Showing posts with label ဦးကိုနီ. Show all posts
Showing posts with label ဦးကိုနီ. Show all posts

Monday, April 8, 2024

“၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ဦးကိုနီ (တရားရုံးချုပ်ရှေ့နေ)၏ သုံးသပ်တင်ပြချက်”

“၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ဦးကိုနီ (တရားရုံးချုပ်ရှေ့နေ)၏ သုံးသပ်တင်ပြချက်”

ဆိုရှယ်လစ် တစ်ပါတီ အာဏာရှင်စနစ်အောက်တွင် အာဏာပိုင်ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆန္ဒနှင့်အညီ ရေးဆွဲပြ ဋ္ဌာန်းခဲ့သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားထ ဥပဒေနှင့်စပ်လျဉ်း၍ ဝေဖန်ပြောဆိုမှုအမျိုးမျိုးကို မီဒီယာများမှတစ် ဆင့် ကြားသိနေရသည့်အပြင် ခင်မင်ရင်းနှီးသော မိတ်ဆွေများကလည်း ကျွန်တော်၏ ထင်မြင်ယူဆချက်ကို မကြာခဏ မေးမြန်းခြင်းခံနေရ သည့်အတွက် ဤဆောင်းပါးကို ရေးသားရန် လွန်ခဲ့သော ၂ဝ၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ အကြောင်းဖန် လာပါ သည်။

Tuesday, January 29, 2019

ဦးကိုနီ လုပ်ကြံမှု အမှုမှန်ပေါ်ပေါက်ရေး နိုင်ငံ တော် အတိုင်ပင်ခံ တိုက်တွန်း

VOA
ဗွီအိုအေမြန်မာပိုင်း
ထက်အောင်ခန့်
၂၉ ဇန်နဝါရီ၊ ၂၀၁၉
                                                             ဦးကိုနီနဲ့ ကိုနေဝင်းတို့ ကွယ်လွန်သွားတာ ၂ နှစ်ပြည့်အထိမ်းအမှတ်

   တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ ကွယ်လွန်သွားတာဟာ မြန်မာနိုင်ငံ အတွက် ဆုံးရှုံးမှု ဖြစ်ပြီး အမှန်တရားပေါ်ပေါက်အောင်ကြိုးပမ်းဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဦးကိုနီနဲ့ ကိုနေဝင်းတို့ ကွယ်လွန်သွားတာ နှစ်နှစ်ပြည့်အထိမ်း အမှတ် အဖြစ် ဒီကနေ့ ရန်ကုန်မြို့မှာကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာထဲမှာ အဲဒီလို တိုက်တွန်းထားတာပါ။ ဒီကနေ့ အခမ်းအနားကို ကိုယ်တိုင်သွားပြီး သတင်းယူ ခဲ့တဲ့ ဗွီအိုအေမြန်မာ ပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */