" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 19, 2024

စစ်ကောင်စီရဲ့ နိုင်ငံရေးကျဆုံးခန်း

မဇ္စျိမ
January 19, 2024

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ အာဏာသိမ်းကာလ သုံးနှစ်ထဲ ချဉ်းနင်း ဝင် ရောက်ခဲ့ပါပြီ ။ အာဏာသိမ်းကာလတလျှောက်ကို ပြန်ကြည့်လိုက်ရင် နေရာဒေသအနှံ့အပြားမှာ ၊ ကဏ္ဍအ သီးသီး မှာ အနိဋ္ဌာရုံတွေ၊ ဆုတ်ယုတ်မှုတွေနဲ့သာ ပြည့်နှက်နေတာကိုတွေ့ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စစ် ကောင်စီ ဟာ ဒီသုံးနှစ်ထဲမှာ ပြည်သူလူထုရဲ့ ဆန့်ကျင်မှု ၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်ခံရမှု နဲ့ စစ်ရေး အရရှုံး နိမ့်မှု တွေဟာ နိုင်ငံရေးကျဆုံးခန်းကို ဦးတည်နေပါတယ်။

ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်

မြန်မာမှုနယ်ပယ်မှာ “စစ်နည်းဗျူဟာ ဘယ်လိုသာလည်း ၊ စွဲကိုင်လက်နက် ဘယ်လိုထက်လည်း၊ ပြည်သူ့နှလုံး မသိမ်းကျုံးလျှင် ၊ ပြည်သူ့ခွန်အား မကိုးစားလျှင် ၊ ဓားသွားလည်းကြွေ လှံလည်းခွေအံ့။ ..ဆိုတဲ့ စာဆိုရှိ ပါ တယ်။ ဒါပေမယ့်စစ်ကောင်စီဟာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူလူထုကို ရက်ရက်စက်စက် ဖိနှိပ် သတ်ဖြတ်ခဲ့ တဲ့အတွက် မြန်မာ့နိုင်ငံရေးသမိုင်းမှာ အကြီးမားဆုံးလက်နက်ကိုင်ဆန့်ကျင်တွန်းလှန်မှုတွေပေါ်ပေါက်ခဲ့ပါတယ်။ အခုချိန်ထိလည်း သူတို့အပေါ်ဆန့်ကျင်သူမှန်သမျှကို ရန်သူအဖြစ်သတ်မှတ်ပြီး ဖမ်းဆီး ထောင်ချနေဆဲ ၊ ဖိနှိပ် နေဆဲဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ မှတ်တမ်းတွေအရ ဆိုရင် အာဏာသိမ်းချိန် ကစပြီး ၂၀၂၄ ဇန်နဝါရီလ ၁၈ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ သူ စုစုပေါင်း ၄,၃၈၅ ဦး အထိ ရှိခဲ့ပြီဖြစ်ပါတယ်။ ၁၉,၉၃၆ ဦးဟာ ဆက်လက်ထိန်းသိမ်းခံထားရပြီး အဲဒီအထဲက ၈,၅၁၂ ဦးဟာ ထောင်ဒဏ်တွေ ချမှတ် ခံထားရတယ်လို့ သိရပါတယ်။ ဒါတင် မကသေးပါဘူး ။ စစ်ကောင်စီကို မ ထောက်ခံတဲ့ ဒေသအသီးသီးက မြို့ရွာတွေကိုစစ်ကောင်စီတပ်နဲ့လက်အောက်ခံအဖွဲ့အစည်းတွေကအကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့လို့ ၂၀၂၃ နိုဝင်ဘာ ၃၀ ရက်နေ့အထိ နိုင်ငံအနှံ့အပြားက ပြည်သူလူထုတွေရဲ့ နေအိမ်ပေါင်း ၇၇,၂၇၄ လုံးမီးရှို့ ဖျက်ဆီးခံရတယ်လို့ Data for Myanmar ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့တဲ့ကိစ္စဟာ ပြည်လူထု ရဲ့ ဆန္ဒကို လျစ်လျူရှုခဲ့တာဖြစ်ပါတယ်။ ပြည်သူလူထုကို စော်ကားတာဖြစ်ပါတယ်။ ဆက်ပြီးတော့ စစ်အာဏာ ရှင် စနစ်ကို သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲစနစ်ကို ဖန်တီးခဲ့သလို ပြိုင်ဖက်တွေ ရှင်သန်လို့မရအောင် နိုင်ငံ ရေး ပါတီတွေကို ဖိနှိပ်ခဲ့ပါတယ်။ အခုဆိုရင် စစ်ကောင်စီဟာ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ လုပ်တာဆိုပြီး အရေး ပေါ် ကာလ ခြောက်လ သက် တမ်းကို အကြိမ်ကြိမ် တိုးလာခဲ့တာဟာ လေးကြိမ်မြောက်အထိ ဖြစ်ပါတယ်။ မကြာခင် သက်တမ်းပြည့် တော့မယ့် အချိန် မရောက်ခင်မှာလည်း သာမန်မဟုတ်တဲ့ အခြေအနေဆိုပြီး နောက်ထပ်ခြောက် လ ထပ်တိုးဦးမှာ ဖြစ် ပါတယ်။ သန်းခေါင်စာရင်းကောက်ယူရေး အကြောင်းပြ၊ ရွေးကောက်ပွဲအကြောင်းပြ .. စတဲ့ ဆင်ခြေတွေနဲ့ တိုင်း ပြည်အာ ဏာကို ဆက်ယူထားဦးမှာ ဖြစ်ပါတယ်။ ဒါတွေဟာ စစ်ကောင်စီရဲ့နိုင်ငံရေး ကျဆုံးမှုရဲ့ အစဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်ခံရမှု

စစ်ကောင်စီဟာ အာဏာသိမ်းပြီးတာနဲ့ ပြည်သူလူထု၊အိမ်နီးချင်းနိုင်ငံတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ထောက် ခံမှုရဖို့ ကြိုးစားခဲ့ပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တနိုင်ငံလုံးက ပြည်သူလူထုရဲ့ ဆန္ဒပြပွဲတွေကြောင့် လူထုထောက်ခံမှုကို ဆုံးရှုံးခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုရဖို့ကြိုးပမ်းမှု တွေ လုပ်ဆောင်ခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး ။

တရုတ်အနေနဲ့ စစ်ကောင်စီကို ကုလသမဂ္ဂစင်မြင့်မှာ အကာအကွယ်ပေးမှုတွေ ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းမှုကို တော့ အတိအလင်း မထောက်ခံခဲ့ပါဘူး ။ အာဆီယံရဲ့ ဘုံသဘော တူညီချက် ငါးရပ်ကိုအကောင်အထည်ဖော်ဖို့၊ ကု လသ မဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့သာ စစ်ကောင်စီကို တိုက်တွန်းခဲ့တာ တွေ့ရပါ တယ်။

အာဆီယံကတော့ ထိပ်သီးအစည်းအဝေးကချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်မဖော် ခင်စပ်ကြားမှာ အာဆီယံထိပ်သီးအဆင့် ၊ ဝန်ကြီးအဆင့် အစည်းအဝေးတွေကို တက်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ အာဆီယံရဲ့ အခုလို ကိုင်တွယ်မှုကို အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ အပြင် အမေရိကန်နဲ့ကုလသ မဂ္ဂလုံခြုံရေးကောင်စီတို့ကပါ ထောက်ခံခဲ့တာဟာ စစ်ကောင်စီရဲ့ ပွဲဦးထွက် သံတမန်ရေးကြိုးပမ်းမှုကို ဦး ကျိုး သွား စေခဲ့ပါတယ်။

တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းမှုတွေမှာ အရှိုက်ကိုထိသွားစေတဲ့အချက်က တော့ ကုလသ မဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်ကအာဏာ သိမ်းတာကို လက် မခံနိုင်တဲ့အတွက် သူ့နေနဲ့ CDM လုပ်ကြောင်း ၂၀၂၁ ဖေဖော်ဝါရီ ၂၆ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာ ခံမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလိုအငိုက်မိသွားတဲ့ စစ်ကောင်စီဟာ ဦးကျော်မိုးထွန်းကို နိုင် ငံ တော် သစ္စာဖောက်မှုနဲ့ စွဲချက်တင်ပြီး ရာထူးကချက်ချင်းဖယ်ရှားကြောင်း ကြေညာပြီး၊ ဦးကျော်မိုးထွန်း နေရာ မှာ ဝါရှင် တန် မြန်မာစစ်သံရုံးက စစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန် ကိုအစားထိုးခန့်ဖို့ ကုလသမဂ္ဂကို သံတမန် ခန့်အပ်လွှာ တင်သွင်းခဲ့ပါတယ်။

ဒီကိစ္စဟာ စစ်ကောင်စီရဲ့ သံခင်း တမန်ခင်းကိစ္စမှာ အရေးကြီးတဲ့အတွက် မြန်မာပြည်သူလူထုနဲ့တကွ တကမ္ဘာ လုံး က စိတ်ဝင်တစား စောင့်ကြည့်ခဲ့ ကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီက ခန့်အပ်ထားတဲ့ သံအမတ်ခန့် အပ် လွှာကို ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီက ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံက ဒီဇင် ဘာလ ၆ ရက်နေ့မှာ တညီတ ညွတ်တည်း အတည်ပြုခဲ့တဲ့အတွက် ဒီကိစ္စဟာ စစ်ကောင်စီအတွက် နိုင်ငံရေးအရ ကျဆုံး ခန်းတခုဖြစ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံနဲ့ ဖွဲ့စည်းထားသော ကုလသမဂ္ဂ အဖွဲ့ကြီးက စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုကြောင်း ငြင်းပယ်လိုက်တာလို့လည်း ဆိုနိုင်ပါ တယ်။ အခုဆိုရင် အာ ဏာ သိမ်းကာလ သုံးနှစ်ပြည့်ချိန်အထိ ကုလသမဂ္ဂအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက် အသိအမှတ်ပြုထားသလို ကုလသမဂ္ဂ က ၂၀၂၄ ဇန်နဝါရီ ၁၇ ရက်စွဲတပ်ထုတ် ပြန် ထားတဲ့ တရားဝင်အသိအမှတ်ပြု အဖွဲ့ဝင်နိုင်ငံများရဲ့ နိုင်ငံအကြီး အကဲတွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးများစာ ရင်း (Head of State, Head of Government and Minister for Foreign Affairs) မှာလည်း မြန်မာနိုင်ငံရဲ့နိုင်ငံ့ အကြီးအကဲ ဦးဝင်းမြင့် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လို့ သာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါတွေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီကို တရားဝင် အစိုးရအဖြစ် အသိအမှတ် မပြုတဲ့ ဖြစ် စဉ်တွေ ဖြစ်ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်မှု

အာဏာသိမ်းစမှာ စစ်သွေးစစ်မာန်တက်ကြွနေတဲ့ စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေ ၊ ခုခံတော်လှန်သူတွေအပေါ် ရက်စက်အကြမ်းကြုတ်ဆုံးနည်းလမ်းတွေနဲ့ ဖိနှိပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုနဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေရဲ့ ခုခံမှု အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ စစ်ကောင်စီရဲ့ တပ်တွေဟာ စိတ်ဓာတ်ရေးရာ ပျက်ပြားလာပါတယ်။ အထူးသဖြင့် ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့မှာ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ စနစ်ကျတဲ့ ထိုးစစ်တွေကြောင့် စစ်ကောင်စီတပ်စခန်းတွေ အတုံးအရုံး ပြို လဲခဲ့ပါတယ်။ အချိန်ကိုက် လုပ်ဆောင်ခဲ့တဲ့ ကရင်နီပြည်နယ်က ၁၁.၁၁ စစ်ဆင်ရေး ၊ ရခိုင်ပြည်နယ်ကရက္ခိုင့် တပ် တော် (AA) ရဲ့စစ်ဆင်ရေး ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ်နဲ့ တနင်္သာတိုင်းက KNU ရဲ့ စစ်ဆင်ရေး ၊စစ်ကိုင်း နဲ့ကချင် ပြည်နယ်က စစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီအနေနဲ့ မြို့ကြီး အတော်များများကို လက်လွတ်ဆုံးရှုံး ခဲ့ရပါတယ်။ တပ်စခန်းကိုစွန့်ခွာ ထွက်ပြေးသူ ၊ လက်နက်ချအညံ့ခံသူ ၊ ကျဆုံးသူအရေအတွက် တနေ့ထက်တ နေ့ ပိုများလာ ပါ တယ်။

မှတ်တမ်းတွေအရဆိုရင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ကာလကနေ အခုချိန်ထိ (MNDAA) က စစ်စခန်းပေါင်း ၂၅၀ ကျော် သိမ်းပိုက်ခဲ့ပါတယ် ။ TNLA က တပ်စခန်းပေါင်း ၇၄ ခု၊ ရက္ခိုင့်တပ်တော် (AA)က စစ်စခန်းနဲ့ ရဲတပ် ရင်း /စခန်းပေါင်း ၁၄၇ ခု ကိုသိမ်းပိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်တွေ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်း ပေါင်း ၄၇၀ ကျော် ရှိပြီဖြစ်ပါတယ်။ ဒါပြင် မြောက်ပိုင်းညီနောင် သုံးဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလထဲမှာ ရှမ်းမြောက်ဒေသက မြို့ပေါင်း ၁၀ မြို့ကျော်ကို သိမ်းပိုက်ထားပါတယ်။ လောက်ကိုင်မှာ ဗိုလ်မှူးချုပ် အဆင့် ခြောက်ယောက်၊ အရာရှိအဆင့် ၂၂၈ ယောက် အပါအဝင် အကြပ် တပ်သားစုစုပေါင်း ၂,၃၉၅ ယောက် လက်နက် ချခဲ့တဲ့ ဖြစ် စဉ်ကတော့ စစ်တပ်သမိုင်းမှာ မကြုံဖူးတဲ့ အကြီးမားဆုံး လက်နက်ချမှုဖြစ်ပါတယ်။ ဒီလိုစစ်ရေးအရ ရှုံးနိမ့်မှု တွေ ကြောင့် အခုဆိုရင် စစ်တပ်ကို တောက်လျှောက်ထောက်ခံခဲ့တဲ့ သူတွေကတောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် နုတ်ထွက်ပေးဖို့ လူသိရှင်ကြား တောင်းဆိုတဲ့အထိ ဖြစ်လာပါတယ်။

ခြုံပြောရရရင်တော့ ကမ္ဘာ့သမိုင်းတလျှောက်တွင် ပေါ်ထွန်းခဲ့တဲ့ အာဏာရှင်တွေဟာ ကိုယ့်ပြည်သူပြည်သား တွေ ကိုပဲ ဖိနှိပ်တာမျိုးတင်မက လူသားအားလုံးရဲ့ စိတ်နှလုံးကိုလည်း ညှိုးနွမ်းအောင်လုပ်လေ့ရှိပါတယ်။ သမိုင်း မှာ ဖျက်လို့မရတဲ့ အမည်းစက်တွေကို စွန်းထင်းစေခဲ့ပါတယ် ။ ဒါပေမယ့် ဒီမင်းဆိုးမင်းညစ်တွေဟာ ဇာတ်သိမ်း မ ကောင်းတတ်ကြပါဘူး။ ဘ၀ နိဂုံး အဆုံးသတ် မလှကြပါဘူး ။ ဒါကြောင့် နိုင်ငံရေး ၊ စစ်ရေး ၊ စီးပွားရေး ၊လူမှု ရေး စတဲ့ နယ်ပယ်အသီးသီးမှာ ချွတ်ခြုံကျနေတဲ့ စစ်ကောင်စီဟာ မဝေးတော့တဲ့ကာလမှာ ဇာတ်သိမ်းမလှ တဲ့ အခြေ အနေတရပ်နဲ့ ရင်ဆိုင်ရတော့မယ် ဆိုတာကတော့ သေချာနေတဲ့အချက် ဖြစ်ပါတယ် ။ ။

ဥက္ကာမင်းညို
စစ်ကောင်စီ #နိုင်ငံရေးကျဆုံး #နိုင်ငံတကာအသိုင်းအဝိုင်း #စစ်ရေးအရရှုံးနိမ့် #ဥက္ကာမင်းညို

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */