နိရဉ္စရာ၊ ဧပြီလ ၅/ ၂၀၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာတွင် ခိုလုံနေသော စစ်ဘေးရှောင် ဒုက္ခသည်များထဲမှ ကြောက်လန့်ပြီး သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်နေသူ အသက် ၂၁ အရွယ်ရှိ မိန်းလေးတစ်ဦးကိုမြောက် ဦးဆေးရုံသို့ ဧပြီလ ၄ ရက်နေ့က ယူဆောင်သွားရသည်ဟု စခန်းတာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးမောင်သိန်း တန်က ပြောကြားသည်။
၎င်းမိန်းခလေးမှာ မြောက်ဦးမြို့နယ် အောက်သားကန်ကျေးရွာမှ အေးသဇင်မိုး(၂၁) နှစ် (ဘ) ဦးဝေထွန်းစိန် (မိ) ဒေါ်လှညွှန့်စိန် ဖြစ်ကြောင်း သိရသည်။
“ သူတို့မိသားစုက မတ်လ ၂၉ ရက်နေ့ကတည်းက အောက်သားကန် ရွာကနေ ထွက်ပြေးလာကြပြီးသပြေ ကန်ရွာကို ရောက်လာကြတာပါ။ သေနတ်ပစ်ခတ်တဲ့နေ့ နေ့လယ် ၁၂ နာရီကတည်းက ထွက်ပြေးလာကြ တာပါ။ အဲဒီခလေးမလေးက ကြောက်လန့်ပြီး အဲဒီနေ့ကတည်းက သတိမေ့နေတာပါ။ ဒီလို သတိမေ့တဲ့ အ တွက် နောက်ပိုင်းမှာ တိမ်ညိုဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ ဒါပေမယ့် သတိက ရတဲ့အခါ ရတယ်။ မရတဲ့ အခါ မရဘူး။ အခြေအနေက နဂိုတိုင်း ပြန်ဖြစ်မလာတော့ တိမ်ညိုဆေးရုံကနေ မြောက်ဦးဆေးရုံကို မနေ့က ယူသွားပါတယ်” ဟု ပြောကြားသည်။
သူမသည် စစ်တပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကျည်များ အိမ်အနီးအနားတွင် ကျရောက်ပေါက်ကွဲရာမှ လန့်ဖျပ်သွားပြီးနောက် သတိလစ်သွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။
မြောက်ဦးမြို့နယ် သပြေကန်ကျေးရွာတွင် လက်ရှိတွင် အောက်သားကန် ကျေးရွာမှ စစ်ဘေးရှောင် မိသား စု ၇၂ စု၊ လူဦးရေ ၃၁၃ ဦး (ကျား ၁၄၈ ဦးနှင့် မ ၁၆၅) ဦးရှိကြောင်း သိရသည်။
“ သူတို့က ရွာကို ပြန်မလားဝံ့ကြတော့ဘူး။ အရမ်းကို ကြောက်စိတ်ဝင်သွားကြပါတယ်။ ဒါကြောင့် လောလော ဆယ် အမျိုးသားတွေကို ဘုန်းတော်ကြီးကျောင်းမှာ ထားတယ်။ အမျိုးသမီးတွေကိုတော့ ဓမ္မာရုံမှာ ထား ပါတယ်။ လိုအပ်တာကတော့ ဆန်နဲ့ သူတို့ အသုံးပြုဖို့ အိမ်သာတွေ လိုအပ်ပါတယ်။ ဆန်က တစ်
နေ့ ၂ အိတ်နုန်း လိုပါတယ်” ဟု ပြောကြားသည်။
သပြေကန် စစ်ဘေးရှောင်စခန်းသို့ ကူညီလိုသူများသည် ဦးမောင်သိန်းတန်(ဖုန်း- ၀၉၈၉၄၁၉၉၀၂၀) သို့ ဆက်သွယ်နိုင်ပါသည်။
(ဓာတ်ပုံ- သပြေကန်စစ်ဘေးရှောင်စခန်းနှင့် သတိမရဖြစ်နေသော အမျိုးသမီး)
Link : Here
No comments:
Post a Comment