ဘီဘီစီ မြန်မာပိုင်း
၂၀၁၉-၀၃-၁၅
မတ်လ ၁၄ ရက်က မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းပေါ်မှာ စစ်ကားတန်းကို အေအေက မိုင်း ခွဲ တိုက်ခိုက်ရာကနေ တပ်က ပြန်ပစ်လို့ အနားက ရွာသုံးရွာထဲ လက်နက်ကြီး ကျည်ဆံတွေ ထိမှန်ပျက် စီးခဲ့ ပါတယ်။ အမြောက်ဆန်တွေကျလို့ နေအိမ်နဲ့ ကျောင်း ခေါင်မိုးတွေ လန်ထွက်နေတာ တွေ့ခဲ့ရတယ်လို့ ပျက်စီးတာကို ကိုယ် တိုင်သွားရောက်စစ်ဆေးခဲ့တဲ့ မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောပါတယ်။
အခုတိုက်ခိုက်မှုအတွင်း တပ်ဘက်က တစုံတရာ အထိအခိုက်တွေတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြော ပါတယ်။
- လုံခြုံရေးကြောင့် ရခိုင်က ရဲကင်းစခန်းနဲ့ နယ်ခြားစောင့်စခန်းတချို့ ရုပ်သိမ်း
- ရခိုင်ပြည်နယ်က မြို့နယ် ၃ခုမှာ တိုက်ပွဲတွေ ပြင်းထန်
တိုက်ပွဲ ဖြစ်ပွားရာက နှစ် ဖာလုံလောက် အကွာမှာရှိတဲ့ ဘုရားကြီးကျေးရွာထဲကို လက် နက်ကြီးကျည် လေး လုံးလောက် ကျပေါက်ကွဲခဲ့ပြီး အမျိုးသမီးကြီးတဦးကို အမြောက်ဆန်စ ရှပ်ထိမှန်ခဲ့ပါ တယ်။ရွာပြင်မှာ ငါးရှာ ဟင်းခူးနေတဲ့ အသက် ၆၄ နှစ်အရွယ်ရှိ လူကြီးတဦးလည်း ပျောက်ဆုံးနေပါတယ်။
မောင်စိုးဝင်း ဒဏ်ရာရတာဟာ စစ်တပ်ကနေ ခြောက်လှန့်ပစ်ခတ်ရာမှာ ထိမှန်ခဲ့တာလို့ ဖခင်ဖြစ်သူ ဦးဘ စောက ပြောပါတယ်။ဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ် ပေမယ့် အစည်းအဝေးထဲ ရောက်နေတယ်လို့ ပြောဆိုလာတဲ့ အတွက် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါဘူး ။
လူနာကို ဖမ်းစစ်
တခါ မြောက်ဦးမြို့ ဆေးရုံကြီးကို ပန်းမြောင်း သပေါ့စာတဲစုကနေ ငှက်ဖျားဖြစ်ပြီး သတိမေ့နေတဲ့ ကိုလှ မောင်ဝင်းနဲ့ လူနာလာပို့သူ ခြောက်ဦး၊ ကားသမား သုံးဦးတို့ကို စစ်တပ်က မသင်္ကာတဲ့ အတွက် ဖမ်းဆီး စစ်ဆေးရာမှာ ကိုလှမောင်ဝင်း မတ်လ ၁၄ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။ကျန်တဲ့ လူငယ် ကိုးဦးကိုလည်း ရမန်ယူပြီး မြောက်ဦးမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
Link : Here
No comments:
Post a Comment