" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, April 13, 2024

မောင်တောက ကြိမ်ချောင်းဗျူဟာ အေအေသိမ်းပိုက်

BBC
ဧပြီလ ၁၃ ရက် ၂၀၂၄

ဧပြီ ၅ ရက်က အေအေသိမ်းထားတဲ့ ဘူးသီးတောင်အခြေစိုက် (ခမရ-၅၆၄) တပ်ရင်းဌာနချုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကြိမ်ချောင်းဗျူဟာစခန်းကို ဧပြီ ၁၂ ရက်မှာ အပြီး သတ်တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) က ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီစခန်းဟာ စစ်ကောင်စီရဲ တပ်ဖွဲ့ဝင်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၅၀၀ နီးပါးတပ်စွဲထားတဲ့ စခန်းဖြစ်ပြီး ရက်ပေါင်း ၅၀ နီးပါးတိုက်ခိုက်ပြီးမှ သိမ်းယူနိုင်ခဲ့တဲ့ နယ်ခြားစောင့်တပ်စခန်းဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် မိသားစုဝင်တွေကိုပါ ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေက ပြောပါတယ်။

လက်ရှိမှာ မောင်တောမြို့မှာရှိတဲ့ တပ်စခန်းအားလုံးနီးပါးကို အေအေက သိမ်းထားနိုင်ပြီး မြောက်ပိုင်းက စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ် ဌာနချုပ်တစ်ခုနဲ့ တောင်ပိုင်းမှာတော့ အင်းဒင်နယ်ခြားစောင့်တပ်ရင်းတစ်ခုသာ ကျန်ရှိတော့တယ်လို့ မြေပြင်မှာရှိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်ရဲ့ အမ်းနဲ့ ဘူးသီးတောင်မြို့တို့မှာလည်း အေအေနဲ့ စစ်ကောင်စီတပ်ကြား တိုက် ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင် လေကြောင်းပစ်ကူတွေနဲ့ပါ ခုခံတိုက်ခိုက်နေတယ်လို့ အေအေက ကြေညာထားပါတယ်။

အေအေက စစ်ကောင်စီရဲ့ အဓိကအရေးပါတဲ့ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် ဘူးသီးတောင်အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ လက်ကျန်စခန်းတွေကိုပါ ဆက်ပြီးထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ ရခိုင်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */