Monday, March 4, 2019

မြောက်ဦးမြို့ပေါ်တွင် လူနေအိမ်များရှေ့ ရခိုင်အလံ များစိုက်ထူ

DVB
2019 Mar 4th

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်က ရပ်ကွက် ၈ ခုလောက်မှာ နေထိုင်ကြတဲ့ လူနေအိမ်ရှေ့ တော်တော် များများမှာ ရခိုင်အလံတွေကို မတ်လ ၃ ရက်က စတင်ပြီး စိုက်ထူနေကြပါတယ်။

ရခိုင်ပြည်နယ်အလံ စိုက်ထူထားကြတဲ့ ရပ်ကွက်တွေထဲမှာ အထက်လမ်း၊ ဘီလူးကန်၊ ကြာကန်စု၊ လောကမူ၊ ကျောက်ရစ်ကေ၊ ဘုရားပေါ်၊ ဝါဇေးနဲ့ ပြင်ဇေးစတဲ့ မြောက်ဦးမြို့ ပေါ်ရပ်ကွက်တွေ ပါဝင်ပါတယ်။

လက်ရှိမှာ တပ်မတော်နဲ့ အေအေ (ရက္ခိုင့်တပ်မတော်)တို့ တိုက်ပွဲတွေဖြစ်နေရာမှာ မြောက်ဦးမြို့နယ်က ရန်အောင်ပြင်၊ ကျောက်ဆည်ပြင်၊ ပေါက်ပင်ကွင်းနဲ့ ပြိုင်းရှားစတဲ့ ကျေးရွာ ၄ ရွာက အုပ်ချုပ်ရေးမှူးတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး မတ်လ ၁ ရက်က မတရား အသင်းဆက်သွယ်မှုပုဒ်မနဲ့ အမှုဖွင့် ဖမ်းဆီးထားပါတယ်။

အဲဒီနောက်မှာ မြောက်ဦးမြို့နယ်က အုပ်ချုပ်ရေးမှူး ၉၀ လောက်ကလည်း တာဝန်က ရပ်စဲဖို့ တပြိုင်နက် တည်း နှုတ်ထွက်စာတင်ခဲ့ကြသလို    ဒေသခံတွေကလည်း အခုလို နေအိမ်တွေမှာ အလံစိုက်ထူ လာကြ တာပါ။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ထွန်းနေဝင်း

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */