VOA
ဗွီအိုအေ (မြန်မာဌာန)
စီးပွားရေး
မသိင်္ဂီထိုက်
12 မေ၊ 2020
ဒေါ်တင့်တင့်လွင် ။ ။ ငွေကြေးလွှဲပြောင်းခြင်း ဆိုင်ရာ စစ်ဆေးမှုတွေ ပိုပြီးတော့ တိကျလာမယ်။ နောက်မြန်မာပြည် က ပြန်ပြီးတော့ ကုန်သွယ်ရေး လုပ်တဲ့ အခါမှာ ပေးချေတဲ့ ငွေရဲ့ အရင်းအမြစ် ပေါ့နော် ဘယ်က ရတယ်၊ အရင်ကဆိုရင်တော့ ပေါ့ပေါ့လေးဘဲ ဒါ ကုမ္ပဏီက နေပြီးတော့ ဝင်တဲ့ ဝင်ငွေပါ ဆိုရင် သူတို့က ဘယ်ကနေ ဝင်တာလဲ၊ ဒီလုပ်ငန်းက ဘာလုပ်ငန်းလဲ၊ ပြီးတော့ ဘယ်သူတွေနဲ့ ချိတ်ဆက် လုပ်ဆောင်နေ တာလဲ ဆိုတဲ့ ဒီမေးခွန်းတွေ အ များကြီး ဖြစ်လာနိုင်တာပေါ့နော်။ ဒီအပိုင်းလေးတွေမှာတော့ အခက်အခဲ လေးတွေ ဖြစ်သွားနိုင်တာပေါ့။
သိင်္ဂ ီထိုက် ။ ။ ဥရောပ သမဂ္ဂ EU က မြန်မာနိုင်ငံကို ငွေကြေးခဝါချတဲ့ နိုင်ငံ ဆိုပြီးတော့ သတ်မှတ်ပြီးတော့ စာရင်းသွင်းပါတယ်။ ဆိုတော့ ဒီကိစ္စက မြန်မာနိုင်ငံတွင်းက ဘဏ်တွေနဲ့ မဖြစ်မနေ ချိတ်ဆက်ပြီး အလုပ် လုပ်နေရ တဲ့ စီးပွားရေး လုပ်ငန်းတွေ အပေါ်မှာ ဘယ်လောက် ရိုက်ခတ် သက်ရောက်မှု ရှိနိုင်မလဲ။
ဒေါ်တင့်တင့်လွင် ။ ။ ဒီဘဏ်တွေနဲ့ ဆက်စပ် လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုတွေ အပိုင်းမှာ သူတို့ စစ်ဆေးမယ်။ နောက်တခုက ကျတော့ EU ရဲ့ Funding ပေါ့နော် သူတို့ရဲ့ ထောက်ပံ့ကြေးတို့ ရန်ပုံငွေတို့ သူတို့ရဲ့ စီမံကိန်း ဖွံ့ဖြိုးရေး ရန်ပုံငွေတို့ ဒါတွေကိုတော့ သူတို့ Sanction လုပ်ထားတဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်တဲ့ စီးပွားရေး လုပ်ငန်းတွေဟာ ဆိုရင် ရရှိဖို့ အခွင့်အလမ်း နည်းသွား ပါမယ်။ ဒါ EU က စစ်ဆေးပြီးတော့မှ EU ရဲ့ ထောက်ခံချက်နဲ့မှ ရကောင်းရနိုင်တယ်ဆိုတော့ သာမန် သမား ရိုးကျ သွားနေတဲ့ ပုံစံကနေ ခွဲထွက်သွားပြီးတော့ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့တော့ ငွေကြေး ပြင်ပက နေပြီးတော့ နိုင်ငံတကာရဲ့ထောက် ပံ့တဲ့ အပိုင်း ဥရောပရဲ့ အပိုင်းပေါ့နော် အဓိက ဆိုလိုတာကတော့ ဥရော ပ အပိုင်းမှာတော့ ဆိုင်းငံ့သွားတာတို့ လုံး၀ မရတော့တာတို့ ဒီလို အခြေအနေမျိုးလေးတွေတော့ ဖြစ်လာနိုင် တာပေါ့။
သိင်္ဂ ီထိုက် ။ ။ ဆိုတော့ EU နဲ့ ဆက်စပ် လုပ်ကိုင်နေတယ် ဆိုတော့ အထည်ချုပ်ကတော့ များမယ် ထင်ပါ တယ်။ တခြားရော ဘယ်လို ကဏ္ဍမျိုးတွေ ရှိပါသေးလဲ အများစုပေါ့ မြန်မာနိုင်ငံတွင်းမှာ။
ဒေါ်တင့်တင့်လွင် ။ ။ ရှိပါတယ်။ သူက လက်ရှိမှာ ဆိုလို့ ရှိရင် ဒီ အထည်ချုပ် တခုတည်း မဟုတ်ဘဲနဲ့ ဥပမာ GIZ ပေါ့နော်။ GIZ လိုမျိုး ဂျာမနီကနေ လာပြီးတော့ NGO လိုမျိုးပေါ့နော်။ ဒီလို အဖွဲ့အစည်းမျိုးတွေဟာ ဆို လို့ ရှိရင် မြန်မာပြည်က စီးပွားရေး လုပ်ငန်း အသေးလေးတွေကို သူတို့က ရှေ့ဆောင် လမ်းပြ လုပ်ထားတာ တွေ အများကြီး ရှိတယ်ပေါ့နော်။ စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာ ဖြန့်ဝေတာ၊ ကော်ဖီ လုပ်ငန်း၊ နောက်ပြီး တော့ မွေးမြူရေး လုပ် ငန်း၊ စက်ချုပ်လုပ်ငန်း၊ အခြေခံတွေကို သင်ပေးတာတို့ အသေးစား ချေးငွေပေးပြီး သူ တို့ ဖွံ့ဖြိုးရေးကို ထူထောင်ပေးတာတို့၊ တချို့ အခြေခံ အဆောက်အဦ ပိုင်းတွေမှာ ငွေကြေး ထောက်ပံ့ပေး တာတို့ ဒါကတော့ လုံး၀ ရပ်တန့်သွားတာပေါ့နော်။
ဂျာမနီ အနေနဲ့တော့ GIZ ကို ဆက်လက်ပြီးတော့ အခု အသစ်ပေါ့။ အဟောင်းတွေကိုတော့ ပြီးဆုံးအောင် သူတု့ိ ဆက်သွားမယ်။ ဒါပေမယ့် GIZ ကနေ စီမံကိန်း အသစ်တွေ လုံး၀ ချပေးတော့မှာ မဟုတ်တော့ဘဲနဲ့ ဥရောပ သမဂ္ဂ ကဘဲ ဒါတွေကို စိစစ်ပြီးတော့မှ ဆက်ချပေးချင်လည်း ချပေးမယ်။ ရပ်ဆိုင်းထားချင်လည်း ရပ်ဆိုင်းထားမယ်ပေါ့နော်။ ဒီ အခြေအနေမျိုးတွေ ဖြစ်သွားတာပေါ့။
အဲတော့ GIZ တခုတည်းသာ ဒါ ဥပမာ အနေနဲ့ ပြောပေမယ့် တကယ်တန်း ဆိုရင် ဟန်ဂေရီ နိုင်ငံ အနေနဲ့ဆို ရင် ငါးလုပ်ငန်းတို့ ၊ အခု ဆန်စပါး လုပ်ငန်းတို့၊ ကော်ဖီ နောက် တိရိစ္ဆာန် အစာထုတ် လုပ်ငန်း၊ နောက် Water Treatment အဲလို စီမံကိန်းတွေကို ဟန်ဂေရီ သာမက ချက်၊ ဘယ်လ်ဂျီယံ ဒီအပိုင်းက လူတွေက မြန် မာပြည်က လူတွေနဲ့ လက်ရှိ အခု ကိုယ့်ရဲ့ စီးပွားရေး အသိုင်းအဝိုင်းထဲမှာကိုဘဲ ချိတ်ဆက်ထားတာတွေ ရှိတယ်။
သိင်္ဂ ီထိုက် ။ ။ ဒီ COVID -19 ဖြစ်နေတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ အခု ခရီးသွား လုပ်ငန်း အပါအဝင် လုပ် ငန်း တော်တော်များများ ရပ်ထားရတဲ့ အနေအထား ရှိတယ်။ ဆိုတော့ ဒေသတွင်း နိုင်ငံတွေရဲ့ အကူအညီ အထောက်အပံ့ ဆိုတာထက် တကယ့် တကယ်တန်း ထောက်ပံ့နေတာ EU တို့လို အနောက်ဘက် နိုင်ငံ များက များမယ်လို့ ယူဆရတယ်ပေါ့နော်။ ဒီ အသေးစား ချေးငွေလိုဟာမျိုး၊ စိုက်ပျိုးရေး နည်းပညာပိုင်းလို ဟာမျိုး ဒီလိုမျိုး ကဏ္ဍတွေမှာရော သိသိသာသာ အထိနာသွားနိုင်တဲ့ အခြေအနေ ရှိပါသလား။
ဒေါ်တင့်တင့်လွင် ။ ။ ရှိလာနိုင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ကျမ ကိုယ်တိုင် ဘုတ်အဖွဲ့မှာ ပါတဲ့ RBF ပေါ့နော် Responsibel Business Fund ဆိုတဲ့ အဖွဲ့မှာ ကိုယ်ကိုယ်တိုင် Board of Director အနေနဲ့ လုပ်နေ တယ်။ဒါကတော့ ဒိန်းမတ် နိုင်ငံရဲ့ ငွေကြေး ထောက်ပံ့မှု ပေါ့နော်။ အသေးစား ငွေကြေး ထောက်ပံ့မှု ပိုင်း ပေါ့။ ကိုယ်က မှန်ကန်တဲ့ လူတွေ ရွေးချယ်ပေးတဲ့ Board အဖွဲ့မှာ သံအမတ်ကြီးနဲ့ အတူတူ ရွေးချယ်ပေး တာပေါ့နော်။ ဒီလို ရွေးချယ်ပေးတဲ့ ဒီလို အပိုင်းတွေဟာဆိုရင် ဒိန်းမတ် နိုင်ငံကနေ သန်း ၆၀- ၆၉ သန်း ဒါ အသေးစား ချေးငွေပေါ့။ လူ ထောင်နဲ့ချီပေါ့နော်။ ဒါလေးတွေကို လုံး၀ မပြောပလောက်တဲ့ အတိုးနှုန်းနဲ့ ငွေကြေး ထောက်ပံ့မှု ပေးတာ ၊ ငွေကြေးတင် မက ဘဲ နည်းပညာ ထောက်ပံ့တာ။ မှန်ကန်စွာစစ်ဆေးတယ် ပေါ့နော်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေ တိုးတက်မှုတွေကို စဉ်ဆက် မပြတ် စစ်တယ်။ ဒီတိုင်း ပေးပြီး ပစ်ထား လိုက်တာမျိုး မရှိဘူး စနစ်တော့ တော်တော် ကျတာပေါ့နော်။ ဒါတွေဟာ မြန်မာပြည် အတွက်က တော်တော် လေး ကောင်းမွန်တဲ့ အပိုင်းတွေတော့ ရှိနေတာပေါ့နော်။ အခု ဒီအ ပိုင်းတွေသာ ရပ်သွားမယ် ဆိုရင် အာရှ နိုင်ငံဘက်မှာ ဂျပန်လောက်ဘဲ အားထားလို့ ရတယ်။
သိင်္ဂ ီထိုက် ။ ။ မြန်မာနိုင်ငံကို ငွေကြေးခဝါချတဲ့ နိုင်ငံ အဖြစ် ကြေညာပြီးတော့ ဒီအချိန်ထိ မြန်မာ အစိုးရ ဘက် ကတော့ ဒါနဲ့ ပတ်သက်ပြီး ဘာမှ ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဆိုတော့ မြန်မာ အစိုးရဘက်က ဒီကိစ္စ အပေါ်မှာ ဘယ်လောက် အလေးထားဖို့ လိုပါသလဲ။ ဒေါ်တင့်တင့်လွင် အနေနဲ့ ဘာများ အကြံပြုလိုပါ သလဲ။
ဒေါ်တင့်တင့်လွင် ။ ။ COVID ကြောင့် အလုပ်ရှုပ်နေတဲ့ အချိန်မှာ ဒါကိုတော့ မေ့ပျောက်ထားလို့ မရတဲ့ အရာ တခုတော့ ဖြစ်တယ်။ ဖေဖော်ဝါရီလမှာ စပြီးတော့ ဒါ အမျိုးသားရေး ဆိုင်ရာ ငွေကြေးခဝါချမှု တိုက် ဖျက် ရေးဆိုပြီး ဘဏ်လုပ်ငန်းတွေ အပေါ်မှာ စီးပွားရေး လုပ်ငန်းရှင်တွေပေါ့ ဒါ ငွေကြေးနဲ့ ပတ်သက်ပြီး အခွန် ဆောင် မှုတွေ ပွင့်လင်းမြင်သာမှု ရှိမှုတွေတော့ လုပ်ဆောင်ထားတာတွေ ရှိတာပေါ့နော် မြန်မာပြည် အနေနဲ့ ကတော့။ ဒါပေမယ့် အခု ဒီဘက်ကနေ ပြီးတော့ EU ရဲ့ ငွေကြေး ခဝါချတယ်လို့ သူတို့ဘက်ကနေ ထုတ်ပြန် လိုက်တဲ့ အပေါ်မှာ ဒီ စံပေါ့ စံနှုန်း တခုမီအောင်တော့ ဒီ Target ကို သွားရမယ်။ ဒီ Target ကို သွားဖို့က ဘာ တွေ ဘာတွေ လိုအပ်တယ်။ ဒီမှာ လုပ်နေတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ ဘာတွေ ဘာတွေ လုပ်ဖို့ လိုအပ် တယ် ဆိုတာကိုတော့ မြန်မာပြည်ရဲ့ အခက်အခဲနဲ့ မျှပြီးတော့ ဒါ တော်တော်လေး စဉ်းစားပြီးတော့ ဖြေရှင်း ရမယ့် ကိစ္စတော့ ဖြစ်တာပေါ့နော်။

Link: Here
No comments:
Post a Comment