောင်ရွက် ပေးတဲ့ တရုတ်ရဲ့ ရပ်တည်ချက်ကို ဘယ်လိုမြင်ပါလဲ။

“သူကတော့ နိုင်ငံကြီးဖြစ်တဲ့အလျောက် သူကတော့ သည်းခံပြီး စောင့်ကြည့်နေတယ်။ ဒါပေမဲ့ အ ခြေ အနေ ပြောင်းလဲသွားတာနဲ့တပြိုင်နက် တရုတ်ရဲ့ပေါ်လစီတွေက ပြောင်းသွားမှာပါပဲ။ တကယ် လို့သာ ဒီစစ်ဆင်ရေးကြီးက တပြည်လုံးကို သိမ်းပိုက်အောင်မြင်လိုက်ပြီဆိုတာနဲ့ အဲဒီ အာဏာရ လာတဲ့အစိုးရ ကို တရုတ်က သူက ကမ်းလှမ်းမှာပါပဲ။”

တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူကတော့ မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခ တွေ နဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရှိခဲ့ ကြောင်း မနေ့က ပြောဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */