" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 23, 2020

ICJ ဆုံးဖြတ်ချက် ဂမ်ဘီယာနိုင်ငံကြိုဆို

23 ဇန္နဝါရီ၊ 2020

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင် တားဆီးရေး ကြားဖြတ်လိုက်နာ ဆောင်ရွက်ချက်တွေ ICJ တရားရုံးက ဆုံးဖြတ်ခဲ့တဲ့အပေါ် တရားစွဲတဲ့ ဂမ်ဘီယာနိုင်ငံက ကြိုဆိုလိုက်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်ချအပြီး ဂမ်ဘီယာတရားရေးဝန်ကြီး Aboubacarr Tambadou ကခုလို တုံ့ပြန်ပြောကြားခဲ့တာပါ။

“ကမ္ဘာကြီးမှာ လူမျိုးတုံးသတ်ဖြတ်မှုကို လက်ခံ ခွင့်လွှတ်လို့မရဘူး၊ ရိုဟင်ဂျာတွေကို အသိအမှတ်ပြု လူမျိုး စုအဖြစ် အကာအကွယ်ပေးရမယ်လို့ တရားသူကြီး ၁၇ ယောက်လုံးက တညီတညွတ် ထဲဆုံးဖြတ် ခဲ့တာကို ကြိုဆိုတယ်လို့ ဂမ်ဘီယာတရားရေးဝန်ကြီး ပြောကြားသွားတာပါ။ ဒါဟာ နိုင်ငံတကာ ဥပဒေ၊ နိုင်ငံတကာ တရားစီရင်ရေးရဲ့ အောင်မြင်မှုဖြစ်ပြီး နောင်လှမ်းမယ့် ခြေလှမ်းတွေထဲက ပထမခြေလှမ်းဖြစ်တယ်လို့ ပြော ပါ တယ်။ လူမျိုးတုံးသတ်ဖြတ်တယ်လို့ ဆုံးဖြတ်တဲ့အဆင့် မဟုတ်သေးဘဲ။ ကြားဖြတ်လိုက်နာဆောင် ရွက် ရ မယ့် အဆင့်သာဖြစ်တာမို့ ရှေ့ဆက်လုပ်စရာတွေ ရှိသေးတယ်” လို့လည်း ဂမ်ဘီယာတရားရေးဝန်ကြီးက ပြောကြားသွားပါတယ်။

EU ဥရောပသမဂ္ဂကလည်း ICJ တရားရုံးရဲ့ဆုံးဖြတ်ချက်တွေကို မှတ်တမ်းတင်ထားတယ်လို့လည်း ကြေ ညာ ချက်ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပေးပို့မယ့် ICJ တရားရုံးရဲ့ ဆုံးဖြတ် ချက်တွေ ကို မြန်မာနိုင်ငံက အပြည့်အဝလိုက်နာ ဆောင်ရွက်ရမယ်၊ နိုင်ငံတကာ ဥပဒေအရ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ EU ကပြောပါတယ်။

စွပ်စွဲထားတဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာ တရားလိုရှေ့နေတွေ စုံစမ်း
နေ တဲ့ကိစ္စတွေကိုလည်း EU က အနီးကပ် စောင့်ကြည့်သွားမယ်လို့ EU ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထား ပါ တယ်။

ကြားဖြတ်လိုက်နာ ဆောင်ရွက်ရမယ့် အချက် ၄ ချက်ကို ICJ တရားရုံးက ဒီနေ့ ဆုံးဖြတ်ချမှတ်လိုက်တဲ့ အ ပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီအမတ်များအဖွဲ့ APHR ကလည်း ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင် ငံ အပေါ် ကမ္ဘာက စောင့်ကြည့်နေတယ်ဆိုတာ ICJ တရားရုံးဆုံးဖြတ်ချက်က ရှင်းရှင်း လင်းလင်းပြသ လိုက် တာဖြစ်ပြီး၊ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေး ကန့်သတ်ထိန်းချုပ်တဲ့ လုပ်ရပ်တွေကို ပြစ်ဒဏ်မခံရဘဲ တရား လက်လွတ် ဆက်လုပ်နေလို့ မရတော့ဘူးဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ အာဆီယံပါလီအမတ်များအဖွဲ့ APHR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ကြားဖြတ်လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို ICJ က ချမှတ်လိုက်တာဟာ ကမ္ဘာမှာ အဖိနှိပ်ခံရဆုံး လူမျိုးတခုကိုအပေါ် နောက်ထပ်ဆိုးဝါးတဲ့ဆောင်ရွက်ချက်တွေ မလုပ်နိုင်အောင် တားဆီးလိုက်တဲ့ သမိုင်း ဝင် ခြေလှမ်းဖြစ်တယ်လို့ Human Rights Watch လူ့အခွင့်အရေးအဖွဲ့ကလည်း တုံ့ပြန်ပါတယ်။ တရားရုံး ဆုံး ဖြတ်ချက်တွေကို မြန်မာနိုင်ငံက အသေအချာလိုက်နာအောင် သက်ဆိုင်တဲ့နိုင်ငံတွေ လူ့အခွင့်အရေးအဖွဲ့ တွေ က တွန်းအားပေးပါလို့လည်း HRW ရဲ့ နိုင်ငံတကာတရားမျှတရေးဆိုင်ရာ တွဲဘက်ဒါရိုက်တာ Param-Preet Singh ကထုတ်ပြန်ချက် တိုက်တွန်းထားပါတယ်။

ICJ တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ရိုဟင်ဂျာဆန့်ကျင်ရေးမူဝါဒတွေအတွက် အကြီးအကျယ်ထိုးနှက်ချက်ဖြစ်တယ်လို့ Burma Campaign UK အမှုဆောင်ဒါရိုက်တာ Anna Roberts က လည်း ကြေညာချက်ထုတ်ပြန် တုံ့ပြန်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်တွေကို လိုက်နာအောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ စစ်တပ်အပေါ် ဖိအားပေးတဲ့ဘက်ကို ဦးစားပေးလုပ်ရမယ်လို့လည်း Burma Campaign UK ရဲ့ကြေ ညာချက်ထဲမှာ ဖော်ပြထားပါတယ်။
 

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */