Sunday, February 3, 2019

ရခိုင်မြောက်ပိုင်း မြို့နယ်များတွင် AA ဝင်ရောက်မှု စစ်ဆေးရန် ညွှန်ကြားစာ ပြည်နယ်အစိုးရငြင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ခုနစ်မြို့နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ပြည်သူများနှင့် ရောနှောနေ သည်ဟု သတင်းရသဖြင့် တပ်မတော်အပါအဝင် သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေးရန် ညွှန်ကြားထားခြင်းမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။

ဝန်ကြီးချုပ်ကိုယ်စား ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း လက်မှတ်ရေး ထိုးကာ ဇန်နဝါရီလ ၂၅ ရက်နေ့ရက်စွဲဖြင့် ယင်းသို့ ညွှန်ကြားထားသည့်စာမှာ Facebook စာမျက်နှာတွင် ပျံ့နှံ့နေသည်။
"ကျွန်တော်လည်း မတွေ့ဖူးဘူး။ အဲဒီစာတွေ အတု၊ အစစ် ဟုတ် မဟုတ် ဆိုတာကို" ဟု ဝန်ကြီး ဦးကျော် အေးသိန်း က The Voice Journal ၏ မေးမြန်းမှု ကို ဖြေကြားသည်။

ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ မြေပုံမြို့နယ်တို့တွင် AA က ပြည်သူနှင့် ရောနှောဝင်ရောက်နေသည်ဟု သိရကြောင်း Facebook စာမျက်နှာတွင် ပျံ့နှံ့နေသည့် ညွှန်ကြားစာတွင် ပါရှိသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ တပ်မတော်အစုအဖွဲ့များဖြင့် မသင်္ကာသည့်နေအိမ်များကို ဝင်စစ် ဆေးမည်ဖြစ်ကြောင်း ယင်းစာတွင် ဖော်ပြသည်။

ယင်းသို့ စစ်ဆေးရာတွင် လူဦးရေ မှန် မမှန် အိမ်ထောင်စုစာရင်းဖြင့် စစ်ဆေးjခြင်း၊ မှတ်တမ်းဓာတ်ပုံရယူရန် တင်ပြချက်ကို ဇန်နဝါရီလ ၂၃ ရက်နေ့က ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် လုပ်ထုံး လုပ်နည်းနှင့်အညီဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ယင်းစာတွင် ဖော်ပြသည်။

ယင်းအပြင် အကောင်အထည်ဖော် ဆောင်ရွက်မှု ပြီးစီးမှုကိုလည်း ပြန်လည်တင်ပြရန် ဖော်ပြထားသည်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */