VOA
ဗွီအိုအေ (မြန်မာဌာန)
31 ဒီဇင်ဘာ၊ 2019
ဥရောပ သမဂ္ဂအဖွဲ့ EU က ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူ အညီ ဖြစ် နောက်ထပ် ယူရိုငွေ ၁၀ သန်း ပေးအပ်မယ်လို့ ဥရောပကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ် အစောပိုင်းက ထောက်ပံ့ကူညီမယ်လို့ ကြေညာထားပြီးဖြစ်တဲ့ ယူရိုငွေ ၃၃ သန်းအပေါ် အပိုဆောင်းပေးအပ်တဲ့ အကူအညီလည်း ဖြစ်ပါတယ်။ အဲဒီ အကူအညီတွေကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က နယ်ခံ လူမှုအဖွဲ့အစည်းတွေနဲ့ နေရပ်စွန့်ခွာရသူတွေ၊ ဒုက္ခသည်တွေ အသက်ရှင်ရပ်တည်နိုင်ရေး အကူအညီအဖြစ် ရည်ရွယ် ပေးအပ်တာ ဖြစ်ပါတယ်။ဗွီအိုအေ (မြန်မာဌာန)
31 ဒီဇင်ဘာ၊ 2019
ဒုက္ခသည် အကျပ်အတည်း စတင်ချိန်ကစလို့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း EU ရဲ့ အကူအညီဟာ မရေတွက်နိုင်လောက် တဲ့ လူသားတွေရဲ့ဘဝတွေကို ကယ်တင်ပေးနေခဲ့ကြောင်း၊ ရိုဟင်ဂျာ ဒုက္ခသည် ထောင်ပေါင်း များစွာဟာ အသက် ရှင်ရပ်တည်ရေး လူသားချင်းစာနာမှု အထောက်အပံ့တွေအပေါ် မှီခိုနေရတာကြောင့် အကူအညီပေးအပ်တာတွေကို မရပ်ဆိုင်းနိုင်ကြောင်း၊ ဒီကနေ့ ထပ်မံ အပိုဆောင်းပေးအပ်တဲ့ အကူအညီ ဟာ ဘယ်လောက်ပဲ အချိန် ကြာပါစေ ရိုဟင်ဂျာတွေဘက်က ဆက်လက် ရပ်တည်နေမယ်ဆိုတဲ့ EU ရဲ့ ရပ်တည်ချက်ကို ပြသတာ ဖြစ်ကြောင်း၊ EU အနေနဲ့ Cox’s Bzar နဲ့ မြန်မာနိုင်ငံမှာ ကျန်ရှိခဲ့တဲ့ ဒုက္ခသည် တွေကိုရောလက်ခံ ထားရှိတဲ့ အိမ်ရှင်လူမှု အဖွဲ့အ စည်းတွေကိုပါ ဆက်လက် ကူညီသွားမှာဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပဲ ဒုက္ခသည်တွေ မြန်မာနိုင်ငံ ကို ရေရှည် လုံခြုံစိတ်ချပြီး ဂုဏ်သက္ခာရှိရှိ ပြန်နိုင်ရေးကို လည်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း EU ရဲ့ ပဋိပက္ခ စီမံခန့် ခွဲရေး ကော်မရှင်နာမင်းကြီး Janez Lenarcic က ပြောပါတယ်။
၂၀၁၇ ခုနှစ် စက်တင်ဘာလကတည်းကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ ၇၄,၀၀၀ ကျော်အတွက် EU ဟာ ၂ နှစ်အတွင်း ယူရိုသန်း ၁၄၀ ကျော် အထောက်အပံ့ပေးခဲ့ကြီး ဖြစ်ပါ တယ်။
ပြီးခဲ့တဲ့အပတ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ရိုဟင်ဂျာအရေး နဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့အမှုတွေအတွက် ကုလ သ မဂ္ဂအထွေထွေညီလာခံ တတိယ ကော်မတီက မြန်မာနိုင်ငံအပေါ် ပြစ်တင် ရှုတ်ချတဲ့ဆုံးဖြတ်ချက် ကိုအတည် ပြုခဲ့ရာမှာ Arkan Rohingya National Organization (ARNO) က အဲဒီဆုံးဖြတ်ချက်ကို ထောက် ခံကြောင်း ဒီက နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံခြင်းမ ရှိတဲ့ မြန်မာအစိုးရ ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဆွေးနွေးဖို့အတွက် ဒီဇင်ဘာလထဲ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို Cox’s Bazar ကို စေလွှတ်ခဲ့ပေမဲ့ ထူးခြားမှုတော့ မရှိသေးပါဘူး။

Link : Here
No comments:
Post a Comment