MRTV
မြောက်ဦး ၁၁ ဖေဖော်ဝါရီ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာနှင့်ထိပ်ဝပြင်ကျေးရွာ အကြား ရန်
ကုန်- စစ်တွေ အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် (၁/၁၂၈)နှင့်(၂/၁၂၈)မိုင်တိုင်အကြား မြောက်ဦးမြို့
မှ မြောက် ဘက် မိုင်(၂၀)ခန့်အကွာ တွင် ဖေဖော်ဝါရီ ၁၁ နံနက် ၈ နာရီခွဲအချိန်က မိုင်းပေါက်ကွဲမှု ဖြစ်
ပွား ခဲ့ပြီး အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိ မှုမရှိကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုဖြစ်စဉ်မှာ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်း အနောက်ဘက်၌ ထောင်ထားသည့် မိုင်း(၂)လုံးမှာ ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်း(၁)လုံးနှင့် ကားလမ်း အရှေ့ဘက်၌ မပေါက် ကွဲသေးသည့် မိုင်း(၄)လုံး စုစုပေါင်း မပေါက်ကွဲသေးသည့် မိုင်း(၅)လုံးအား တပ်မတော်မှရှင်း လင်းမှု များဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ ခရီးသွားပြည်သူများနှင့် ခရီးသွား မော်တော်ယာဉ်များ ဘေး အန္တရာယ်ကင်းရှင်းရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး ခရီးသည် တင်ယာဉ် များမှာလည်း ပုံမှန်သွားလာလျှက်ရှိကြောင်း ခရိုင်ပြန်/ဆက် မှ သတင်းရရှိသည်။
လင့်၊ မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာနှင့်ထိပ်ဝပြင်ကျေးရွာအကြား၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား
No comments:
Post a Comment