Thursday, May 7, 2020

ငွေကြေးခဝါချနိုင်ငံစာရင်းထဲ မြန်မာကို EU ထည့်သွင်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
07 မေ၊ 2020 
EU ကော်မရှင် ဒုတိယဥက္ကဋ္ဌ Valdis Dombrovskis (မေ ၀၇၊ ၂၀၂၀)

EU ဥရောပသမဂ္ဂရဲ့ ဘဏ္ဍာရေးစနစ်အတွက် အန္တရာယ်ရှိတဲ့ နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်း လိုက်ပါတယ်။ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်အဖွဲ့တွေအပေါ် ငွေကြေးထောက်ပံ့မှုတွေကို မဟာဗြူဟာကျ ကျ မတား ဆီးနိုင်ဘူးဆိုပြီး ဒီစာရင်းထဲမှာ မြန်မာနိုင်ငံကို ဥရောပကော်မရှင်က ထည့်သွင်းလိုက်တာပါ။

EU ကော်မရှင် ဒုတိယဥက္ကဋ္ဌ Valdis Dombrovskis က"EU ရဲ့ ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ အထူးအဖွဲ့က ငွေ ကြေးခဝါချမှု၊ အကြမ်းဖက်အဖွဲ့အစည်းတွေအပေါ် ငွေကြေးထောက်ပံ့မှုတို့နဲ့ပတ်သက်ပြီး တိုက်ဖျက်ရေး စ နစ်အားနည်းတယ်လို့ တွေ့ရှိတဲ့ မြန်မာနိုင်ငံအပါအဝင် Bahamas, Barbados, Botswana, Cambodia, Ghana, Jamaica, Mauritius, Mongolia, Nicaragua, Panama နဲ့ Zimbabwe စုစုပေါင်း ၁၂ နိုင်ငံကို စာရင်း ထဲ ထည့်သွင်းလိုက်တယ်။" လို့ မေလ ၇ ရက် ကြာသပတေးနေ့က ကြေညာပါတယ်။

EU ဘဏ္ဍာရေးစနစ်ထဲကို မသန့်ရှင်းတဲ့ငွေတွေ စိမ့်ဝင်နေတာ အဆုံး သတ်ဖို့လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။ ခုလို EU ရဲ့ ဘဏ္ဍာ ရေး စနစ်အတွက် အန္တရာယ်ရှိတဲ့နိုင်ငံစာရင်းထဲ ထည့်သွင်း ခံရတဲ့အ တွက် မြန်မာနိုင်ငံနဲ့ ဆက်စပ်လုပ်နေတဲ့ EU ဘဏ်လုပ်ငန်းတွေ၊ ဘဏ္ဍာ ရေးလုပ်ငန်းတွေအနေနဲ့ သူတို့နဲ့ဆက်စပ် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ ဟာ EU ရဲ့စည်းမျဉ်း စည်း ကမ်းတွေနဲ့အညီ ဆောင်ရွက်နေရဲ့ လားဆို တာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Reuters သတင်းထဲမှာတော့ အဲဒီစာရင်းဝင်နိုင်ငံတွေမှာ လုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ EU ရဲ့ ထောက်ပံ့မှုရတော့မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

အရင်က စာရင်းထဲမှာထည့်သွင်းထားတဲ့ နိုင်ငံတွေထဲက ၆ နိုင်ငံကတော့ တိုးတက်မှုတွေရှိလာတဲ့ အတွက် ဆိုပြီး EU ရဲ့ အခုစာရင်းထဲကနေ ဖယ်ထုတ်လိုက်ပါတယ်။ အဲဒီနိုင်ငံတွေကတော့ Bosnia-Herzegovina, Guyana, လာအို၊ အီသီယိုးပီးယား၊ သီရိလင်္ကာနဲ့ တူနီးရှားနိုင်ငံတွေဖြစ်ပါတယ်။

ငွေကြေးခဝါချနေတာ၊ အကြမ်းဖက်အဖွဲ့တွေအတွက် ငွေကြေးထောက်ပံ့နေတာတွေတိုက်ဖျက်ဖို့ အစီအ စဉ်တွေကိုလည်း ဥရောပကော်မရှင်က တချိန်ထဲမှာပဲ ထုတ်ပြန်ခဲ့ပါတယ်။ EU နိုင်ငံတွေကြား ပိုပြီး ဟန်ချက် ညီညီဆောင် ရွက်နိုင်ဖို့ ဒီအစီအစဉ်တွေကို ချမှတ်တာဖြစ်ပါတယ်။ လက်ရှိအားနည်းချက်တွေ၊ ဟာကွက်တွေ ကို ပြင်ဆင်ဖို့ လာမယ့် ၁၂ လအတွင်း ဒီအစီအစဉ်တွေနဲ့ ဆောင်ရွက်သွားမယ်လို့ ဥရောပကော်မရှင် ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။



Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */