Monday, June 22, 2020

မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ချ

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
22 ဇွန်၊ 2020 
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တွေ့ရတဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း။ (မှတ်တမ်းဓာတ်ပုံ) 

မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ချ 
 
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တရပ်ကို ဒီကနေ့ပဲ တခဲနက် အတည်ပြု လိုက်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ (EU) က ကမကထလုပ် တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ကြားနေမဲ ၈ မဲတို့နဲ့ အတည်ပြု ခဲ့တာပါ။



ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - ဇွန် ၂၂၊ ၂၀၂၀) 
 
ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်မှု မရှိဘူးဆိုပြီး ကုလသမဂ္ဂ အမြဲတမ်းကိုယ် စားလှယ် ဦးကျော်မိုးထွန်းက ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတနိုင်ငံခြင်းအပေါ် ဆုံးဖြတ်ချက် ချမှတ်မှုကို ကန့်ကွက်ကြောင်းနဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ဖြေ ရှင်းရာမှာ အပြုသဘောဆောင်ဖို့ ဘက်လိုက်မှုကင်းဖို့တွေ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

EU ရဲ့ ဆုံးဖြတ်ချက်မှာတော့ ရခိုင်ပြည်နယ်အရေး အပါအဝင် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေ အနေတွေမှာ တိုးတက်မှု မရှိတာတွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ်အရေးအပါအဝင် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနေကြောင်းနဲ့ အထူးသဖြင့် ကပ်ရောဂါကာလမှာ နောက်ထပ်ကြုံနေရတဲ့ စိန်ခေါ်မှုတွေကိုပါ ရင်ဆိုင် ကျော်လွှားနေရကြောင်းလည်း တုံ့ပြန်ထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */