" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြောက်ဦးမြို့. Show all posts
Showing posts with label မြောက်ဦးမြို့. Show all posts

Friday, April 5, 2019

ကြောက်လန့်ပြီးသတိလစ်နေသူသပြေကန်စစ်ရှောင် စခန်းမှ မိန်းခလေးကို မြောက်ဦးဆေးရုံ ပို့ဆောင်

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီလ ၅/ ၂၀၁၉



ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာတွင် ခိုလုံနေသော စစ်ဘေးရှောင် ဒုက္ခသည်များထဲမှ ကြောက်လန့်ပြီး သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်နေသူ အသက် ၂၁ အရွယ်ရှိ မိန်းလေးတစ်ဦးကိုမြောက် ဦးဆေးရုံသို့ ဧပြီလ ၄ ရက်နေ့က ယူဆောင်သွားရသည်ဟု စခန်းတာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးမောင်သိန်း တန်က ပြောကြားသည်။

Monday, April 1, 2019

မြောက်ဦးနဲ့ ဘူးသီးတောင်မြို့နယ်မှာ ပစ်ခတ်မှု တွေ ကြောင့် စစ်ဘေးရှောင် ၂၀၀၀ ထပ်တိုး

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန် ၊30 မတ်၊ 2019

ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (photo-Rakhine Ethnics Congress)
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မြောက်ဦးနဲ့ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ရပ်ရွာအတွင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ရွာသား ၂၀၀၀ ကျာ် စစ်ဘေးတိမ်းရှောင်နေရပါတယ်။ မနေ့က မြောက် ဦးမြို့နယ် အောက်သကန်ရွာအတွင်း ပစ်ခတ်တိုက်ခိုက်မှုခံရအပြီး အောက်သကန် အပါအ၀င် အနီးနားရွာ က ရွာသား ၈၀၀ နီးပါး ရပ်ရွာ ကနေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဘူးသီး တောင်မြို့နယ်ဘက်မှာလည်း တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ရွာသား ၁၂၀၀ ကျော် ရွာကနေ တိမ်းရှောင်နေရပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

Saturday, March 30, 2019

မြောက်ဦးမြို့ အောက်သကန်ကျေးရွာအနီးတွင် တပ်မ တော်စစ်ကြောင်းကို AA အဖွဲ့က ပစ်ခတ်ဟု တပ်မ တော် ထုတ်ပြန်

မဇ္ဈိမ သတင်းဌာန
30 March 2019



ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 ရန်ကုန်၊ မတ် ၃၀ ။          ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာနှင့် အနီးပတ်ဝန်း ကျင် တဝိုက်တွင် တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းလုံခြုံရေးတပ် ဖွဲ့ ဝင် များကို မတ်လ ၂၉ရက် နံနက်ပိုင်း၌ AA အဖွဲ့မှ ၁၀ ဦးခန့်က မိုင်းဖောက်ခွဲ၍ ရွာအတွင်းမှ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ် ပြန်ခဲ့သည်။

Friday, March 29, 2019

မြောက်ဦးမြို့နယ်တွင် ပစ်ခတ်မှုဖြစ်၊ ဒေသခံနှစ်ဦး သေဆုံး

စံတော်ချိန်
The Standard Time Daily
၂၉-၀၃-၂၀၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အောက်သကန်ကျေးရွာအနီးတွင် ယနေ့(မတ်လ ၂၉ ရက်) မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားရာ ဒေသခံနှစ်ဦး ကျည်ဆန်ထိမှန်သေဆုံးပြီး တချို့မှာအပြင်းအထန် ဒဏ်ရာရရှိခဲ့သဖြင့် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက စံတော်ချိန် သတင်းဌာနသို့ ပြောသည်။

မြောက်ဦးမြို့နယ်မှာ ပစ်ခတ်မှုကြောင့် ရွာသား ၄ ဦး ဒဏ်ရာရ၊ တစ်ဦးသေဆုံး

B  B  C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၂၉ ရက်

 

ဒီနေ့မနက်မှာ မြောက်ဦးမြို့နယ်က အောက်သားကန်ရွာမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ ဒေသခံရွာသား အ နည်း ဆုံး ၄ ဦးဒဏ်ရာရပြီး ဒဏ်ရာရအမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မနက် ၆ နာရီ ခွဲလောက်မှာ ရန်ကုန်-စစ်တွေကားကမ်းလမ်းပေါ်က အောက်သားကန်ရွာအပါအဝင် အနား ကရှိတဲ့ လယ်ကွင်းတွေ၊ ချုံပုတ်တွေကို တပ်မတော်စစ်သားတွေက ပစ်ခတ်ခဲ့လို့ အမျိုးသမီးနှစ် ကျည်ဆံ ထိမှန်ပြီး ဒဏ်ရာရရှိသွားတယ်လို့ ရက္ခိုင့်တပ်မတော် အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ဘီဘီစီကို ပြောပါတယ်။

Wednesday, March 27, 2019

နုတ်ထွက်စာတင်ထားသော မြောက်ဦးမှ ကျေးရွာအုပ် ချုပ်ရေးမှူး ၆၀ ခန့် တာဝန်ပြန်လည်ထမ်းဆောင်မည်

နုတ်ထွက်စာတင်ခဲ့ သည့် မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀ ခန့်အနက် ၆၀ ခန့်သည် တာ ဝန်ပြန်လည် ထမ်းဆောင်မည် ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က ပြောသည်။

မြောက်ဦးမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးလေးဦး ဖမ်းဆီးခံရပြီးနောက် ကျန်ရှိနေ သေးသည့် ကျေး ရွာအုပ်ချုပ်ရေး မှူးများက နုတ်ထွက်စာတင်ခဲ့ သည်။ ထိုသို့ ဖမ်းဆီးခံရသူ အုပ်ချုပ်ရေးမှူးလေးဦးကို ပြန် လွှတ်ပးပြီးနောက် အုပ်ချုပ်ရေးမှူး ၆၀ ခန့်က တာဝန် ပြန်လည်ထမ်းဆောင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ် ကျောက်ကပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်အောင်ကျော်က ပြောသည်။

Sunday, March 24, 2019

ရခိုင်ပြည်ပဋိပက္ခကို ဖြေရှင်းဖို့ မှန်ကန်တဲ့မူဝါဒချဖို့ လိုတယ်လို့ မြောက်ဦးအမတ် ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန | သတင်းများ
2019-03-24

                                  ANP ပါတီ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောကို တွေ့ရစဉ်
                                                                                            Photo: RFA


ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခ အခြေအနေတွေကို အစိုးရအနေနဲ့ မှန်ကန်တဲ့ မူဝါဒတွေချမှတ်ပြီး ဖြေရှင်းလို့ ရနိုင်ကြောင်း ANP ပါတီ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောကြားလိုက် ပါတယ်။

RFA က ဒီကနေ့ ထုတ်လွှင့်တဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ဦးဦးလှစောက အခုလို ပြောကြားလိုက် တာ ဖြစ် ပါတယ်။

Tuesday, March 19, 2019

မြောက်ဦးက တပ်ရင်းဌာနချုပ်ကို လေးဘက်လေးတန် ကနေ ပစ်တယ်

ဧရာဝတီ
နန်းလွင်နှင်းပွင့်
မြောက်ဦးမြို့ဟာင်းတနေရာ / ဧရာဝတီ
19 March 2019


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း မတ် ၁၈ ရက် ညပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားပြီး ၈ နှစ်အရွယ် က လေးငယ်တဦးအပါအဝင် အရပ်သား ၇ ဦး ကျည်ဆံနှင့် လက်နက်ကြီးကျည်များ ထိကာ ဒဏ်ရာ ရရှိ သည်။ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာအတွင်းသို့လည်း လက်နက်ကြီးကျည်များ ကျပြီး နေအိမ် တလုံး မီးလောင်သွားသည်။

Monday, March 18, 2019

မြောက်ဦးမြို့အရေးနဲ့ပတ်သက်လို့ တပ်မတော်နဲ့ AA အပြန်အလှန်ပြစ်တင်နေ

RFA
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန | သတင်းများ
2019-03-18

 မြောက်ဦးမြို့ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းက ဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA 
 
ရခိုင်ပြည်နယ် မြောက်ဦးမြို့အရှေ့ဘက် တောင်ကုန်းတွေမှာ တပ်စွဲထားတဲ့ အစိုးရတပ်မတော်ဘက်က မနေ့က နေ့လယ်ပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့တဲ့အတွက် လူပေါင်း ၄၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်က ရွာသားတချို့ သေနတ်ထိမှန်ပြီး ဆေးကုမှုခံယူရ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-17

ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ်


ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ မတ် ၁၆ ရက်နေ့ မနေ့ညပိုင်းလောက်က ကျေး ရွာ သားတချို့ သေနတ်ထိမှန်ဒဏ်ရာရှိခဲ့ကြလို့ သက်ဆိုင်ရာဆေးရုံတွေမှာ ဆေးကုသမှုခံ ယူနေရ တယ်လို့ သိရပါတယ်။

Friday, March 15, 2019

ရခိုင်မှာ အစိုးရတပ်မတော်နဲ့ အေအေတို့ရဲ့တိုက်ပွဲတွေ ဆက်လက်ဆိုးရွားနေပြီး ဖမ်းဆီးမှုတွေရှိနေ

B  B  C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉-၀၃-၁၅


မတ်လ ၁၄ ရက်က မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းပေါ်မှာ စစ်ကားတန်းကို အေအေက မိုင်း ခွဲ တိုက်ခိုက်ရာကနေ တပ်က ပြန်ပစ်လို့ အနားက ရွာသုံးရွာထဲ လက်နက်ကြီး ကျည်ဆံတွေ ထိမှန်ပျက် စီးခဲ့ ပါတယ်။

Wednesday, March 13, 2019

မြောက်ဥင်္ီးတွင် လူနာလိုက်ပို့သူ ၆ ဦးနှင့် လူနာကို စစ်တပ်က ခေါ်ဆောင်သွားဟုဆို

နိရဉ္စရာ
နိရဉ္စရာ၊ မတ် ၁၃
                                        

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမှ လူနာသွားပို့သည့် ကျေးရွာသား ၆ ဦးနှင့် လူနာ ဖြစ်သူကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုများက နိရဉ္စရာသတင်းဌာနသို့ ပြောကြား သည်။

Friday, March 8, 2019

ရခိုင်စစ်ဘေးရှောင် ၁ သောင်းကျော်အတွက် စားနပ် ရိက္ခာ အရေးပေါ်လိုအပ်

DVB 
8 March 2019

တိုက်ပွဲတွေကြောင့် ကယ်ဆယ်ရေးစခန်းတချို့မှာ ခိုလှုံနေကြတဲ့ ရခိုင်စစ်ဘေးရှောင် တသောင်းကျော် အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေပြီလို့ ရခိုင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေဟာ ရခိုင်ပြည် နယ် မြို့နယ် ၅ မြို့နယ်နဲ့ ကယ်ဆယ်ရေးစခန်း ၁၉ ခုမှာ စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့ ရခိုင်တိုင်းရင်း သားမျိုးနွယ်စု အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

Monday, March 4, 2019

မြောက်ဦးမြို့ပေါ်တွင် လူနေအိမ်များရှေ့ ရခိုင်အလံ များစိုက်ထူ

DVB
2019 Mar 4th



ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်က ရပ်ကွက် ၈ ခုလောက်မှာ နေထိုင်     ကြတဲ့ လူနေအိမ်ရှေ့ တော်တော် များများမှာ ရခိုင်အလံတွေကို မတ်လ ၃ ရက်က စတင်ပြီး စိုက်ထူနေကြပါတယ်။

Thursday, February 28, 2019

မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို ထွေအုပ်လပတ်အစည်းအဝေးလုပ်နေရာမှ ရဲက ခေါ်ဆောင်သွား

နိရဉ္စရာ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး ၄ ဦးကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လ ပတ် အစည်းအဝေး ပြုလုပ်ရာနေရာမှ ရဲက ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ခေါ်ဆောင်ခြင်းခံရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ၄ ဦးမှာ ပြိုင်းချကျေးရွာအုပ်ချုပ်ရေးမှူး၊ ပေါက်ပင်ကွင်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရန်အောင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောက်ဆည်ပြင် ကျေးရွာ အုပ်ချုပ်ရေး မှူးတို့ ဖြစ်ကြောင်း သိရသည်။

Monday, February 18, 2019

ကိုးရီးယားမှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီစဉ်အရ မြန်မာနိုင်ငံရှိ မြို့နယ် ၂ရမြို့နယ်ရွေးချယ်ထားပြီး ရခိုင်မှ မြို့နယ် ၃ခုပါဝင်

မဇ္ဈိမ
By မိုးမြင့်ဇော၊18 February 2019




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ။ ။ မြန်မာနိုင်ငံရှိ မြို့နယ် ၂၇ မြို့နယ်ကို ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေ မှုလျော့ချရေးအစီအစဉ်အရ ကူညီပေးသွားရန် ရွေးချယ်ထားပြီး ရခိုင်ပြည်နယ် တွင် မြို့နယ် ၃ခု ပါဝင်
ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီး ယားသံအမတ်ကြီး Lee Sang-hwa က ပြောသည်။

Tuesday, February 12, 2019

ရခိုင်ပြည်နယ် အရပ်ဖက် လူသားချင်းစာနာမှု အ ထောက်အကူ ပိတ်ဆို့မှု အခြေအနေ

ရခိုင်ပြည်နယ် နှစ်ဘက်တိုက်ပွဲတွေဖြစ်နေတဲ့ နေရာက စစ်ဘေးဒုက္ခသည် မြိုတိုင်းရင်းသား မိသားစု

ရခိုင်စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ် အင်နဲ့အားနဲ့ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူ အညီတွေကို ပိတ်ဆို့မယ့်အစား နိုင်ငံတော်အစိုးရနဲ့ တပ်မတော်တို့ ပူးပေါင်းပြီး နည်းလမ်းရှာဖွေ ကူညီဖို့ ANP ရခိုင်အမျိုးသားပါတီက တိုက်တွန်းလိုက်ပါတယ်။

မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာနှင့်ထိပ်ဝပြင် ကျေးရွာအကြား၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား

MRTV

မြောက်ဦး ၁၁ ဖေဖော်ဝါရီ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာနှင့်ထိပ်ဝပြင်ကျေးရွာ အကြား ရန်
ကုန်- စစ်တွေ အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် (၁/၁၂၈)နှင့်(၂/၁၂၈)မိုင်တိုင်အကြား မြောက်ဦးမြို့
မှ မြောက် ဘက် မိုင်(၂၀)ခန့်အကွာ တွင် ဖေဖော်ဝါရီ ၁၁ နံနက် ၈ နာရီခွဲအချိန်က မိုင်းပေါက်ကွဲမှု ဖြစ်
ပွား ခဲ့ပြီး အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိ မှုမရှိကြောင်း သိရသည်။

Monday, February 11, 2019

မြောက်ဦးမြို့နယ်​ ရန်ကုန်-စစ်တွေကားလမ်းအနီး ဆွဲမိုင်းပေါက်ကွဲ

DVB     
11 February 2019 
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေအမြန်လမ်းမအနီးမှာ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၉ နာရီလောက်က တောင်ဦးကျေးရွာနဲ့ ထိပ်ဝပြင်ကျေးရွာကြား ဆွဲမိုင်းပေါက်ကွဲမှု ဖြစ်​ပွားခဲ့တယ်လို့ တပ်​မ​တော်​ သတင်းမှန်​ပြန်​ကြား​ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

Sunday, February 3, 2019

ရခိုင်မြောက်ပိုင်း မြို့နယ်များတွင် AA ဝင်ရောက်မှု စစ်ဆေးရန် ညွှန်ကြားစာ ပြည်နယ်အစိုးရငြင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ခုနစ်မြို့နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ပြည်သူများနှင့် ရောနှောနေ သည်ဟု သတင်းရသဖြင့် တပ်မတော်အပါအဝင် သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေးရန် ညွှန်ကြားထားခြင်းမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။

ဝန်ကြီးချုပ်ကိုယ်စား ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း လက်မှတ်ရေး ထိုးကာ ဇန်နဝါရီလ ၂၅ ရက်နေ့ရက်စွဲဖြင့် ယင်းသို့ ညွှန်ကြားထားသည့်စာမှာ Facebook စာမျက်နှာတွင် ပျံ့နှံ့နေသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */