The Standard Time Daily
၂၉-၀၃-၂၀၁၉
“လူတွေကကြောက်လန့်ပြီးပြေးကြတယ်။ အဲဒီမှာပြေးရင်းနဲ့ တချို့ကဒဏ်ရာရတယ်။ တချို့က သေကြ တယ်။ ဒေသခံအမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်သေတယ်။ ဒဏ်ရာရတာ ၇ ယောက် လောက်ရှိတယ်။ တချို့က ဒဏ်ရာပြင်းတယ်။ ဒဏ်ရာတော်တော်ပြင်းတဲ့တစ်ယောက်ကတော့ မြောက် ဦးဆေး ရုံကိုရောက်နေပြီ။ ကျန်တဲ့ဒဏ်ရာရသူတွေကတော့ တိမ်ညို တိုက်နယ်ဆေးရုံကို ပို့ထားတယ် “ ဟုပြောသည်။
လက်ရှိအချိန်တွင် ဒေသခံရွာသားများမှာ ကြောက်လန့် ထွက်ပြေးနေရပြီး ရွာဘုန်းကြီးကျောင်းထဲတွင် ခိုလှုံနေကြသည်ဟု သိရသည်။
ဇန်နဝါရီလ ၄ ရက်မှ ယခုအထိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် စစ် ဘေးရှောင်ဒုက္ခသည်အရေအတွက် နှစ်သောင်းနှစ်ထောင်ကျော်ရှိနေပြီး စစ်ရှောင်ဒုက္ခသည်အရေးနှင့်ပတ် သက်၍ ရခိုင် ပြည်နယ်အစိုးရမှ ယခုထက်ပိုမို ကူညီထောက်ပံ့ပေးရန်လိုအပ်နေကြောင်း စစ်ဘေးရှောင် အရေးကူညီဆောင်ရွက်ပေးနေသူတို့က ဆိုသည်။
သတင်း - ဖြူဖြူခိုင်
ဓာတ်ပုံ - ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း မြောက်ဦး
Link : Here
No comments:
Post a Comment