Wednesday, March 27, 2019

နုတ်ထွက်စာတင်ထားသော မြောက်ဦးမှ ကျေးရွာအုပ် ချုပ်ရေးမှူး ၆၀ ခန့် တာဝန်ပြန်လည်ထမ်းဆောင်မည်

နုတ်ထွက်စာတင်ခဲ့ သည့် မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀ ခန့်အနက် ၆၀ ခန့်သည် တာ ဝန်ပြန်လည် ထမ်းဆောင်မည် ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က ပြောသည်။

မြောက်ဦးမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးလေးဦး ဖမ်းဆီးခံရပြီးနောက် ကျန်ရှိနေ သေးသည့် ကျေး ရွာအုပ်ချုပ်ရေး မှူးများက နုတ်ထွက်စာတင်ခဲ့ သည်။ ထိုသို့ ဖမ်းဆီးခံရသူ အုပ်ချုပ်ရေးမှူးလေးဦးကို ပြန် လွှတ်ပေးပြီးနောက် အုပ်ချုပ်ရေးမှူး ၆၀ ခန့်က တာဝန် ပြန်လည်ထမ်းဆောင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ် ကျောက်ကပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်အောင်ကျော်က ပြောသည်။

‘‘အုပ်ချုပ်ရေးမှူးတွေ အဖမ်းခံရတဲ့အတွက် နုတ်ထွက်စာတင် ခဲ့တယ်။ အခု အဖမ်းခံရတဲ့ သူတွေ ပြန်လွတ် လာတယ်။ ကိုယ့် ကျေးရွာမှာလည်း အုပ်ချုပ်ရေး ယန္တရားမပျက်စေချင်လို့ တာဝန် ပြန်လည်ထမ်းဆောင်ဖို့ စီစဉ်ရ တာဖြစ်ပါတယ်’’ဟု ၎င်းက ဆို သည်။

မတ်လ ၁ ရက်က နုတ်ထွက် စာတင်ခဲ့ပြီး ရက်ပေါင်း ၂၀ ကျော်အကြာတွင် တာဝန်ပြန်လည်ထမ်း ဆောင်ရန် စီစဉ်ခြင်းဖြစ်သည်။

သို့သော် နောက်ထပ် ကျေး ရွာအုပ်ချုပ်ရေးမှူး ၄၀ ခန့်သည် နယ်မြေလုံခြုံမှုမရှိခြင်း၊ ၎င်းတို့ကို တာဝန်ခံမည့် သူမရှိခြင်းတို့ ကြောင့် တာဝန်ပြန်လည်မထမ်း ဆောင်ခြင်းဖြစ်ကြောင်း မြောက် ဦးမြို့နယ် ကန်စောက်ကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က ပြော သည်။

ရခိုင်ပြည်နယ် အစိုးရက လည်း နုတ်ထွက်စာတင်ထား သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည်တာဝန် ထမ်းဆောင်ရန် ညွှန်ကြားထားသည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */