Monday, March 18, 2019

မြောက်ဦးမြို့အရေးနဲ့ပတ်သက်လို့ တပ်မတော်နဲ့ AA အပြန်အလှန်ပြစ်တင်နေ

RFA
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန | သတင်းများ
2019-03-18

 မြောက်ဦးမြို့ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းက ဒုက္ခသည်တွေကို တွေ့ရစဉ် Photo: Min Thein Aung/RFA 
 
ရခိုင်ပြည်နယ် မြောက်ဦးမြို့အရှေ့ဘက် တောင်ကုန်းတွေမှာ တပ်စွဲထားတဲ့ အစိုးရတပ်မတော်ဘက်က မနေ့က နေ့လယ်ပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့တဲ့အတွက် လူပေါင်း ၄၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာ မဟုတ်ဘဲ ကျေးရွာနဲ့ကပ်လျက် တောင်ကုန်းတွေကနေ တပ်မတော်က ပစ်ခတ်တာ aကြာင့် ကြောက်လန့်ပြီး ထွက်ပြေးကြတာလို့ ဆိုပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူး ကြီး ဝင်းဇော်ဦး က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း AA အဖွဲ့က မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာမှာတပ်မတော် စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့တာတွေရှိကြောင်း၊ မြောက်ဦး မြို့ပေါ်မှာ ဒုက္ခသည်တွေ တိုးလာအောင် AA အဖွဲ့က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ RFA ကို ပြောပါတယ်။

AA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ မတ်လ ၁၅ရက်နေ့နောက်ပိုင်း မြောက်ဦးမြို့နယ်အ တွင်း တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားတာမရှိကြောင်းနဲ့ တပ်မတော်ဘက်က တိုက်ပွဲအတုတွေ ဖန်တီးနေ တယ် လို့ ပြန် လည်ပြောဆိုပါတယ်။

မြောက်ဦးမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်တို့အကြား စစ်ရေးတင်းမာနေပြီး အစိုးရ တပ် ဘက်က အင်အားအများအပြားကို မြို့နဲ့အနီးဝန်းကျင်တွေမှာ အင်အားတိုးမြှင့်ချထားတာ တွေ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် အခုဆိုရင် လူပေါင်း ၃၀၀၀ ကျော်လောက်ဟာ ကယ်ဆယ်ရေး စခန်းတွေမှာ ထွက်ပြေးခိုလှုံနေကြရပြီး ၃လကျော်ကြာနေပြီဖြစ်တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထွက် ပြေးနေရသူ နှစ်သောင်းခန့် ရှိနေပြီလို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။ ဒီသတင်းကို RFA သတင်းထောက် ကိုမင်း သိန်းအောင် ပေးပို့တာပါ။


Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */