VOA
28 ဇန်နဝါရီ၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)
မောင်တောတွင် တပ်မတော်သားများကို တွေ့ရစဉ်
ရခိုင်ပြည်နယ်တွင်းမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ရာဇဝတ်မှုနဲ့ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေမှာ တာဝန်ရှိသူတွေကို တရားဥပဒေကြောင်း အရ အပြစ်ပေး အရေးယူဖို့ မြန်မာအစိုးရကို ဥရောပ သမဂ္ဂ EU က တိုက်တွန်းလိုက်ပါတယ်။
28 ဇန်နဝါရီ၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)

VOA
28 ဇန်နဝါရီ၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)
28 ဇန်နဝါရီ၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)
ရခိုင်ပြည်နယ်တွင်းမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ရာဇဝတ်မှုနဲ့ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေမှာ တာဝန်ရှိသူတွေကို တရားဥပဒေကြောင်း အရ အပြစ်ပေး အရေးယူဖို့ မြန်မာအစိုးရကို ဥရောပ သမဂ္ဂ EU က တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ တရားရုံး ICJ က ရခိုင်ပြည်နယ်တွင်း ယာယီ အစီအမံများဆိုင်ရာ ညွှန်ကြားချက်ကို လည်း မြန်မာဘက်က အပြည့်အ၀ လိုက်နာဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းလည်း EU ဘက်က ပြောဆို လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး၊ EU နိုင်ငံတွေက သံအမတ်ကြီးတွေနဲ့ သံရုံး အကြီး အကဲတွေက တနလာၤနေ့က အခုလို ကြေညာချက် ထုတ် တိုက်တွန်းတာ ဖြစ်ပါတယ်။
မြန်မာ အစိုးရက ဖွဲ့ထားတဲ့ ICoE စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်နဲ့ အညီ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် လုပ်ဖို့ လိုအပ်ပါတယ်လို့လည်း တိုက်တွန်းထားပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုကြီးတွေ အတွက် တာဝန်ရှိသူတွေကို တရားမျှတစွာ စီရင်နိုင်ရေး အတွက် အထူး သဖြင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေဘက်က ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မဖြစ်ရေး အတွက် မြန်မာ့ တပ်မတော်တွင်း အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရေး အကြံပြုချက်ကိုလည်း EU က ကြိုဆိုကြောင်း ပြောဆိုထားပါတယ်။
ရခိုင် ပဋိပက္ခ ဖြေရှင်းရေး မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ နယ်စပ်ဒေသ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့ အတွက် EU ဘက်က ကူညီဖို့ အဆင်သင့် ရှိတယ်လို့လည်း ကမ်းလှမ်းထားပါတယ်။

Link : Here
No comments:
Post a Comment