VOA
ဗွီအိုအေ (မြန်မာပိုင်း)
06 မေ၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)
06 မေ၊ 2020
ဥရောပသမဂ္ဂအဖွဲ့အလံ
ငွေကြေးခဝါချမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ပျက်ကွက်တာကြောင့် မြန်မာနိုင်ငံကို ငွေ ကြေး ခဝါ ချမှုဆိုင်ရာအမည်ပျက် စာရင်းမှာ ဥရောပသမဂ္ဂအဖွဲ့က ထည့်သွင်းဖို့ ရှိနေပါတယ်။မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၂၂ နိုင်ငံကို ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး အနီး ကပ် စောင့်ကြည့်ရမယ့် နိုင်ငံစာရင်းမှာ ထည့်သွင်းထားမယ့် ဥရောပကော်မရှင်ရဲ့ ကြေညာချက်ကို ကြာသပတေးနေ့မှာ ထုတ်ပြန်မယ် လို့ ယူဆရပါတယ်။ မြန်မာနိုင်ငံနဲ့အတူ အာရှက ကမ္ဘောဒီးယားနဲ့ မွန်ဂိုးလီးယားနိုင်ငံတွေလည်း အမည်ပျက် စာရင်းထဲ ထည့်သွင်းခံရမှာ ဖြစ်ပြီး စာရင်းထဲ ထည့်သွင်းခံရမယ့် နိုင်ငံသစ်တွေထဲ ပနားမား၊ ဘဟားမားစ်နဲ့ မောရစ်သျှနိုင်ငံတွေ ပါဝင်တယ်လို့ ကြေညာချက်မူကြမ်း ကို ရရှိခဲ့တဲ့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။
ဒီ စာရင်းထဲ ပါတဲ့ နိုင်ငံတွေဟာ ဥရောပ သမဂ္ဂအဖွဲ့ရဲ့ ငွေရေးကြေးရေးစနစ်ကို အန္တရာယ်ပြု ခြိမ်းခြောက်နေ တယ်လို့လည်း ကြေညာချက် မူကြမ်းမှာ ပါရှိပါတယ်။ EU ရဲ့ ဥပဒေအရ ဘဏ်တွေနဲ့ တစ်ခြား ဘဏ္ဍာရေး အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ဖောက်သည် ကုမ္ပဏီတွေကို အဲဒီ စာရင်းပါ နိုင်ငံတွေ နဲ့ အလုပ်လုပ်တဲ့အခါ သေသေချာချာ အနီး ကပ် စောင့်ကြည့်စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နာမည်ပျက် စာရင်းပါ နိုင်ငံတွေ ထဲက စီးပွားရေး ကုမ္ပဏီတွေလည်း ဥရောပ သမဂ္ဂက ပေးအပ်မယ့် ရန်ပုံငွေ ထောက်ပံ့ကြေး အသစ်တွေကို ရယူနိုင်မှာ မဟုတ်ပါဘူး။
EU က မကြာခင် ထုတ်ပြန်ဖို့ ရေးဆွဲထားတဲ့ ကြေညာချက် မူကြမ်းဟာ ကမ္ဘာတစ်ဝှမ်း ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးမှာ စံနှုန်းတွေ သက်မှတ်တဲ့ပါရီမြို့အခြေစိုက် FATF – FINANCIAL ACTIONS TASK FORCE က အရင်ထုတ်ပြန်ထားတဲ့စာရင်းနဲ့ သိပ်ကွာခြားမှု မရှိပါဘူး။
ဥရောပကော်မရှင်က ပြီးခဲ့တဲ့နှစ် စာရင်းထဲပါဝင်တဲ့အာရှ ၂ နိုင်ငံဖြစ်တဲ့ လာအိုနဲ့ သီရိလင်္ကာနိုင်ငံတွေကို ဒီနှစ် နာမည်ပျက် စာရင်းထဲကနေ ပယ်ဖျက်ထားတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Link : Here
No comments:
Post a Comment