" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 27, 2023

မောင်တောတွင်တိုက်ပွဲမဖြစ်စေရန်စစ်ကောင်စီနှင့်မြို့မိမြို့ဖ များ တွေ့ဆုံဆွေးနွေး

DVB
November 27, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ တိုက်ပွဲမဖြစ်စေဖို့ စစ်ကောင်စီနဲ့ မြို့လူကြီးတွေ နိုဝင်ဘာ ၂၅ ရက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ မောင်တောဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်မမှူး ဦးဆောင်တဲ့အဖွဲ့နဲ့ မောင်တောမြို့ခံ မြို့မိမြို့ဖတွေ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

မောင်တောမြို့ဟာ နယ်စပ်မြို့လည်းဖြစ်ပြီး မြို့ဒေသခံတွေ ဒုက္ခရောက်မှာဖြစ်တဲ့အတွက် အေအေနဲ့ ဆက်စပ်တဲ့ မြို့လူကြီးတွေအနေနဲ့ အေအေဘက်ကို ပြောပေးကြဖို့ တိုက်တွန်းခဲ့ကြတာလို့ အစည်းအဝေးတက်ရောက်သူတွေ နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

"သူတို့ အဓိကဆွေးနွေးတာကတော မောင်တောမှာ တိုက်ပွဲမဖြစ်ဖို့ အဓိကပေါ့နော်။ မောင်တောမြို့ဆိုတာက လည်း ၂၀၁၂ ရယ်၊ ၂၀၁၆ နဲ့ ၂၀၁၇ တွေမှာလည်း ဒုက္ခမျိုးစုံ ရောက်ခဲ့ကြတယ်။ နောက်ပြီး နယ်စပ်မြို့ဆိုတော့ ထိလွယ်ရှိလွယ်တွေရှိတယ်။ AA အပါအဝင် ARSA နဲ့ RSO တပ်ဖွဲ့တွေပါရှိနေတော့ တိုက်ပွဲဖြစ်ဖို့ မသင့်လျော် ကြောင်း ဆွေးနွေခဲ့ကြတယ်လို့ သိရပါတယ်။”

လက်ရှိမှာ စစ်ကောင်စီ နယ်ခြားစောင့်တပ်တွေ နောက်ဆုတ်သွားခဲ့ရတဲ့ မောင်တောမြို့နယ် မြောက်ပိုင်း မျော့ တောင်ကျေးရွာစခန်းနဲ့ ကျားခေါင်းကျေးရွာစခန်းတို့မှာ Arakan Rohingya Salvation Army (ARSA) တပ်ဖွဲ့က နေရာယူထားပြီး အဆိုပါ ကျေးရွာတွေအနီးရှိ ကျေးရွာတွေမှာ စားနပ်ရိက္ခာနဲ့ ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */