VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
30 မတ်၊ 2019
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
30 မတ်၊ 2019
ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (photo-Rakhine Ethnics Congress)
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မြောက်ဦးနဲ့ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ရပ်ရွာအတွင်းပစ်ခတ်မှုနဲ့လက်နက် ကြီးတွေ ပစ်ခတ်မှုကြောင့် ရွာသား ၂၀၀၀ ကျာ် စစ်ဘေးတိမ်းရှောင်နေရပါတယ်။ မနေ့က မြောက် ဦးမြို့နယ် အောက်သကန်ရွာအတွင်း ပစ်ခတ်တိုက်ခိုက်မှုခံရအပြီး အောက်သကန် အပါအဝင် အနီးနားရွာ က ရွာသား ၈၀၀ နီးပါး ရပ်ရွာ ကနေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဘူးသီး တောင်မြို့နယ်ဘက်မှာလည်း တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ရွာသား ၁၂၀၀ ကျော် ရွာကနေ တိမ်းရှောင်နေရပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပွါးအပြီး တိမ်ညို အောက်သကန်၊သပြေ ကန်၊ ဘုရားကြီး စတဲ့ ရွာသား ၈၀၀ နီးပါးဟာ စစ်ဘေးလွတ်ရာကျေးရွာဆီကို တိမ်းရှောင်ထွက်ပြေး နေကြတာပါ။
ဒီမနက်အထိ တင်းထိန်ကန်ရွာဘက်ကို စစ်ဘေးရှောင်ရွာသား ၃၀၀ လောက် တိမ်းရှောင်ရောက်ရှိနေတယ် လို့ တင်းထိန်ကန်ရွာ အကူညီပေးအဖွဲ့ဝင် ဦးမောင်သိန်းလှကပြောပါတယ်။
“ကျွန်တော်တို့ တင်းထိန်ကန်ကျေးရွာမှာ ပြေးလာတဲ့သူ ၃၀၀ လောက်ရှိပါတယ်။ တိမ်ညိုရယ် မနေ့က ပစ် ခတ်မှု ဖြစ်တဲ့ အောက်သကန်ကျေးရွာရယ်၊ ဘုရားကြီးရယ်ပေါ့။”
အလားတူ ခွဆုံရွာနဲ့ ဥက္ကံကျေးရွာဘက်ကိုလည်း စစ်ရှောင်ဦးရေ ၄၈၀ ကျော် တိမ်းရှောင်ရောက်ရှိနေတယ် လို့ ခွ ဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။
“စစ်ရှောင်တွေက ခွဆုံကို ၃၈၉ ယောက်လောက် ရှိတယ်။ အောက်သကန်တို့ နောက် တိမ်ညို နောက်ပြီး တော့ သပြေကန်၊ မဟာမြတ်မုနိရွာတွေကတော့ ပါပါတယ်။ ဥက္ကံဘက်မှာတော့ ၁၀၀ ကျော်ရှိတယ်လို့ ပြော သံကြားပါတယ်။ အဲဒီမှာ သူတို့ သေနတ်သံတွေကို ကြောက်ပြီး သူတို့က ကြောက်လန့်ပြီး ပြေးလာတာ ဖြစ် ပါတယ်။”
မနေ့က မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာအတွင်း မြန်မာတပ်မတော်ကနေ ရွာကို ဝိုင်းပတ်ပစ်ခတ် ခဲ့လို့ အောက်သကန်ရွာ အပါအဝင် အနီးနားရွာက ရွာသားတွေကြောက်လန့်ပြီး တိမ်းရှောင်နေကြတာ ဖြစ် တယ်လို့ စစ်ရှောင်ရွာသားတွေက ပြောပါတယ်။
တပ်မတော်ဘက်ကတော့ အောက်သကန်ကျေးရွာ အဝင်မှာ အရပ်ဝတ်နဲ့ ရခိုင့်တပ်မတော် AA အဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့တာလို့ ပြောဆိုခဲ့သလို AA ဘက်ကတော့ တိုက်ပွဲဖြစ်ပွါးတာ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

မနေ့ က အောက်သားကန်ရွာအတွင်း ဖြစ်ပွါးတဲ့ပစ်ခတ်မှုမှာ အရပ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ သလို ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း အပါအဝင်၇ ဦးကို တပ်မတော်ကနေ ဖမ်းဆီးသွားခဲ့ပါတယ်။
ဒီအထဲကမှ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတဦးကို စစ်တပ်ကနေ ပြန်လွှတ်ပေးပြီး ကျန်တဲ့ ၅ ဦးတော့ ပြန်လည် လွတ်မြောက်တာ မရှိသေးဘူးလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြော ပါတယ်။
“မနေ့က သူတို့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အထဲမှာ လူ ၇ ယောက်ပါပါတယ်။ ခူလိုင်ကျေးရွာက မြိုတိုင်းရင်း သား တယောက် ပါပါတယ်။ အဲဒီ မြိုတိုင်းရင်းသားနဲ့ အုပ်ချုပ်ရေးမှူးကို သူတို့က လွှတ်ပေးလိုက်တယ်။ ကျန် တဲ့ ၅ ယောက်ကို သူတို့က ခေါ်သွားတယ်။ လောလောဆယ်တော့ မြောက်ဦး ရဲစခန်းကို မရောက်သေး ပါ ဘူး။ ကျနော် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြီးတော့ ရဲခရိုင်မှူးကို မေးခိုင်းတယ်။ ရဲခရိုင်မှူး က မြောက်ဦးကိုမရောက်သေးဘူးလို့ ပြောတယ်လို့ ထွေအုပ်ခရိုင်အုပ်ချုပ်ရေးမှူးက တဆင့် ကျနော်ကို အကြောင်းကြားပါတယ်။”
ဒီမတ်လကစပြီး မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ စစ်ရေးတင်းမာနေမှုကြောင့် မြောက်ဦးမြို့နယ် အတွင်း ဒေသခံရွာသား ၇၀၀၀ ခန့် တိုးပွါးနေတယ်လို့လည်း ဦးထွန်းသာစိန်က ပြောပါတယ်။
အလားတူ ဘူးသီးတောင်မြို့နယ် စံဂိုးထောင်ကျေးရွာအုပ်စုဘက်မှာလည်း တပ်မတော်ကနေ လက်နက် ကြီးတွေနဲ့ ပစ်ခတ်နေမှုကြောင့် ဥယာဉ်သာ၊ သျှစ်သျှားတောင်၊ နွားရုံတောင်၊ ဆင်သေပြင်စတဲ့ရွာ ၆ ရွာက ရွာသား ၁၂၀၀ ကျော် မနေ့က စစ်ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ စံဂိုးထောင်ကျေးရွာ အုပ်ချုပ်ရေး မှူး ဦးစံထိုက်ကျိုက ပြောပါတယ်။
“ကျနော်တို့ အုပ်စုက လူတွေက ကုလား အရပ်တွေရယ်၊ ရခိုင်ရော အကုန်လုံး စစ်ရှောင်နေရတယ်။ ရှောင်နေတာတော့ ဟိုဖုံညိုလိပ်တို့ တိုင်းရင်းသားတွေဆိုတော့ ဟိုဘူးသီးတောင် ရန်အောင်ပြင်ကျောင်း၊ စေတီတောင်၊ ဆင်ခုန်းတိုင် အဲဒီ ရွာကို ရှောင်နေတယ်။ ခန့်မှန်းခြေဦးရေဆိုတော့ လူ ၁၀၀၀နဲ့ ၂၀၀၊ ၃၀၀ လာက်တော့ရှိမယ်။တိမ်းရှောင် နေတာက ကျွန်တော်တို့ဆီမှာက သွားလမ်းကြောင်း ဖြစ်နေတယ်ဆိုတော့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်လာတော့ သူတို့ကလည်း ကြောက်တာပေါ့။ အဲဒီ ရွာအနားတွေမှာ ကျတယ်။ ဘုရားပုထိုးတွေမှာ ကျတယ်။ လက်နက်ကြီးတွေလာကျတော့ သူတို့ကလည်း ကြောက်ပြီးရှောင်တာပေါ့။ ကျွန်တော်တို့ ရပ်ရွာမှာလည်း ဟို နယ်ခြားစောင့်တပ် ဖွဲ့က တပ်စွဲထားတယ်ဆိုတော့ ရွာက လူတွေကလည်း နည်းနည်း စိုးရိမ်မကင်း ဖြစ်ကြတာပေါ့။”
ဒီတောအတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုများလာလို့ စိုးရိမ်စိတ်နဲ့ စစ်ဘေးတိမ်းရှောင် လာတယ်လို့လည်း သူကဆိုပါတယ်။
စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ စစ်ဘေးရှောင်ဦးရေ ၁၇၃၅၄ ဦး ရှိနေ တယ် လို့ အစိုးရကနေ ထုတ်ပြန်ထားသလို ရခိုင် လူမှုကူညီရေးအဖွဲ့အနေနဲ့ ကောက်ယူထားတဲ့ စစ်တမ်းအရ ၂၁၀၀၀ ကျော် ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Link : Here
No comments:
Post a Comment