" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, April 8, 2024

ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရ (ရုပ်/သံ)

ဧရာဝတီ
စောမေရီ၊ ဧပြီ ၇၊ ၂၀၂၄

ရခိုင်ပြည်နယ် မြောက်ပိုင်း ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေပြီး မိသားစုနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ကာယကံရှင်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ဧရာဝတီကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေက ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေ ဖြစ်ကြပြီး အများစုက ဒုက္ခသည်စခန်းမှာနေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။


ရှေ့တန်းတိုက်ခိုက်ရေး ကွန်မန်ဒိုတပ်သားတွေအဖြစ် စေခိုင်းနေတာမျိုးတွေ ရှိသလို သူတို့ရဲ့ စခန်းတွေကို စောင့်ဖို့ ရွာခံလို့ခေါ်တဲ့ စခန်းစောင့် တပ်သားတွေ အဖြစ် ထားရှိတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ရှုံးနေတဲ့ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို အသုံးပြုပြီး ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအသွင်ဖန်တီးနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေကဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */