B B C
ဒီနေ့မနက်မှာ မြောက်ဦးမြို့နယ်က အောက်သားကန်ရွာမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ ဒေသခံရွာသား အ နည်း ဆုံး ၄ ဦးဒဏ်ရာရပြီး ဒဏ်ရာရအမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၂၉ ရက်
၂၀၁၉ မတ်လ ၂၉ ရက်
မနက် ၆ နာရီ ခွဲလောက်မှာ ရန်ကုန်-စစ်တွေကားကမ်းလမ်းပေါ်က အောက်သားကန်ရွာအပါအဝင် အနား ကရှိတဲ့ လယ်ကွင်းတွေ၊ ချုံပုတ်တွေကို တပ်မတော်စစ်သားတွေက ပစ်ခတ်ခဲ့လို့ အမျိုးသမီးနှစ် ကျည်ဆံ ထိမှန်ပြီး ဒဏ်ရာရရှိသွားတယ်လို့ ရက္ခိုင့်တပ်မတော် အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ဘီဘီစီကို ပြောပါတယ်။
စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်က တိမ်ညိုတံတားပေါ်ကနေ တပ်မတော်တပ်ဖွဲ့တွေက အောက်သား ကန် ရွာ ကို ဘာတိုက်ပွဲမှလည်း မဖြစ်ပဲနဲ့ အသားလွတ်လှမ်းပြီးပစ်ခတ်တာ၊ အောက်သားကန်ရွာကိုဆင်းပြီးတော့ ရွာကိုလည်း ဝိုင်းထားခဲ့ပြီး ရွာသားတွေကိုလည်း ဖမ်းဆီးနှိပ်စက်စစ်ဆေးမှုတွေလုပ်တယ်လို့ ခိုင်သုခက ပြောပါတယ်။ အဲဒီအနားမှာလည်း အေအေ တပ်ဖွဲ့ဝင်တွေ လှုပ်ရှားနေတာမရှိဘူးလို့ သူက ဆိုပါတယ်။
- နယ်မြေမလုံခြုံမှုကြောင့် ရခိုင်က ရဲစခန်းနဲ့ နယ်ခြားစောင့်စခန်းတချို့ ရုပ်သိမ်း
- AA ကို ချေမှုန်း ဖို့ ဒေါ် အာင် ဆန်းစုကြည် ပြောတယ်လို့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ပြော
- အပစ်ရပ်မယ် ဆိုပြီး ရခိုင်မှာ အေအေနဲ့ တိုက်ပွဲဆက်
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ တပ်မတော် တပ်ဖွဲ့ဝင်တွေ လုံခြုံရေးဆောင်ရွက်နေတာကို အေအေတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ပြီး အောက်သား ကန်ရွာ ထဲကို ပြေးဝင်ပြီး မိုင်းဆွဲတိုက်ခိုက်တာ၊ ပစ်ခတ်တာတွေလုပ်ခဲ့လို့ တပ်မတော်ဖက်က ပြန်လည်ပစ်ခတ်ခဲ့ တာလို့ ဆိုပါတယ်။
တပ်မတော်ဘက်ကတော့ အေအေတပ်ဖွဲ့ဝင်တွေ အောက်သားကန်ရွာထဲကို ဝင်ရောက်နေရာယူတာတွေ ပစ်ခတ်တာတွေကို သက်သေအထောက်အထား အခိုင်အမာရှိပြီး ဒါနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်မယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဘီဘီစီကို ပြောပါတယ်။
မတ်လ ၂၆ ရက်နေ့က ကျီးရာပြင်ရွာနားက တပ်မတော်တပ်ဖွဲ့ရဲ့ ယာယီတပ်စခန်းတစ်ခုကို အေအေ ကွန် မန်ဒိုတပ် ဖွဲ့ဝင်တွေက ဝင်ရောက်စီးနှင်းခဲ့တာကို အညွှန်းထားပြီး အောက်သားကန်ရွာကို ပစ်မှတ်ထားပြီး ရွာသားတွေကို နှိပ်စက်စစ်ဆေးတာ ဖြစ်နိုင်တယ်လို့ ခိုင်သုခ က သုံးသပ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ တပ်မတော်တပ်ဖွဲ့ဝင်တွေ ၅၀ ကျော်ကျဆုံးခဲ့တယ်လို့ အေအေဖက်က ပြောဆိုခဲ့ပေမဲ့ တပ် မတော်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ငြင်းဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်က စစ်ဘေးဒဏ်ကြောင့် သေဆုံးသူ ဒဏ်ရာရသူနဲ့ ပျောက်ဆုံးသူတွေ စုစုပေါင်း ၅၂ ဦးရှိနေ ပြီလို့ ရခိုင်အမျိုးသားပါတီရဲ့ စုံစမ်းစစ်ဆေးမှု ကော်မတီကို ဦးဆောင်သူ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဘီဘီစီကို ပြောပါတယ်။
အဲ့ဒီကော်မတီဟာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် အရပ်သား ပြည်သူတွေ သေဆုံးမှု ၊ ဒဏ်ရာရမှုနဲ့ ပျောက်ဆုံးမှုတွေ အပါအဝင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိခိုက်မှုတွေအတွက် စုံစမ်းဖို့ ရခိုင်အမျိုးသားပါတီ (ANP) က မတ်လ ၂၀ ရက်နေ့မှာ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
အဲ့ဒီကော်မတီဟာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် အရပ်သား ပြည်သူတွေ သေဆုံးမှု ၊ ဒဏ်ရာရမှုနဲ့ ပျောက်ဆုံးမှုတွေ အပါအဝင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိခိုက်မှုတွေအတွက် စုံစမ်းဖို့ ရခိုင်အမျိုးသားပါတီ (ANP) က မတ်လ ၂၀ ရက်နေ့မှာ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment