" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 9, 2024

နိုင်ငံတဝန်းကအကျဥ်းထောင်တွေထဲ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာထောင်ချီရှိနေပြီး အမျိုးသမီးနဲ့ကလေးတွေလည်းပါဝင်

BBC
၈ ဧပြီ ၂၀၂၄

၂၀၂၀ ခုနှစ်အတွင်း ထောင်တွေကနေလွှတ်လိုက်တဲ့ပြီးနောက် ရခိုင်ကိုပြန်ပို့ခံရတဲ့ ရိုဟင်ဂျာတွေ


နေရပ်စွန့်ခွာဖို့ကြိုးစားရင်းဖမ်းဆီးခံရလို့ နိုင်ငံတဝန်းက အကျဥ်းထောင်တွေထဲမှာ အကျဥ်းကျခံနေရတဲ့ ရိုဟင်ဂျာအရေအတွက် ၃ထောင် ကနေ ၅ထောင်ကြားရှိမယ်လို့ ရိုဟင်ဂျာအ‌ရေးဆောင်ရွက်နေသူတွေကပြောပါတယ်။ ဧရာဝတီတိုင်းထဲမှာ ရိုဟင်ဂျာတွေကိုအများဆုံးဖမ်းဆီးထားတာဖြစ်ပြီး ရခိုင် ပြည်နယ်မှာဒုတိယအများဆုံး ဖမ်းဆီးထားတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကနေသိရပါတယ်။


ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေအတွက် အမှုလိုက်ပေးတဲ့ရှေ့နေတွေအနေနဲ့လည်း ရိုဟင်ဂျာတွေကို အကူညီပေးဖို့ အခက်ခဲတွေရှိနေတယ်လို့ဆိုပါတယ်။

“ဖမ်းခံထားရတာက ထောင်ထဲမှာလည်းရှိတယ်။ ကလေးတွေဆိုရင် လူငယ်ထိန်းသိမ်းရေးကျောင်းပို့ကြတော့ အဲဒီနေရာ တွေမှာရှိတယ်ပေါ့။ လဝကဥပဒေနဲ့ဖမ်းခံရတာဆိုတော့ တချို့လဝကနဲ့ရဲစခန်းက တွေ့ခွင့်ပေးပေမယ့် တချို့က ကျွန်မတို့နဲ့တွေ့ခွင့်မပေးတာရှိတယ်။ ရှေ့နေတစ်ယောက်အနေနဲ့ လုပ်ပိုင်ခွင့်ကဘာမှသိပ်မရဘူး။”လို့ ရိုဟင်ဂျာအမှုလိုက်ပေးနေတဲ့ ရှေ့နေတစ်ဦးပြောပါတယ်။

                                                                    အင်းစိန်ထောင်

ဘာသာစကားအခက်ခဲကြောင့်လည်းထောင်ကျနေချိန်မှာ အခက်ခဲဖြစ်ကြသလို ထောင်ထဲမှာ ယားနာနဲ့ ကျန်းမာရေးပြဿနာတွေလည်းကြုံနေရတာပါ။ “ရိုဟင်ဂျာတွေက ထောင်ချီလို့ပြောနေပေမယ့် ဒီထက်ပိုများနိုင်ပါတယ်။ဒါကို ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့သူတွေကော နိုင်ငံတကာအဖွဲ့စည်းတွေကကော အာရုံစိုက်ပြီးလုပ်စေချင်ပါတယ်” လို့ ကိုယ်တိုင်က ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်သလို ရိုဟင်ဂျာအချင်းချင်းကူညီနေတဲ့ ဦးအောင်မြိုင်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း မလေးရှားကိုသွားဖို့ ရခိုင်ပြည်နယ် စစ်တွေကတဆင့် မွန်ပြည်နယ် သံဖြူ ဇရပ်ဘက်ရောက်လာတဲ့ ရိုဟင်ဂျာ ၁၁၀ ကျော်ဖမ်းဆီးခဲ့ရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */