" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အင်ဒိုနီးရှား. Show all posts
Showing posts with label အင်ဒိုနီးရှား. Show all posts

Saturday, November 25, 2023

ရိုဟင်ဂျာ တချို့ ဘင်္ဂလာဒုက္ခသည်စခန်းက လှေစီးထွက်ခွါ

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၂၅ နိုဝင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်းက ယာယီကမ်းကပ်ခွင့်ပေးဖို့ ဆုံးဖြတ်အပြီးတွေ့ရစဉ် (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

ရာနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ လှေသုံးစင်းထက်မနည်း ဒီသီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ခွာလာနေတယ်လို့ ဒုက္ခသည်တွေက သောကြာနေ့မှာ ပြောပါတယ်။ အခု လတ်တလောမှာ အင်ဒိုနီးရှားနိုင်ငံ မြောက်ဘက်စွန်း အာချေးပြည်နယ်မှာ ရိုဟင်ဂျာ ဒုက္ခသည် ၁,၀၀၀ ကျော် လှေတွေနဲ့ ရောက်လာပြီးနောက်ပိုင်းမှာ နောက်ထပ် ရိုဟင်ဂျာလှေတွေ ထွက်လာတာပါ။

Wednesday, November 22, 2023

ရိုဟင်ဂျာ လှေစီးဒုက္ခသည် တထောင်ကျော် အင်ဒိုနီးရှားသို့ တပတ်အတွင်း ရောက်လာ

ဧရာဝတီ
နိုဝင်ဘာ ၂၁ ရက် ညက အာချေးသို့ ကမ်းကပ်လာသော ရိုဟင်ဂျာ လှေစီးဒုက္ခသည်များ/AFP 

လွန်ခဲ့သောညက ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀ ခန့် အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း ပြည်နယ်သို့ ရေကြောင်းမှ ရောက်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပြောသောကြောင့် လွန်ခဲ့သော အပတ် အတွင်း ရိုဟင်ဂျာ လှေစီးဒုက္ခသည် တထောင်ကျော်ရောက်လာခြင်း ဖြစ်သည်။

အင်ဒိုနီးရှားရောက် ရိုဟင်ဂျာတွေကို သုံးလယာယီနေခွင့် ပေး

RFA
စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.11.21

၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရောက်ရှိလာသည့် ရိုဟင်ဂျာများကိုတွေ့ရစဉ်။ AFP

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း အာချေးပြည်နယ်ကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သုံးလယာ ယီခိုလှုံခွင့်ပေးမယ်လို့ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနရုံးက ပြောကြားလိုက်ပါတယ်။

ခနော်နီခနော်နဲ့ သစ်သားလှေနဲ့ ပင်လယ်ပြင်ခရီးကြမ်းနှင်ပြီး အင်ဒိုနီးရှားကမ်းခြေနား ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဒေသခံတွေက ပင်လယ်ဘက်ပြန်ဖို့ သုံးကြိမ်သုံးခါ ခြိမ်းခြောက်ပြီးနောက် အခုလိုလက်ခံလိုက်တာပါ။

Monday, November 20, 2023

ရိုဟင်ဂျာတွေကို ပေးစရာ နေရာမရှိဘူးလို့ အာချေး ဒေသခံ ရွာလူကြီးတွေပြော

BBC
November 21'2023

အာချေးပြည်နယ် အနှံ့ ကမ်းခြေတွေဆီ ရိုဟင်ဂျာတွေ အစုလိုက်ရောက်လာ

ရိုဟင်ဂျာ ဒုက္ခသည် နောက်ထပ် ၅၀၀ ကျော်ဟာ အင်ဒိုနီးရှား နိုင်ငံ အာချေး ပြည်နယ်ရဲ့ ကမ်းခြေတွေ ရှိ ရာဆီ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဆိုက်ရောက်လာကြပါတယ်။

ဒါဟာ သီတင်းတစ်ပတ် အတွင်း ၄ ကြိမ်မြောက် အခုလို အစုလိုက် အပြုံလိုက် ရောက်လာကြတာပါ။ ဘီရာဝန်၊ ပီဒီနဲ့ အရှေ့အာချေး နေရာတွေ အပါအဝင် ပြည်နယ် နေရာအနှံ့ ရောက်လာနေကြတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို အာချေးဒေသခံတွေ လက်ခံဖို့ ငြင်းပယ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၀ နိုဝင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်းက ယာယီကမ်းကပ်ခွင့်ပေးဖို့ ဆုံးဖြတ်အပြီးတွေ့ရစဉ် (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
 

ရိုဟင်ဂျာဒုက္ခသည် ၂၅၀ ကျော် လိုက်ပါလာတဲ့ လှေတစီးကို အင်ဒိုနီးရှားနိုင်ငံ ဒေသခံအသိုင်းအဝိုင်း က လက်မခံနိုင်တဲ့အတွက် နှစ်ကြိမ် တိုင်တားမြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူတို့ကိုကမ်းပေါ်တက် ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း အခု အသစ်ရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို သူတို့အနေနဲ့ အချိန် မ ရွေး ပင်လယ်ထဲ ပြန်မောင်းထုတ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Sunday, November 19, 2023

အင်ဒိုနီးရှား အာချေးပြည်နယ်ကို တပတ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည် ၈၀၀ ကျော် ရောက်ရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၉ နိုဝင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော်နဲ့ ပြည့်နေတဲ့ စက်လှေသုံးစင်းဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် ဆုံး ပြည်နယ်မှာ တနင်္ဂနွေနေ့ ဒီကနေ့မှာ ဆိုက်ရောက်လာခဲ့ကြောင်း ကုလသမဂ္ဂ အေဂျင်စီက ပြောပါ တယ်။

ရိုဟင်ဂျာအယောက် ၅ဝဝ ကျော် အင်ဒိုနီးရှားမှာ ကမ်းကပ်

RFA
RFA Burmese
2023.11.19
၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် အာချေးပြည်နယ်ကို ကမ်းကပ်ရောက်ရှိလာသည့် စက်လှေများတွင်လိုက်ပါလာသော ရိုဟင်ဂျာများ။ Reuters 
 
ရိုဟင်ဂျာအယောက် ငါးရာကျော်ပါတဲ့ စက်လှေသုံးစီး အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် အာချေး ပြည်နယ်ကို နိုဝင်ဘာလ ၁၉ ရက် ဒီနေ့ ကမ်းကပ်ရောက်ရှိလာတယ်လို့ AFP သတင်းက ဖော်ပြ ပါတယ်။

Saturday, November 18, 2023

လှေစီးပြေးရိုဟင်ဂျာ (၂၀၀)ကျော် အင်ဒိုနီးရှားကမ်းကပ်ခွင့် ဒေသခံတွေငြင်းဆန်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၈ နိုဝင်ဘာ၊ ၂၀၂၃ 

Ethnic Rohingya disembark from their boat upon landing in Ulee Madon, North Aceh, Indonesia, Nov. 16, 2023.

လှေစီးပြေး ရိုဟင်ဂျာ (၂၀၀)ကျော် အင်ဒိုနီးရှား ကမ်းကပ်ခွင့် ဒေသခံတွေငြင်းဆန်

အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ အယောက် ၂၄၀ လောက် ပါတဲ့ သင်္ဘေော တစီး ဟာ အင်ဒိုနီးရှား မြေပေါ်မှာ ကမ်းကပ်ခွင့်ရဖို့ ၂ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ကြပေမယ့် ဒေသခံတွေက လက်မခံ ငြင်းဆန်ခဲ့တာကြောင့် သူတို့ စီးလာခဲ့ လှေဟာ ခုတော့ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာပဲ မျော နေရတယ်လို့ ဒေသအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AP သတင်းမှာ သောကြာ နေ့ကရေး ပါတယ်။ 

Friday, November 17, 2023

လှေစီးရိုဟင်ဂျာဒုက္ခသည် ၆ဝဝ ခန့် အင်ဒိုနီးရှားကမ်းခြေသို့ ရောက်ရှိနေ

MizzimaTV
17 Nov 2023

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ကမ်းရိုးတန်းကို အခုသီတင်းပတ်အတွင်းမှာတင် စုစုပေါင်း ရိုဟင်ဂျာ ၆ဝဝ ခန့် ရောက်ရှိလာတယ်လို့ သိရပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေဟာ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ အာချေးပြည်နယ် Bireun ဒေသကို ရောက်ရှိလာပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဒေသဆိုင်ရာ ငါးလုပ်ငန်း အကြီးအကဲ Miftah Cut Ade က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာတဲ့ သုံးစီးမြောက်လှေ ဖြစ်ပါ တယ်။ အာချေးပြည်နယ် Pidie ဒေသကို နိုဝင်ဘာလ ၁၅ ရက်နေ့က  ရိုဟင်ဂျာ အယောက်၂၀၀ လောက်ရောက်ရှိခဲ့ပြီး အဲဒီမတိုင်ခင်တစ်ရက်ကလည်း ၁၉၆ ယောက် ရောက်ရှိခဲ့တာဖြစ်ပါတယ်။ 

Wednesday, November 15, 2023

ရိုဟင်ဂျာလှေစီးဒုက္ခသည် ၂၀၀ ခန့် အင်ဒိုနီးရှားရောက်

DVB
November 15, 2023

မြန်မာနိုင်ငံဘက်ကနေ ရိုဟင်ဂျာလှေစီးဒုက္ခသည် ၂၀၀ နီးပါးဟာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် ထဲကို နိုဝင်ဘာ ၁၄ ရက်က ရောက်ရှိလာခဲ့တယ်လို့ ဒေသခံ ငါးဖမ်းလုပ်ငန်း အကြီးအကဲက ပြောတဲ့ အကြောင်း ရိုက်တာသတင်းမှာဖော်ပြပါတယ်။

Tuesday, November 14, 2023

ရိုဟင်ဂျာ ၂၀၀ နီးပါး အင်ဒိုနီးရှား အာချေးကျွန်းရောက်ရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၄ နိုဝင်ဘာ၊ ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံ အာချေးကျွန်းကို ရောက်လာတဲ့ ရိုဟင်ဂျာတွေကိုတွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

အင်ဒိုနီးရှား နိုင်ငံ အနောက်ဘက်ဆုံး အာချေးပြည်နယ် Pidie ဒေသ ကျွန်း တကျွန်းပေါ် ရိုဟင်ဂျာ အယောက် ၂၀၀ လောက် လှေနဲ့ ရောက်လာတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူ တဦး က ပြောပါတယ်။ အမျိုးသမီး နဲ့ ကလေး အများစု ပါဝင်တဲ့ ရိုဟင်ဂျာ မူဆလင် ၁၉၆ ယောက်ဟာ အင်္ဂါနေ့ မနက်ပိုင်းက လူသူကင်းဝေးတဲ့ နေရာကို ဆိုက်ရောက်လာတာလို့ ရေတပ် တပ်မှူး Andi Susanto က သတင်း ထုတ်ပြန်ပါတယ်။

Monday, October 2, 2023

စစ်ကောင်စီကို လက်နက်ရောင်းခဲ့ကြောင်း အင်ဒိုနီးရှား စွပ်စွဲခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၂ အောက်တိုဘာ၊ ၂၀၂၃ 

တပ်မတော်နေ့အခမ်းအနား
အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ ၃ ခုဟာ မြန်မာစစ်တပ်အတွက် လက်နက်တွေ ရောင်းချ ခဲ့ကြောင်း မြန်မာ့အရေး လှုပ်ရှားသူတွေက စွပ်စွဲလိုက်ပါတယ်။ အင်ဒိုနီးရှားကုမ္ပဏီတွေ ဖြစ်ကြတဲ့ PT Pindad၊ PT PAL နဲ့ PT Dirgantara Indonesia တို့ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက် ရောင်းချမှုတွေ ရှိခဲ့တဲ့အတွက် အင်ဒိုနီးရှား လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားလိုက်ကြောင်း မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တွေက ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့တာပါ။

Saturday, September 23, 2023

မြန်မာ့အရေးမှာ ရိုဟင်ဂျာပြဿနာပါ ထည့်သွင်းဖြေရှင်းဖို့ အင်ဒို တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၃ စက်တင်ဘာ၊ ၂၀၂၃ 

ASEAN-INDONESIA/FMM

မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ သီးခြားခွဲထုတ်လို့မရတဲ့ ကိစ္စရပ်တခုအဖြစ် တွဲပါနေတဲ့ ရိုဟင်ဂျာ ပြ ဿနာကိုလည်း နိုင်ငံရေးအရအဖြေရှာဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က တောင်းဆိုလိုက် ပါတယ်။

Friday, July 21, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးမှာ တက်ကြွတဲ့အခန်းကဏ္ဍမှ ပါဝင်ဖို့ အင်ဒိုနီးရှားအား ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်
July 19, 2023

ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း ဂုဏ်သိက္ခာရှိရှိ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအတွက် အာ ဆီယံ လူသားချင်းစာနာမှုအကူအညီ ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (ACCHA) မှာ ပါဝင်ခြင်းအားဖြင့် လက်ရှိအာ ဆီယံအဖွဲ့ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက ပိုမိုတက်ကြွသော အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမန်က တိုက်တွန်းလိုက်ပါတယ်။

Wednesday, June 7, 2023

ရိုဟင်ဂျာဒုက္ခသည် ၁၈၀ ပါ လှေတစင်းပျောက်ဆုံးနေ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၇ ဇွန်၊ ၂၀၂၃ 

ရိုဟင်ဂျာ ၁၈၀ ပါစက်လှေထွက်ခွါရာဘင်္ဂလားဒေ့ရှ်၊ Teknaf ကမ်းခြေ၊ မတ် ၉ ၊ ၂၀၂၃

အင်ဒိုနီးရှားကိုဦးတည်ပြီး ဘင်္ဂလားဒေ့ရှ်ကနေ ဒီဇင်ဘာ ၁ ရက်နေ့က ထွက်ခွါလာတဲ့ရိုဟင်ဂျာဒုက္ခသည် ၁၈၀ ပါလှေတစ်စင်းပျောက်ဆုံးနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ အကြမ်းဖက်တာတွေ များလာတာကြောင့် ထွက်ပြေးလာကြတဲ့ရင်ခွင်ပိုက်ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကြောက်ရွံနေတဲ့ ကလေးတွေ လှေပေါ် မှာ ပါကြတယ်လို့ အဲဒီလှေပေါ်ပါသူတွေကို မေးမြန်းခဲ့တဲ့အင်တာဗျူးတွေ၊ ဗွီဒီယိုတွေနဲ့ အသံသွင်းခဲ့တဲ့ ပြောဆို ချက်တွေကိုအခြေခံပြီး အေပီသတင်းကပြောတာပါ။ လှေ‌ပေါ်ပါသူတချို့ ဟာ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့တဲ့ ကိုယ့် အိမ်ထောင်ဖက် နဲ့ ပြန်ဆုံနိုင်ဖို့ လိုက်ပါလာကြသူတွေ ဖြစ်ကြပါတယ်။

Monday, March 27, 2023

ရိုဟင်ဂျာ ၁၈၀ ကျော် အင်ဒိုနီးရှား အာချေ့ကမ်းခြေရောက်ရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၇ မတ်လ၊ ၂၀၂၃
အင်ဒိုးရှားနိုင်ငံ အာချေးပြည်နယ် အရှေ့အာချေးမြို့ကိုရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၇၊ ၂၀၂၃)

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၁၈၄ ဦး အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း ပြည်နယ်တခုကို တနင်္လာနေ့က ရောက်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒုက္ခသည် အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၇၀ နဲ့ ကလေးအယောက် ၂၀ ကို တနင်္လာနေ့မနက်ပိုင်းမှာ အရှေ့အာချေးမြို့ Peureulak (ပေရူးလတ်ခ်) ဒေသခံတွေက တွေ့ခဲ့တာကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။

Sunday, February 19, 2023

အင်ဒိုနီးရှား အနောက်ဘက်ကမ်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ကမ်းကပ်ကာ ရောက်ရှိ

မဇ္စျိမ
AFP
17 February 2023

အင်ဒိုနီးရှား အနောက်ဘက် ကမ်းရိုးတန်းသို့ အမျိုးသမီးနှင့် ကလေးများ အများစုပါဝင်သော ရိုဟင်ဂျာ ၆၉ ဦးသည် သစ်သားလှေဖြင့် ကမ်းကပ်ရောက်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်ဒိုနီးရှား၏ အနောက်ဘက်စွန်း အာချေးပြည်နယ်က ကမ်းခြေတစ်ခုသို့ အဆိုပါ စက်လှေသည် ကမ်းကပ်လာခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တာဝန်ရှိသူ အိုခတီနာ ဟာဖန်တီက ပြောပြီး ပင်လယ်ဖြတ် ခရီးအတွင်း လှေပေါ်ပါ လူအချို့ သေဆုံးကြောင်း ခရီးသည်တစ်ဦးကလည်း ပြောသည်။

Thursday, February 16, 2023

ရိုဟင်ဂျာ ၅၀ ပါ လှေတစ်စင်း အင်ဒို အာချေးဒေသဆိုက်ကပ်

VOA
ဗွီအိုအေ၊မြန်မာ
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃ 

 (ယခင်ပုံဟောင်း) အင်ဒိုနီးရှားနိုင်ငံ၊ အာချေးကမ်းခြေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ရောက်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်များ။

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရိုဟင်ဂျာမွတ်ဆလင် ၅၀ လောက်ပါဝင်တဲ့ လှေတစ်စင်း အခု ကြာသာ ပ တေးနေ့ ဆိုက်ရောက်လာတယ်လို့ ဒေသတာဝန်ရှိသူတစ်ဦးပြောဆိုတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရ်ှ ဒုက္ခသည်စခန်းတွေက ဆိုးဆိုးဝါးဝါးအခြေအနေကို လွန်မြောက်ဖို့ ရိုဟင်ဂျာဒုက္ခသည်တွေ အစု အပြုံလိုက် လှေစီးပြေးထွက်ခွာကြရာမှာ၊ အင်ဒိုးနီးရှား အာချေးဒေသကို မကြာမကြာ ရောက်ရှိလာလေ့ ရှိပါ တယ်။

Wednesday, January 18, 2023

အင်ဒိုနီးရှား အာချေးရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နောက် ဆုံးအခြေအနေ

VOA
January 10, 2023
VOA Policy

ရိုဟင်ဂျာဒုက္ခသည် ၁၈၄ ယောက်ဟာ ပြီးခဲ့တဲ့ ဇန္နဝါရီလ ၈ ရက်၊ တနင်္ဂနွေနေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Kuala Gigeng Lamnga ကမ်းခြေကို စက်လှေနဲ့ရောက်ရှိလာခဲ့တယ်လို့ အာချေးရဲတပ်ဖွဲ့ပြောရေးဆို ခွင့်ရှိသူ Joko Krisdiyanto ကပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ၊ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM၊ အင်ဒိုနီးရှားစစ်တပ်နဲ့အခြားဌာနဆိုင်ရာတာဝန်ရှိသူတွေက ဒုက္ခသည်တွေကိုရေတွက်လက်ခံခဲ့ရာမှာ ၁၈၄ ယောက်ရှိတယ်လို့ ရဲအရာရှိ Joko Krisdiyanto ကသတင်းစာရှင်း လင်းပွဲမှာပြောခဲ့ပါတယ်။ အဲဒိအထဲမှာ အမျို းသား ၆၉ ၊ အမျိုးသမီး ၇၅ ဦးနဲ့ကလေး ၄၀ ကျော်ပါဝင်ပါတယ်။ သူတို့ကို ဒေသဆိုင်ရာ လူမှုကူညစောင့်ရှောက် ရေးဌာန အဆောက်အဦးမှာနေရာချထားပေးတယ်လို့လည်းရဲအရာရှိ Joko ကပြောပါတယ်။

Saturday, January 14, 2023

မြန်မာ့အရေးဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ရုံး ဖွင့် လှစ် ဆောင်ရွက်သွားမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ပြော

DVB
13 January, 2023 


မြန်မာနိုင်ငံက ပဋိပက္ခတွေကို အာဆီယံအဖွဲ့အနေနဲ့ ဦးဆောင်ဖြေရှင်းနိုင်ရေး ရည်ရွယ်ပြီး အသစ်ဖွင့်လှစ် သွား မယ့် မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးမှာ သူကိုယ်တိုင် ဦးဆောင်သွားမှာဖြစ်တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။

အင်ဒိုနီးရှားဟာ အခုနှစ်မှာ  အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ  တာဝန်ယူထားတာဖြစ်ပြီး အာဆီယံရဲ့ ဥက္ကဋ္ဌရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်အဖြစ်  အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက တာဝန်ယူမှာ ဖြစ်ပါတယ်။ 

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */