" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, April 8, 2024

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ဖြစ်ပေါ်လာပုံ



၁။ ၁၈၈၅ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်ပွားပြီးနောက် .... မြန်မာတစ်ပြည်လုံးကို ... ၁၈၈၆ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ... အပြီးအပိုင်သိမ်းယူပြီးကြောင်း ကြေငြာခဲ့သည်။ ထို့နောက် (၉-၄-၁၈၉၇)ရက်နေ့တွင် ... မြန်မာနိုင်ငံအား အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် ... သတ်မှတ်အုပ်ချုပ်ခဲ့ပါသည်။


နှစ်ပေါင်း (၁၀၀)ကျော် ကိုလိုနီနယ်ဖြစ်ခဲ့ပြီး ... (၄-၁-၁၉၄၈) ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပါသည်။

၂။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်အချိန်တွင် .. ၁၉၄၈ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေနှင့် ၁၉၄၈ ခုနှစ်ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေ ဟူ၍ ဥပဒေ(၂)ရပ် ပြဌာန်းခဲ့ပါသည်။ မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေသည် ဗြိတိသျှလက်အောက်ခံဘဝမှ .... လွတ်လပ်သည့်နိုင်ငံဘဝသို့ ကူးပြောင်းသည့် ... စပ်ကူးမတ်ကူး ကာလတွင် ... မြန်မာနိုင်ငံအတွင်း ရောက်ရှိနေထိုင်ကြသော ... နိုင်ငံခြားသားများအား မြန်မာနိုင်ငံသား အဖြစ် ... ရွေးချယ်ခံယူခွင့် ရရှိနိုင်စေရန် ရည်ရွယ်၍ ... ပြဋ္ဌာန်းခဲ့သည့်ဥပဒေ ဖြစ်ပါသည်။ ရွေးချယ်ပိုင်ခွင့်သက်တမ်းကာလသည် ... (၃၀-၄-၁၉၅၀) ရက်နေ့တွင် သာမန်အား ဖြင့် ကုန်ဆုံးပြီးဖြစ်ရာ ... ယင်းဥပဒေ၏ အာနိသင်မှာ ... အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်ပါသည်။


၃။ ဖော်ပြပါဥပဒေ(၂)ရပ်ကို ရေးဆွဲချိန်သည် ... မြန်မာနိုင်ငံတွင် တိုင်းရင်းသားများသာမက ... တိုင်းတစ်ပါးမှ စီးပွားရှာရန် ရောက်ရှိနေကြသော တိုင်းတစ်ပါးသားများ.... ယင်းတိုင်းတစ်ပါး သားများနှင့် အိမ်ထောင်ကျပြီး ပေါက်ဖွားလာသော သွေးနှောများ .... နှစ်ပေါင်းများစွာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော ... တိုင်းတစ်ပါးမိဘနှစ်ပါးမှ မြန်မာနိုင်ငံအတွင်း မွေးဖွားသူများ... အစရှိသဖြင့် အများအပြားရှိနေကြပြီး ဖြစ်ပါသည်။ တိုင်းရင်းသားများမှအပ ... အခြားမည်သူတို့ကို နိုင်ငံသားအဖြစ် လက်ခံသည်ဆိုသည်မှာ ... နိုင်ငံတော်၏ အချုပ်အခြာ အာ ဏာအတွင်း ကျရောက်သည့် ... လုပ်ပိုင်ခွင့် ဖြစ်ပါသည်။ သို့ရာတွင် ... လွတ်လပ်ရေးကို မရ ရအောင် ကြိုးပမ်းနေချိန်... တစ်နည်းဆိုသော် .... မိမိတို့ကြမ္မာကို မိမိတို့အပြည့်အ၀ ဖန်တီးခွင့် ရရှိရန် ကြိုးပမ်းနေချိန်၌.. နိုင်ငံ သားဖြစ်မှု ဥပဒေကို ရေးဆွဲခဲ့ရသောကြောင့် .... နိုင်ငံတော်နှင့် ပြည်သူတို့၏ ရေရှည် အကျိုးစီးပွားကို .... အဓိကထား၍ ရေးဆွဲလိုသော်လည်း ... ထိုစဉ်က တည်ရှိနေခဲ့သော အခြေအနေများ ... ပြဿနာများကို ခြုံငုံမိအောင် ကျော်လွှားလွန်ဆန်နိုင်ခြင်း မရှိပဲ .. နိုင်ငံသားဖြစ်မှု အက်ဥပဒေကို ရေးဆွဲခဲ့ရပါသည်။ ထို့ကြောင့် အဆိုပါဥပဒေများတွင် ဟာကွက် ၊ ပျော့ကွက်များ ပါရှိခဲ့ပါသည်။


၄။ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ... မိမိတို့၏ကြမ္မာကို မိမိတို့ဖန်တီးနိုင်ခွင့် ... ပြည့်ပြည့်၀၀ ရရှိခဲ့သည့် အချိန်တွင် .. ယခင် ၁၉၄၈ခုနှစ် ... ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေသည်... ရွေးချယ်ပိုင်ခွင့်သက်တမ်းကာလ ကုန်ဆုံးပြီးဖြစ်၍ .. ယင်းဥပဒေ၏ အာနိသင်မှာ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်ခြင်း ... ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေသည်လည်း.. နိုင်ငံခြားသားများ လွယ်လင့်တကူ နိုင်ငံသားအဖြစ်ကို ရယူနိုင်စေသည့် ... ဟာကွက် ၊ အားနည်းချက်များ ရှိနေခြင်းတို့ကြောင့် .... နိုင်ငံတော်နှင့် နိုင်ငံသားများ၏ .... အမျိုးသား အကျိုးစီးပွားကို အကာအကွယ်ပေးရန်.. မိမိတို့တိုင်းရင်းသားများ၏ ရပိုင်ခွင့်များကို အပြည့်အ၀ သတ်မှတ်ပေးရန် ... ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ရခြင်းဖြစ်ပါသည်။


၅။ ဥပဒေရေးဆွဲနိုင်ရန်အတွက် ... ၁၉၇၆ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ပြီး ... နိုင်ငံတော် ကောင်စီသည် ဥပဒေကော်မရှင်တစ်ရပ် ... ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။ ဥပဒေရေးဆွဲခြင်းကို အောက်ခြေ အဆင့်အထိ .. ပါတီ ၊ ကောင်စီ ၊ လူထုလူတန်းစားအဖွဲ့အစည်းများ ... နယ်စပ်ဒေသ၌ နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ ... မြို့ကြီးပြကြီးများတွင် နေထိုင်ကြသော ပြည်သူများနှင့် .... နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထုများ၏ ဆန္ဒသဘော ထားများ... အကြံပြုချက်များကို ကျယ်ကျယ်ပြန့်ပြန့်တောင်းခံရယူပြီး ရေးဆွဲခဲ့ပါသည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ... (၆)နှစ်ခန့်အချိန်ယူ ရေးဆွဲပြီးနောက် .... (၁၅-၁၀-၁၉၈၂)ရက်နေ့တွင် .... ပြည်သူ့လွှတ်တော်ဥပဒေအမှတ် (၄)ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ။ 

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */