" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Saturday, April 13, 2024

မောင်တောက ကြိမ်ချောင်းဗျူဟာ အေအေသိမ်းပိုက်

BBC
ဧပြီလ ၁၃ ရက် ၂၀၂၄

ဧပြီ ၅ ရက်က အေအေသိမ်းထားတဲ့ ဘူးသီးတောင်အခြေစိုက် (ခမရ-၅၆၄) တပ်ရင်းဌာနချုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကြိမ်ချောင်းဗျူဟာစခန်းကို ဧပြီ ၁၂ ရက်မှာ အပြီး သတ်တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) က ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

Tuesday, April 9, 2024

ကချင်နှင့် ရခိုင်ဒေသထိုးစစ် တရုတ်ကြားဝင်မလား

ဧရာဝတီ
8 April 2024
ဆောင်းပါး

ဧပြီလ ၁ ရက် နေပြည်တော်တွင် တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ကြစဉ်


ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့၌ တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းခဲ့ပြီး တရုတ်စီမံကိန်းဧရိယာများ ပိတ်ဆို့ကန့်သတ်ခံလာရချိန် တရုတ်၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ဧပြီ ၁ ရက်တွင် နေပြည်တော်သို့လာရောက်ကာ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့်အပြင် တရုတ်စစ်တပ်ကလည်း မြန်မာနယ်စပ်အနီး နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။

မောင်တောတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းတချို့ ထွက်ပြေးသွား

BNI
Monday, April 08, 2024

ရခိုင်ပြည်၊ မောင်တောမြို့တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ၏ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတချို့ ထွက်ပြေးသွားကြကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးမှာ ဧပြီလ ၅ ရက် နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းတချို့နှင့်အတူ တာဝန်ထမ်းဆောင်ရာနေရာမှ ထွက်ပြေးသွားခြင်းဖြစ်သည်။

စစ်ကောင်စီပစ်လက်နက်ကြီးကျည် ပေါက်ကွဲပြီး မောင်တောမြို့နယ် ကြိမ်ချောင်းရွာ မီးလောင်နေ

Arakan Bay News
tun linn
April 8, 2024


ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ မြို့သူကြီး နခခ ၅ မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကြိမ်ချောင်းရွာမီးလောင်နေကြောင်း မောင်တောဒေသခံ ၁ဦးက AB News သို့ ပြောကြားသည်။
ဒီနေ့ ညနေ ၆နာရီကျော်အချိန်မှာ မြို့သူကြီး နခခ ၅ က အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီး တွေ ပစ်ခတ်ခဲ့တယ်။ အခုတော့ ကြိမ်ချောင်းရွာ မီးလောင်နေတာကို ကျနော်တို့ မြင်ရတယ် ဟု ဒေသခံတစ်ဦးကဆိုသည်။

နိုင်ငံတဝန်းကအကျဥ်းထောင်တွေထဲ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာထောင်ချီရှိနေပြီး အမျိုးသမီးနဲ့ကလေးတွေလည်းပါဝင်

BBC
၈ ဧပြီ ၂၀၂၄

၂၀၂၀ ခုနှစ်အတွင်း ထောင်တွေကနေလွှတ်လိုက်တဲ့ပြီးနောက် ရခိုင်ကိုပြန်ပို့ခံရတဲ့ ရိုဟင်ဂျာတွေ


နေရပ်စွန့်ခွာဖို့ကြိုးစားရင်းဖမ်းဆီးခံရလို့ နိုင်ငံတဝန်းက အကျဥ်းထောင်တွေထဲမှာ အကျဥ်းကျခံနေရတဲ့ ရိုဟင်ဂျာအရေအတွက် ၃ထောင် ကနေ ၅ထောင်ကြားရှိမယ်လို့ ရိုဟင်ဂျာအ‌ရေးဆောင်ရွက်နေသူတွေကပြောပါတယ်။ ဧရာဝတီတိုင်းထဲမှာ ရိုဟင်ဂျာတွေကိုအများဆုံးဖမ်းဆီးထားတာဖြစ်ပြီး ရခိုင် ပြည်နယ်မှာဒုတိယအများဆုံး ဖမ်းဆီးထားတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကနေသိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေ ဘာဆက်ဖြစ်ကြသလဲ

VOA
ဆုမွန်

၀၈ ဧပြီ၊ ၂၀၂၄ 

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲ တိုက်ပွဲတွေမှာ စစ်ရေးအရေးနိမ့်လို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို နောက်ဆုံးရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဘင်္ဂ လားဒေ့ရှ်ဘက်က ရေလမ်းကနေတဆင့် ပြန်ပို့ဖို့ နှစ်နိုင်ငံစီစဉ်နေပါတယ်။

Link : Here

Monday, April 8, 2024

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအပေါ် အစိုးရ ရပ်တည်ချက် ထုတ်ပြန်

ဧရာဝတီ ဘလောက်
Tuesday, June 18, 2013 

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအပေါ် အစိုးရရဲ့ ရပ်တည်ချက် ရှင်းလင်းတာကို ယနေ့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လ-ဝ-က ဝန်ကြီး ဦးခင်ရီ၊ ဓာတ်ပုံ- သမ္မတရုံး ဝက်ဆိုက်

မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂ ခုနှစ်)နှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ ရပ်တည်ချက် သဘောထား ရှင်းလင်းချက်

[၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ဘယ်လိုဖြစ်လာသလဲ၊ ဘာတွေ ပြဌာန်း ထားသလဲ၊ ဘာ့ကြောင့် ပြင်ဆင်ဖို့ မလိုဟု အစိုးရက ခံယူထားသလဲ အကျယ်ကို ဖတ်ရှုနိုင်ပါသည်။]

“၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ဦးကိုနီ (တရားရုံးချုပ်ရှေ့နေ)၏ သုံးသပ်တင်ပြချက်”

“၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ဦးကိုနီ (တရားရုံးချုပ်ရှေ့နေ)၏ သုံးသပ်တင်ပြချက်”

ဆိုရှယ်လစ် တစ်ပါတီ အာဏာရှင်စနစ်အောက်တွင် အာဏာပိုင်ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆန္ဒနှင့်အညီ ရေးဆွဲပြ ဋ္ဌာန်းခဲ့သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားထ ဥပဒေနှင့်စပ်လျဉ်း၍ ဝေဖန်ပြောဆိုမှုအမျိုးမျိုးကို မီဒီယာများမှတစ် ဆင့် ကြားသိနေရသည့်အပြင် ခင်မင်ရင်းနှီးသော မိတ်ဆွေများကလည်း ကျွန်တော်၏ ထင်မြင်ယူဆချက်ကို မကြာခဏ မေးမြန်းခြင်းခံနေရ သည့်အတွက် ဤဆောင်းပါးကို ရေးသားရန် လွန်ခဲ့သော ၂ဝ၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ အကြောင်းဖန် လာပါ သည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ဖြစ်ပေါ်လာပုံ



၁။ ၁၈၈၅ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်ပွားပြီးနောက် .... မြန်မာတစ်ပြည်လုံးကို ... ၁၈၈၆ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ... အပြီးအပိုင်သိမ်းယူပြီးကြောင်း ကြေငြာခဲ့သည်။ ထို့နောက် (၉-၄-၁၈၉၇)ရက်နေ့တွင် ... မြန်မာနိုင်ငံအား အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် ... သတ်မှတ်အုပ်ချုပ်ခဲ့ပါသည်။


နှစ်ပေါင်း (၁၀၀)ကျော် ကိုလိုနီနယ်ဖြစ်ခဲ့ပြီး ... (၄-၁-၁၉၄၈) ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပါသည်။

မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ သိကောင်းစရာ

VOA
သတင်းသုံးသပ်ချက်
၁၉ ဇူလိုင်၊ ၂၀၁၂ 

Myanmar Parliament
 

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံသားဥပဒေမှာ အားနည်းချက် တစုံတရာရှိနေသလား။ ဘာတွေကို ပြင်ဆင်ရေးသားဖို့ လိုအပ်နေသလဲဆိုတာတွေကို ပြည်သူ့ရေးရာ ဥပဒေကော်မရှင် ဥက္ကဋ္ဌ ဦးသန်းမောင်၊ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦး တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

သီပေါ စော်ဘွား စဝ်ကြာဆိုင် နှင့်သုစန္ဒီ မင်းသမီး

သီးပေါ စော်ဘွား စဝ်ကြာဆိုင်သည်သီပေါ စော်ဘွား စော်ဘွား စဝ်အိုနှင့် စဝ်စိန်လွှာမှ 1924 ဖွားမြင်တော်မှုပြီး မွေးချင်းများဖြစ်ကြသော စဝ်ကြာဆုန်၊ စဝ်မမ၊ စဝ်ကြည်စု၊ စဝ်ယဉ်နုတို့၏ မောင်အငယ်ဆုံး ဖြစ်သည်။

ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရ (ရုပ်/သံ)

ဧရာဝတီ
စောမေရီ၊ ဧပြီ ၇၊ ၂၀၂၄

ရခိုင်ပြည်နယ် မြောက်ပိုင်း ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေပြီး မိသားစုနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ကာယကံရှင်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ဧရာဝတီကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေက ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေ ဖြစ်ကြပြီး အများစုက ဒုက္ခသည်စခန်းမှာနေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

Sunday, April 7, 2024

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်ခန့်

ဧရာဝတီ
6 April 2024


သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီ ဘိရှော့ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ဧပြီလ ၅ ရရက်နေ့တွင် ခန့်အပ်လိုက်သည်။

ရခိုင်ဒေသ စစ်ကောင်စီ တပ်သားစုဆောင်းမှု “သတင်း ထောက်မှတ်စု”

VOA
သားညွန့်ဦး
၀၆ ဧပြီ၊ ၂၀၂၄ 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် AA ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခ သည်တွေ အခက်အခဲ ကြုံနေသလို၊ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုတွေကြောင့် စစ်ကောင် စီထိန်းချုပ်တဲ့ဒေသက ဒေသခံ ရခိုင်လူငယ်တွေရော၊ ရိုဟင်ဂျာလူငယ်တွေအတွက်ပါ စိုးရိမ်စရာဖြစ်နေပါတယ်။ ကိုသားညွန့်ဦး တင်ပြထားပါတယ်။ 

Link : Here

Saturday, April 6, 2024

ရခိုင်မှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို ရက်တိုစစ်သင်တန်းပေးပြီး ရှေ့တန်းပို့

RFA
RFA Burmese
2024.04.05 

စစ်ယူနီဖောင်းဝတ်ဆင်ထားပြီး သေနတ်ကိုင်ဆောင်ထားသည့် မွတ်စလင်များအား ၂၀၂၄ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရက္ခိုင့်တပ်တော်(AA)ရဲ့ ထိုးစစ်တွေကြောင့် ဗျူဟာကုန်းတွေ၊ တပ်ရင်း တပ်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ် ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို ရက်တိုစစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့နေတယ်လို့ ကိုယ်တိုင်ပြည်သူ့စစ်သင်တန်း တက်ခဲ့ရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

Friday, April 5, 2024

အဓမ္မစစ်သားစုဆောင်ရပြီး ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေကို စစ်ကောင်စီက လိုက်လံ ရှာဖွေနေ

Western News
ဧပြီ ၅ ရက် ၂၀၂၄

"အဓမ္မစစ်သားစုဆောင်ရပြီး ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေကို စစ်ကောင်စီက လိုက်လံ ရှာဖွေနေ၊ မတွေ့ရှိပါက မိသားစုဝင်များကို ဖမ်းဆီး" စတာတွေ အပါအဝင် ရခိုင်ပြည်အတွင်း မွတ်ဆင်လင်တွေရဲ့အခြေအနေကို မေး မြန်းထားပါတယ်။

Link : Here

မြန်မာ့အရေး လုံခြုံရေးကောင်စီ ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေး

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.04.04

၂ဝ၂၄ ခုနှစ် ဧပြီလ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် ကုလသလုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးပွဲတက်ရောက်လာသည့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ညွှန်ကြားရေးမှူး လီဆာ ဒေါက်ခ်တန်။ Photo: UN Web TV


[Update: 1:10 AM, April 05, 2024]

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအကြောင်း တံခါးပိတ်ဆွေးနွေးခဲ့ပြီး၊ ပြီးခဲ့တဲ့ ဧပြီလ ၄ရက်နေ့ကတော့ ပထမဆုံးအကြိမ် တံခါးဖွင့် အစည်းအဝေး ကျင်းပခဲ့ပါတယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၄ ဧပြီ၊ ၂၀၂၄ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတခု 
 

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ နယူးယောက်မြို့က ကုလသမဂ္ဂလုံခြုံရေးကောင် စီမှာ ဆွေးနွေးနေကြပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေးနေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေတဲ့အတွက် အရပ်သားတွေ ထိခိုက်နေတဲ့ ကိစ္စ၊ ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့အရေးလုံခြုံရေးကောင်စီဆွေးနွေးပွဲအပေါ် အမြင်သုံးသပ်ချက်

VOA
ငြိမ်းချမ်းအေး
၀၅ ဧပြီ၊ ၂၀၂၄ 

လုံခြုံရေးကောင်စီတံခါးဖွင့်ဆွေးနွေးပွဲမှာ ရိုဟင်ဂျာပြဿနာကို ဦးတည် ဆွေးနွေးတာမျိုးက စစ်အာဏာရှင်တော်လှန်ရေးမှာလူမျိုးရေးကို ဦးတည်သလား၊ လူသားအားလုံးအရေးလုပ်တာလား ဆိုတာကို စမ်းသပ်ချက် ဖြစ်တယ်လို့အမေရိကန်အခြေစိုက် မြန်မာနိုင်ငံရေးသိပ္ပံပညာရှင်ကသုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေး မြန်းထားပါတယ်။

Link : Here

နှစ်ပတ်သင်တန်းတက်ပြီး ပြည်တွင်းစစ်ထဲဝင်တိုက်ရတဲ့ရိုဟင်ဂျာတွေ

BBC
၄ ဧပြီ ၂၀၂၄ 

စစ်သင်တန်းတက်နေတဲ့ ရိုဟင်ဂျာတွေ
 
မြန်မာစစ်တပ်က ရိုဟင်ဂျာရာနဲ့ချီကို စစ်သင်တန်းပေးပြီး ပြည်တွင်းစစ်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ စစ်တိုက်ခိုင်းတယ်လို့ ကိုယ်တိုင်စစ်မြေပြင်ရောက်ပြီးစစ်တိုက်ခဲ့ရတဲ့ အသက် ၃၁ နှစ်အရွယ် မိုဟာမက်က ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */