" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, June 23, 2020

လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာကို ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်မျိုး လက်မခံ (ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး)

VOA
ဗွီအိုအေ (မြန်မာပိုင်း)
23 ဇွန်၊ 2020   
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း (Credit - Ministry of Foreign Affairs Myanmar)
 
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ် လိုက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံဘက်က လက်မခံပယ်ချလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာ ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၄၃ ကြိမ်မြောက် ပုံမှန်အစည်းအ ဝေးအတွင်း ဥရောပသမဂ္ဂ (EU) က တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်အဆိုကို လက်မခံကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက အခုလို ပြောပါတယ်။

“နိုင်ငံတနိုင်ငံခြင်းအပေါ် ဆုံးဖြတ်ချက် ချမှတ်မှုကို ကန့်ကွက်ကြောင်းနဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ဖြေရှင်းရာမှာ အပြုသဘောဆောင်ဖို့ ဘက်လိုက်မှုကင်းဖို့တွေ လိုအပ်တယ်” လို့ ဦးကျော်မိုးထွန်းက ပြော ခဲ့တာပါ။
ဒါ့အပြင် နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားဖို့အပြင်၊ ရခိုင်အရေးကိစ္စမှာ စုံစမ်းစစ် ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာအရ ပြစ်မှုကျူးလွန်တဲ့သူတွေကို ပြည်တွင်း တရားစီရင်ရေး ဥပဒေတွေ အရ အရေးယူဖို့လုပ်နေတာကို အသိအမှတ်ပြုဖို့ နဲ့ ဆုံးဖြတ်ချက် အဆိုမူကြမ်းဟာ လက်တွေ့အမှန်တရားကို ထင်ဟပ်မှုမရှိကြောင်းလည်း ကန့်ကွက်ပြောဆိုသွားခဲ့ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာတော့ ရခိုင်ပြည်နယ်အရေး အပါအဝင် မြန်မာနိုင်ငံ တွင်းက လူ့အခွင့်အရေး အခြေအနေတွေမှာ တိုးတက်မှုမရှိတာတွေကို ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ် အရေး အပါအဝင် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်း နေ ကြောင်းနဲ့ အထူးသဖြင့် ကပ်ရောဂါကာလမှာ နောက်ထပ်ကြုံနေရတဲ့ စိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်ကျော် လွှားနေရကြောင်းလည်း တုံ့ပြန်ထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ (EU) က ကမကထလုပ် တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ကြားနေမဲ ၈ မဲတို့နဲ့ အတည်ပြု ခဲ့တာ ဖြစ်ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */