ကိုရီးယားရင်းနှီး မြှုပ်နှံမှုကို သွားတဲ့ထဲမှာ ရွေးထားတာ မြန်မာနိုင်ငံမှာဆိုရင် ၂၇ မြို့နယ်ရှိတယ်။ အဲဒီထဲကမှ ရခိုင်မှာဆိုရင် သုံးမြို့နယ်ကို ရွေးချယ်ထားတယ်" ဟု Lee Sang-hwa က ပြောသည်။ဖေဖော်ဝါရီ ၁၈ရက် က မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးတွင် ပြုလုပ်သည့် မီဒီယာအချို့နှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ ခြင်းဖြစ် သည်။ကိုရီးယားနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်အတွက် လေ့လာမှုများလုပ် ဆောင်ခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်များဖြစ်သည့် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးမြို့များကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်ရည် ရွယ်ထားပြီး စိုက်ပျိုးရေးကဏ္ဍဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ရန်အတွက် ပြည်နယ်အစိုးရ၊ ဒေသခံ လယ် သမားများနှင့် တွေ့ဆုံခဲ့ကြောင်း ကိုရီးယားသံအမတ်ကြီး ကပြောသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုပြပွဲ Rakhine State Investment Fair 2019 ကို ဖေဖော် ဝါ ရီ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ငပလီ တွင် ကျင်းပသွားရန် ရှိနေပြီး ကိုရီးယားနိုင်ငံအနေဖြင့် ရင်းနှီး မြှုပ်နှံမှုများလုပ်ဆောင်ရန်အတွက် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။"Rakhine Investment Fair ကိုလည်းသွားမယ်။ ဒီတစ်ခေါက်မှာတော့ Korea Garment Association ဥက္ကဋ္ဌ နဲ့အတူသွားပြီး လေ့လာဖို့ရှိတယ်။ ကိုရီးယားအနေနဲ့ မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံတွေရှိတယ်။
အဲဒီစက်ရုံ တွေကလည်း ချဲ့ကောင်းချဲ့ချင်တာတွေရှိမယ်။ အဲဒီအတွက်ကိုလည်း ကျွန်တော်တို့သွားပြီး ကွင်းဆင်း လေ့လာ သွားမယ်" ဟု Lee Sang-hwa က ပြောသည်။
ကိုရီးယားနိုင်ငံ၏ New Southern ပေါ်လစီအရ အရှေ့တောင်အာရှတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စီစဉ်နေပြီး မြန်မာနိုင်ငံသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများတွင်းလည်း ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်သွားရန် စီစဉ်နေသည်။ ကို ရီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အဆင့် ၆ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။
No comments:
Post a Comment