" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 22, 2023

အင်ဒိုနီးရှားရောက် ရိုဟင်ဂျာတွေကို သုံးလယာယီနေခွင့် ပေး

RFA
စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.11.21

၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရောက်ရှိလာသည့် ရိုဟင်ဂျာများကိုတွေ့ရစဉ်။ AFP

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း အာချေးပြည်နယ်ကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သုံးလယာ ယီခိုလှုံခွင့်ပေးမယ်လို့ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနရုံးက ပြောကြားလိုက်ပါတယ်။

ခနော်နီခနော်နဲ့ သစ်သားလှေနဲ့ ပင်လယ်ပြင်ခရီးကြမ်းနှင်ပြီး အင်ဒိုနီးရှားကမ်းခြေနား ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဒေသခံတွေက ပင်လယ်ဘက်ပြန်ဖို့ သုံးကြိမ်သုံးခါ ခြိမ်းခြောက်ပြီးနောက် အခုလိုလက်ခံလိုက်တာပါ။

ရိုဟင်ဂျာ ၂၅၆ ယောက်ကို ဒေသခံတွေက ပြီးခဲ့တဲ့ သီတင်းပတ်က နှစ်ကြိမ်နှင်ထုတ်ပေမဲ့ နိုဝင်ဘာ ၁၉ ရက်မှာ တတိယအကြိမ် ကြိုးစားတဲ့အခါ ကမ်းကပ်နိုင်ခဲ့ပေမဲ့ ဒေသခံတွေက သူတို့ရောက်လာတာကို ကန့်ကွက်ရုံသာမက ပင်လယ်ဘက်ကို ခြိမ်းခြောက်မောင်းထုတ်ခဲ့တယ်လို့ AFP သတင်းမှာ နိုဝင်ဘာ ၂၁ ရက်က ဖော်ပြပါတယ်။

ဒါပေမဲ့ အာချေးပြည်နယ်မှာ ယာယီနေထိုင်ခွင့်ရဖို စောင့်စားချိန်မှာ ရိုဟင်ဂျာတွေကို နှစ်ရက်ထားဖို့ ဒေသအာဏာပိုင်တွေက အမိန့်ထုတ်ပြန်ပါတယ်။ ဒီလ ၂၁ ရက်နေ့မှာတော့ အာချေးပြည်နယ်က အ ကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ Lhokseumawe မြို့က စခန်းသစ်တစ်ခုမှာ ရိုဟင်ဂျာတွေကို ပြောင်း ရွှေ့ နေရာချထားဖို့ တာဝန်ရှိသူတွေက အမိန့်ထုတ်ပြန်ပါတယ်။

ဒုက္ခသည်တွေ ယာယီနေထိုင်ချိန်အတွင်း သူတို့လုံခြုံရေးအတွက် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ညှိနှိုင်းပြီး အစိုးရက တာဝန်ခံမယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာတွေကို ထားမယ့် အဆောက်အဦကို ရှေ့နှစ်မှာ ပြု ပြင်မွမ်းမံမှာမို့ သူတို့ကို အများဆုံး သုံးလယာယီနေထိုင်ခွင့်ပေးမယ်လို့ ပြောပါတယ်။

ဒီ သုံးလကျော်သွားရင် ဒုက္ခသည်တွေ ဘာဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက အသေး စိတ်မပြောပါဘူး။ ၂၁ ရက်ညနေပိုင်းမှာ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ အပြည့်ပါတဲ့ ထရပ်ကားတွေနဲ့ ဒုက္ခသည်တွေကို နေရာပြောင်းရွှေ့ပေးလိုက်ပါတယ်။

ဒုက္ခသည် အများစုဟာ မလေးရှားနိုင်ငံကို သွားဖို့ကြိုးစားပေမဲ့ အင်ဒိုနီးရှားအရောက်မှာ ရှေ့ခရီးမ ဆက် နိုင်ကြတော့ပါဘူး။ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရိုဟင် ဂျာ တစ်ထောင်နီးပါး ရောက်ရှိလာတယ်လို့ AP သတင်းက ဒီလ ၂၀ ရက်နေ့က ဖော်ပြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */