VOA
ဗွီအိုအေ (မြန်မာဌာန)ဇော်ဝင်းလှိုင်
15 မေ၊ 2020
လုံခြုံရေးကောင်စီဆွေးနွေးပွဲအပြီး ဥရောပ ၅ နိုင်ငံ ဆွေးနွေး
မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာပါ။
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စား လှယ် Christine Schraner Burgener က မေလ ၁၄ ရက်နေ့မှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို တံခါး ပိတ် တင်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းဖော်ဆောင်ဖို့ အီးယူ ၅ နိုင်ငံကိုယ်စား လုံခြုံရေးကောင်စီဝင် Belgium နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ ဒုတိယ အမြဲတမ်းကိုယ်စား လှယ် Marc Pecsteen de Buytswerve က ဆွေးနွေးပွဲအပြီး ပြောပါတယ်။
“ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်လာတာနဲ့ပတ်သက်ပြီး စိုးရိမ် မကင်းဖြစ်ရ ကြောင်း ၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ မော်တော်ယာဉ်ကို ဧပြီအတွင်း တိုက်ခိုက်ခဲ့တဲ့ ကိစ္စကိုလည်း ပြင်းထန်စွာ ရှုတ်ချပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တောင်းဆိုထားတဲ့ ကမ္ဘာ့တဝှမ်း အပစ်အခတ်ရပ် စဲရေးကို ထောက်ခံကြောင်း”ပြောကြားခဲ့တာပါ။
ဒါ့အပြင် ဒုက္ခသည်တွေနဲ့ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေအရေးနဲ့ ပတ်သက်လို့လည်း အခုလို ဆက်ပြောပါတယ်။
“COVID-19 ကပ်ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းမှာ လူ့အသိုက်အဝန်း အားလုံး ပါဝင်ရမှာဖြစ်ပြီး အ ကာအကွယ်မဲ့ ဒုက္ခသည်တွေ၊ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေကိုပါ ထည့်သွင်းဖို့နဲ့ စာနာ မှုဆိုင်ရာ ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ လိုအပ်မှု အများဆုံး ဖြစ်နေတဲ့ လူတွေထံ အ တားအဆီးမဲ့ သွားရောက်ခွင့်ပြုဖို့ကိုလည်း အလေးအနက်ထား တောင်းဆိုကြောင်း” ပြောခဲ့တာပါ။

တချိန်ထဲမှာဘဲ သွားလာမှု ကန့်သတ်ချက်နဲ့ အင်တာနက် ပိတ်ပင်ထားမှုတွေကို ပြန်ဖွင့်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးကိုလည်း အလေးအနက် ထား ပြောကြားလိုကြောင်း Belgium ဒုတိယ အမြဲတမ်းကိုယ်စားလှယ်က ပြောပါတယ်။
ပင်လယ်ရပ်ခြားမှာ ခိုလှုံခွင့်ရှာဖွေနေတဲ့ ဒုက္ခသည်တွေအတွက်လည်း စိုးရိမ်မကင်းဖြစ်မိပြီး အဲဒီအတွက် ဒေသတွင်းက တုံ့ပြန်ဆောင်ရွက်ကြဖို့လည်း တောင်းဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ဥပဒေတွေသာမက နိုင်ငံတကာ ဥပဒေကိုလည်း လေးစားလိုက်နာဖို့လည်း တောင်းဆိုပါတယ်။
“ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ ပြဿနာရဲ့ အခြေခံအကြောင်းရင်းတွေကို ဖြေရှင်းဖို့နဲ့ ရခိုင်အကြံပေးကော် မရှင်ရဲ့ တင်ပြချက်တွေကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့ တောင်းဆိုကြောင်း”ပြောခဲ့တာပါ။
ICJ နိုင်ငံတကာတရားရုံးက ချမှတ်ထားတဲ့ Provisional Measures ခေါ် ယာယီလုပ်ဆောင်ရမယ့် အခြေ အနေတွေကို နိုင်ငံတကာ ဥပဒေများနဲ့အညီ လိုက်နာဖို့ တောင်းဆိုပြီး နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံ အတွင်း ကုလသမဂ္ဂရဲ့ လုပ်ဆောင် အားထုတ်မှုတွေကို ထောက်ခံ အတည်ပြုကြောင်း လုံခြုံရေးကောင်စီဝင် Belgium နိုင်ငံက ကုလ သမဂ္ဂဆိုင်ရာ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Marc Pecsteen de Buytswerve က ဆွေးနွေးပွဲအပြီး ပြောပါတယ်။
လုံခြုံရေးကောင်စီဆွေးနွေးပွဲအပြီး ပြောကြားခဲ့တဲ့ ဥရောပ ၅ နိုင်ငံကတော့ Belgium ၊ Estonia ၊ ဂျာမနီ၊ ပြင်သစ်နဲ့ ပိုလန်နိုင်ငံတို့ ဖြစ်ကြပါတယ်။

Link : Here
No comments:
Post a Comment