DVB
11 February 2019 ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေအမြန်လမ်းမအနီးမှာ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၉ နာရီလောက်က တောင်ဦးကျေးရွာနဲ့ ထိပ်ဝပြင်ကျေးရွာကြား ဆွဲမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျောက်တော်အဝင် ကားလမ်းပေါ်မှာ ဆွဲမိုင်း ၃ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရမှု မရှိပါ ဘူး။ ယာဉ်ပျက်စီးမှုလည်း မရှိပါဘူး။ ကားလမ်းတွေ ပိတ်ထားတာမရှိပါ။
ကျောက်တော်မိုင်းခွဲတဲ့နေရာက အရင် ဝန်ကြီးချုပ်ဦးညီပု ယာဉ်တန်းမိုင်းဆွဲခံရတဲ့ နေရာမှာပဲ ထပ်ပြီးမိုင်းခွဲ တာပါ။ နေရာချင်း သိပ်မကွာဘူး။ အကျအဆုံးတွေကတော့ မရှိပါဘူးစစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေ နားမှာ တိုက်ပွဲဖြစ်တာမရှိပါဘူး နယ်မြေရှင်းလင်းတာတွေတော့ ရှိပါတယ်” လို့ ပြောပါတယ်။
နယ်မြေလုံခြုံရေးအနေနဲ့ကတော့ ထိန်းချုပ်နိုင်ပြီး မိုင်းပေါက်ကွဲမှုကြောင့် လမ်း အနည်းငယ်ပျက်စီးခဲ့ပေမယ့် အခြားပျက်စီးဆုံးရှုံးမှုများ မရှိဘူးလို့ သိရပါတယ်။
ရန်ကုန်-စစ်တွေကားလမ်းမ မြောက်ဦးမြို့နယ် ၊ ထိပ်ဝပြင်နဲ့ ပေါက်ပင်ကွင်းရွာအကြားမှာ မနေ့မနက် ၈ နာရီကျော်လောက်က မြန်မာတပ်မတော်ရဲ့ စစ်ကား ၈ စီးပါ စစ်ယာဉ်တန်းကို ကြားဖြတ် ဝင်ရောက်တိုက် ခိုက် ခဲ့တယ်လို့ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့အေအေက ထုတ်ပြန်ထား ပါတယ်။
ဒါ့အပြင်နေ့လယ် ၂ နာရီလောက်ကလည်း ကျောက်တော်မြို့နယ် တောင်မင်းကုလားရွာ အနားမှာလည်း အင်အား၂၀၀ လောက်ရှိတဲ့ မြန်မာတပ်မတော် တပ်မ(၂၂) လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ အေအေတပ်ဖွဲ့တို့ တရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိအခိုက်အကျအဆုံးတွေ ရှိခဲ့တယ်လို့လည်း အေအေက သတင်း ထုတ်ပြန်ထားပါတယ်။
ဗညား
Link : Here
No comments:
Post a Comment