" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, May 6, 2020

လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တွေကို ဒေသတွင်းနိုင်ငံတွေ ကူညီဖို့ EU တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
04 မေ၊ 2020
Langkawi ကျွန်းရှိ မလေးရှားပိုင်နက်အတွင်းမှာ တွေ့ရတဲ့ လှေစီးပြေး ရိုဟင်ဂျာတချို့ (ဓာတ်ပုံ - AFP PHOTO / MALAYSIAN MARITIME ENFORCEMENT AGENCY)
အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် ရာနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပင်လယ်ပြင်မှာ ရက်သတ္တ ပတ်တွေနဲ့ချီ မျောပါနေတဲ့ အခြေအနေတွေနဲ့ မကြုံရအောင် ဒေသတွင်းနိုင်ငံတွေ ဝိုင်းဝန်းကူညီကြဖို့ ဥရော ပသမဂ္ဂ (EU) က တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွင်းက နိုင်ငံတွေအနေနဲ့ ဒုက္ခသည်တွေကို ရှာဖွေရေး၊ ကယ် ဆယ် ရေးနဲ့ ဘေးအန္တရာယ်ကင်းကင်း ကမ်းကပ်ခွင့်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ၄၀၀ လောက်ကို ကမ်းကပ်ခွင့်နဲ့ အကူ အ ညီပေးခဲ့သလို ကျန်နိုင်ငံတွေကလည်း ဆောင်ရွက်ကြဖို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော် ပြထားတာပါ။
SEE ALSO:
ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါလာပြီးပင်လယ်ပြင်မှာ ၂ လလောက်ကြာ မျောနေတဲ့ စက်လှေပေါ်က ဒုက္ခသည်တွေထဲက ၂၈ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘာရှန်ချာကျွန်းကို ပို့ဆောင်လိုက်ကြောင်း ဘင်္ဂ လားဒေ့ရှ်တာဝန်ရှိသူတွေက ပြောဆိုလိုက်ပြီး နောက်တရက်မှာပဲ EU ရဲ့ ထုတ်ပြန်ချက် ထွက်ပေါ် လာတာ ပါ။

ရိုဟင်ဂျာ ဒုက္ခသည်အရေး ဖြေရှင်းရာမှာ လက်နက်ကိုင် အဖွဲ့တွေ အပစ်အခတ်ရပ်စဲနိုင်ဖို့ အရေးကြီး ကြောင်း လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာဒုက္ခသည်အရေး ထောက်ပံ့ကူညီနေတဲ့ EU အနေနဲ့ လိုအပ်တဲ့ အကူအညီတွေပေးအပ်ဖို့ အသင့်ရှိနေကြောင်းလည်း ပြောဆိုခဲ့တာပါ။

၂၀၁၇ ထဲတုန်းက ရခိုင်ပြည်နယ်မှာ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ကို လိုက်လံနှိမ်နင်းတဲ့ မြန်မာစစ် တပ်ရဲ့ စစ်ဆင်ရေးတွေ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်မခံပေမဲ့ ဒုက ္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံမယ့်အကြောင်း ကတိပြုထားပါတယ်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */