ဧရာဝတီ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း မတ် ၁၈ ရက် ညပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားပြီး ၈ နှစ်အရွယ် က လေးငယ်တဦးအပါအဝင် အရပ်သား ၇ ဦး ကျည်ဆံနှင့် လက်နက်ကြီးကျည်များ ထိကာ ဒဏ်ရာ ရရှိ သည်။ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာအတွင်းသို့လည်း လက်နက်ကြီးကျည်များ ကျပြီး နေအိမ် တလုံး မီးလောင်သွားသည်။
နန်းလွင်နှင်းပွင့်
မြောက်ဦးမြို့ဟာင်းတနေရာ / ဧရာဝတီ
မြောက်ဦးမြို့ဟာင်းတနေရာ / ဧရာဝတီ
19 March 2019
အရပ်သားများ နေထိုင်သည့် မြို့ပေါ်လူနေရပ်ကွက်များ၊ ကျေးရွာများသို့ ဦးတည် ပစ်ခတ်ခံရမှုအပေါ် ဒေသခံ များက တပ်မတော်၊ စစ်ကြောင်းများ ကားဖြင့် ဖြတ်သွားပြီး အကြောင်းမဲ့ ပစ်ခတ်သွားသည်ဟုပြောဆိုနေကြ သည်။ရခိုင်ပြည်နယ်တွင်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ရက္ခိုင့်တပ်မတော် (AA) ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း ၎င်းတို့နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို AA တပ်ဖွဲ့ဝင်များလည်း မြောက် ဦး မြို့အတွင်း သွားလာမှု မရှိဘဲ တပ်မတော်က တဖတ်သတ် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ပြောသည်။မတ် ၁၈ ရက် ညပိုင်း ပစ်ခတ်မှုများနှင့်ပတ်သတ်၍ တပ်မတော်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့် ရှိ သူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ်မေးမြန်း ထားပါသည်။
မေး ။ ။မြောက်ဦးမြို့နယ်အတွင်းမှာ မနေ့ညက ဖြစ်သွားတဲ့ ပစ်ခတ်မှုတွေက ဘယ်လိုကြောင့် ဖြစ်သွားလဲ။
ဖြေ ။ ။ ပစ်ခတ်မှု ဖြစ်တာကတော့ တိုက်ပွဲဖြစ်လို့ ပစ်ခတ်မှု ဖြစ်တာပါ။ တပ်မတော်က ဘယ်လိုကြုံတွေ့ခဲ့ ရ လဲဆိုတော့ ကျနော်တို့က မြောက်ဦးဒေသ ဝန်းကျင်တဝိုက်ကို နယ်မြေအေးချမ်းရေးနဲ့ နယ်မြေ တည်ငြိမ် ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေရှင်းနေတာတွေ ရှိတယ်။ နယ်မြေရှင်းနေတဲ့ အပေါ်မှာ မနေ့ ညက မြောက်ဦးမှာ အခြေစိုက်ထားတဲ့ ခမရ ၅၄၀ တပ်ရင်းဌာနချုပ် တခု ရှိတယ်။ တပ်ရင်းဌာနချုပ်ကို လေး ဘက်လေးတန်ကနေ ပစ်တယ်။ လေးဘက်လေးတန်ဆိုတာ မြို့ရိုးပေါ် ကလည်း ပစ်တယ်။ နောက်ရွာ ဟောင်း တာဘက်ကလည်း ပစ်တယ်။ နောက်တခုက သရက်အုပ်ဘက်က လည်း ပစ်တယ်။ AA က နေရာ ယူ ပြီး ဒီလိုပစ်တယ်။ ဒါက တချက်ပါ။နောက်တချက်က ကျနော်တို့ လုံခြုံရေး လုပ်တဲ့အခါမှာ ကျနော်တို့ တပ် တွေသည် နေရာရွှေ့ပြောင်းမှုတွေ လုပ်ရပါတယ်။ နေရာရွှေ့ပြောင်းမှုတွေကို ယာဉ်တန်းနဲ့ ရွှေ့တာ ရှိ သလို ခြေလျင်ရွှေ့တာတွေ ရှိပါတယ်။ အဲ့လို ခြေလျင်နဲ့ သွားတဲ့အပေါ်မှာ AA သောင်းကျန်းသူတွေက ရပ် ကွက် တွေ ထဲကရော ရှေးဟောင်း သာသနာ့နယ်မြေထဲက စေတီပုထိုးတွေကို နောက်ခံပြုပြီး အကာ အ ကွယ်ယူပြီး အဲ့နေရာတွေက ပစ်တယ်။ AAက စပစ်တာ။ ကျနော်တို့က စပစ်တာ လုံးဝ မရှိဘူး။ ကျနော် တို့ရဲ့ တပ်ရင်း ဌာန ချုပ်တွေ ဒေသတည်ငြိမ်ရေးအတွက် လမ်းလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ရပ် ကွက်တွေ ထဲက ချောင်းမြောင်းပစ်တာ ရှိတယ်။ အိမ်ကြိုအိမ်ကြားက ပစ်တာ ရှိတယ်။ ရှေးဟောင်း သာသ နာ့ နယ်တွေ ဖြစ်တဲ့ သာသနာ့နယ်မြေတွေထဲကနေ စောင့်ပစ်တာ ရှိတယ်။ ဒါ့ကြောင့် ကျနော်တို့က တုန့်ပြန် ပစ်ခတ် ရ တာပါ။ လိုအပ်တဲ့ အတိုင်းအတာလောက်ထိ တုန့်ပြန်ပစ်ခတ်ရတာ ရှိပါတယ်။ အဲ့အနေအထား တွေ ရှိပါ တယ်။
မေး ။ ။ မနေ့ညက ပစ်ခတ်မှုမှာ အရပ်သားတွေ အိမ်ထဲကနေမြင်တာ တပ်မတော်ရဲ့ စစ်ကားတွေ ဖြတ် သွား ပြီး တောက်လျောက်ပစ်သွားတာမြင်တယ်လို့ ပြောကြတယ်။ အရပ်သားတွေကို ပစ်ခတ်တယ် ဆိုတာ ပြော ကြ ပါတယ်။ ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ ပြောချင်တာကတော့ ဒေသခံတွေက အကြောက်တရားနဲ့ ခြိမ်းခြောက်ထားတဲ့ သဘောရှိတယ်။ စဉ်း စားကြည့်လေ။ လမ်းလယ်ခေါင်ကြီးမှာ ဒီတိုင်းတော့ ဘယ်သူ ပစ်မလဲ။ မပစ်ပါဘူး။ ကျနော်တို့က ဒီဒေ သ ကြီး တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ပေးနေတဲ့ လူတွေကတော့ ဒီဒေသကြီး ဆူပူမှု ဖြစ်အောင် မလုပ်ပါ ဘူး။ မဖန်တီးပါဘူး။ ကျနော်တို့ကို ပစ်လို့သာလျှင် ကျနော်တို့ ပစ်တာလေ။ ဒေသခံ ပြည်သူလူထုတွေက လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပူးပေါင်းပြီးတော့ ပါဝင်ပေးဖို့ ပြောချင်တယ်။ကျနော်တို့ လုံခြုံရေးလုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို အိမ်ကြိုအိမ်ကြားက ပစ်တာ၊ ဘုရားတွေပေါ်က ပစ်တာတို့ဆိုရင် ကျနော်တို့ကို ပစ်လို့ရှိရင် ကျနော်တို့ကတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့တော့ ပြန်ပြီး ပစ်ခတ်ရမှာပဲ။ မပစ်ခတ်ဘူးဆိုရင် ကျနော်တို့ ရဲ ဘော်တွေ အရာရှိတွေ ကျကုန်မှာပေါ့။ ဒါမျိုးကျတော့ မရဘူးလေ။ တဖက်သတ်တော့ လုပ်လို့ မရဘူးလေ။ ကျနော်တို့က တဖက်သက်ပစ်တယ်ဆိုတာမျိုးက လုံးဝ မရှိဘူး။ ခြောက်လှန့်စရာလည်း မရှိဘူး။ AA က စ ပစ်လို့သာ ကျနော်တို့က ပစ်တာ။ဒါ့ကြောင့် AA ဟာ မြို့ထဲမှာ မဖြစ်စေချင်ဘူးဆိုရင် မြို့ထဲကနေ လာမပစ်နဲ့ ။ တောထဲမှာ လုပ်လိုက်။ ကျနော်တို့ တောထဲမှာ လာချမယ်။ အဲ့တာဆို စစ်ဘေးရှောင်လည်း ရှိစရာအကြောင်း မရှိဘူး။ မြို့ထဲမှာလည်း ပျက်စီးစရာ အကြောင်းမရှိဘူး။ အခုက ဒါမျိုးဖြစ်အောင် စစ်ဘေးရှောင်တွေ များလာအောင် ရှေးဟောင်းအမွေအနှစ်တွေ ပေါ် လက်နက်ကြီးတွေကျတယ်။ ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးတယ်။ ဒီလိုတမင်လုပ်ကြံဖန်တီးလို့ ရအောင် ဒီအကွက်ကို ဆင်တာလို့ပဲ ကျနော် ထင်တယ်။
မေး ။ ။ ဒါဆို မြောက်ဦးမြို့ရဲ့အခြေအနေက အရပ်သားတွေအတွက် လုံခြုံသေးပါသလား။
ဖြေ ။ ။လုံခြုံပါတယ်။ ဒေသခံပြည်သူလူထုကသာ AAနဲ့ မပူးပေါင်းနဲ့ လုံခြုံတယ်ခဗျ။
မေး ။ ။ ဒီနေ့ နောက်ဆုံး အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ နောက်ဆုံးအခြေအနေကတော့ အေးအေးဆေးဆေးပါပဲ။ သူ့ဘာသာ ဈေးဝယ်တဲ့ လူက ဝယ်၊ ကျောင်းသွားတဲ့သူ သွား၊ အလုပ်သွားတဲ့သူ သွားနဲ့ အေးအေးဆေးဆေးပါပဲ။ AA က တိုက်ပွဲဖော်ရင် နေ့ ခင်းဖော်တာ နည်းတယ်။ ညပိုင်းမှ ဟိုနေရာပစ် ဒီနေရာပစ်နဲ့ ဒါ တမင်လုပ်တာ။ သတ္တိရှိရင် နေ့ခင်း လမ်းပေါ် မှာ ချလေ။ အခုက အိပ်တဲ့ အချိန်မှပဲ တောပစ်တောင်ပစ် လျှောက်ပစ်တယ်။ ရွာသူရွာသားတွေ ဒေသခံတွေ ကလည်း ဘာမှမသိပဲ AA ပစ်တာကျ မပြောဘူး။ ကျနော်တို့ တပ်က ပစ်တာတွေပဲ တဖတ်သက်တွေ ပြော နေတယ်။ ဒါလည်း ပြည်သူလူထုအနေနဲ့က သေသေချာချာ မှန်မှန်ကန်ကန် သုံးသပ် ဆုံးဖြတ်ဖို့ လိုတယ်။
မေး ။ ။ မနေ့က ရွာဟောင်းတော ကျေးရွာမှာ လက်နက်ကြီးကျည် ကျတယ်။ အိမ်မီးလောင်ပြီး လူ ၆ ဦး ဒဏ် ရာတယ်။ အဲ့ဘက် အခြေအနေကရော ဘယ်လို ဖြစ်တာလဲ။
ဖြေ ။ ။ ရွာဟောင်းတောဘက်မှာ AA အဖွဲ့တွေလည်း ရှိတယ်။ AA ပစ်တာလည်း ဖြစ်နိုင်တယ်လေ။ ဒီဟာက ကျနော်တို့ ပစ်တယ်ဆိုတာ ဘာအထောက်အထားနဲ့ ပြောတာလဲ။ ကျနော်တို့ကတော့ သူတို့ပစ်တဲ့ နေရာမှာ ကျနော်တို့ ပစ်မှာပဲ။ ဒါတောင် ကျနော်တို့က အတိုင်းအတာ တခုထိ ထိန်းထိန်းသိမ်းသိမ်းပဲ ကျ နော်တို့ ပစ်ပါတယ်။ ဘယ်ကျကျဆိုတာ အရမ်း ပစ်တာ မရှိဘူး။ AA စပစ်လို့သာ ကျနော်တို့က ပစ်တာ။ AA မပစ်ဘူးဆို လုံးဝ မပစ်ဘူး။ဒါပေမယ့် လက်ရှိအနေအထားက AA က ယူနီဖောင်းလည်း ဝတ်ထားတာ မ ဟုတ် ဘူး။ အရပ်ဝတ်နဲ့ပဲ ချနေတာ ဖြစ်လို့ ဒဏ် ရာမရဘူး မဖမ်းမိဘူးဆိုရင် ဒီကောင်တွေက AA ပေါ့။ ဒဏ် ရာရတယ် သေနတ်မှန်တယ်ဆိုရင် အရပ်သားကို ထိတယ်လို့ ပြောကြတယ်။ ဒဏ်ရာရရင် အရပ် သား၊ဒဏ် ရာ မရရင် AA ပဲ။ အခုဟာက အဲ့လို ဖြစ်နေတာ ။ ဒဏ် ရာ ရရင် အရပ်သားပဲ ပြောတယ်လေ။ ဒါကို ဘယ်သူ ကမှ ဘာနဲ့ စိစစ်ပြီး အတည်ပြုပေးမှာလဲ။ အခုက ဒဏ်ရာရရင် အရပ်သား၊ အရပ်သားပဲ ပြောနေတယ်။ သူတို့တွေကပဲ အရပ်ဝတ်တွေနဲ့ ကျနော်တို့ကို မိုင်းဆွဲပြီး ချောင်းမြောင်းတိုက်ခိုက်နေတာ။ အဲ့လို အနေ အ ထားတွေ ရှိပါတယ်။ဒါက ဂဃနဏ ရှင်းပြတာပါ။ အခုဟာက တပ်ကပဲ အရမ်းကာရော ပစ်တယ်။ ထိတယ်။ ပြည်သူလူထုတွေ မနေရဲဘူး။ ကျီးလန့်စာစား ဖြစ်ရတယ်လို့ ဝါဒဖြန့်တယ်။ စဉ်းစားကြည့်ပါ။ ကျနော်တို့ ဒေ သ တည်ငြိမ် အေးချမ်းရေး လုပ်တဲ့ သူတွေ ဒေသကို တည်ငြိမ်မှု ပျက်ပြားအောင် မလုပ်ဘူး။
မေး ။ ။ ကျေးဇူးတင်ပါတယ်။ ဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ ဒေသခံ ပြည်သူလူထုကလည်း ကျနော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်ပေးပါ။ ဒီလိုမျိုးတွေမလုပ်ပါနဲ့။ မ ဟုတ် ရင် ဒေသတည်ငြိမ်အေးချမ်းရေးက တော်တော်နဲ့ မရပါဘူး။ ပြည်သူလူထုပဲ နာပါတယ်။ ကျနော်တို့ ကတော့ ဒေသတည်ငြိမ်အေးချမ်းရေးကို အစွမ်းကုန် ကြိုးစားမှာပဲ။ ဒေသတည်ငြိမ်အောင် လုပ်ပေးမယ်။ ပြည်သူတွေက ပူးပေါင်းဆောင်ရွက်ပေးပါ။ ဒါပဲ ပြောချင်ပါတယ်။ထပ်ဖြည့်ချင်တာက AA ဟာ အရပ်ဝတ် အပြင် ကျနော်တို့ တပ်မတော်ယူနီဖောင်းတွေ ဝတ်ပြီး အသွင်ယူပြီး ကျနော်တို့ ယူနီဖောင်းတွေ ဝတ်ပြီး ပြန် ပစ်တာတွေ ရှိပါတယ်။ ကျနော်တို့ စစ်ယူနီဖောင်းတွေ ဝတ်ပြီး ရွာတွေ အိမ်တွေထဲ ပစ်ချတာတွေက ကျနော် တို့ တပ်မတော်က ပစ်ပါတယ်ဆိုတာမျိုး လုပ်နေတယ်။ အခု အဲ့စနစ်ကို သူတို့ သုံးလာပြီ။ အဲ့တာ မြောက်ဦး မြို့နယ်၊ ကျောက်တော်မြို့နယ် တွေမှာ ဒီလိုပဲ လုပ်နေပါတယ်။ အခု တွေ့နေရတဲ့ အနေအထားတွေကို ကျ နော်ပြောပြတာပါ ။ ကျနော်တို့ တပ်မတော်ကို နာမည်ပျက်အောင် လုပ်နေတဲ့ အနေအထားတွေ ရှိနေပါ တယ်။

Link : Here
No comments:
Post a Comment