VOA
ဗွီအိုအေ (မြန်မာပိုင်း)
23 ဇွန်၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)
23 ဇွန်၊ 2020
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း (Credit - Ministry of Foreign Affairs Myanmar)
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ် လိုက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံဘက်က လက်မခံပယ်ချလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာ ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၄၃ ကြိမ်မြောက် ပုံမှန်အစည်းအ ဝေးအတွင်း ဥရောပသမဂ္ဂ (EU) က တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်အဆိုကို လက်မခံကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက အခုလို ပြောပါတယ်။