" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, July 21, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးမှာ တက်ကြွတဲ့အခန်းကဏ္ဍမှ ပါဝင်ဖို့ အင်ဒိုနီးရှားအား ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်
July 19, 2023

ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း ဂုဏ်သိက္ခာရှိရှိ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအတွက် အာ ဆီယံ လူသားချင်းစာနာမှုအကူအညီ ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (ACCHA) မှာ ပါဝင်ခြင်းအားဖြင့် လက်ရှိအာ ဆီယံအဖွဲ့ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက ပိုမိုတက်ကြွသော အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမန်က တိုက်တွန်းလိုက်ပါတယ်။

အကြိမ် ၃၀ မြောက် အာဆီယံ ဒေသဆိုင်ရာဖိုရမ် (AFR) တက်ရောက်ဖို့ ဂျကာတာမြို့တော်သို့သွား ရောက်တဲ့ ၃ ရက်ကြာခရီးစဉ်အတွင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီနဲ့ တွေ့ဆုံဆွေးနွေးစဉ် သူက အခုလို မေ တ္တာရပ်ခံခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံက ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးမှာ တက်ကြွတဲ့အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ပေးဖို့ မို မန်က တောင်းဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဒီနှစ် စက်တင်ဘာလအတွင်းပြုလုပ်မယ့် အာဆီယံ မိတ်ဖက်ဆွေးနွေးပွဲ (SDP) အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အ ဖွဲ့ဝင်လျှောက်ထားမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံရေး အင်ဒိုနီးရှားနိုင်ငံက ထောက်ခံပေးဖို့ မို မန် က တောင်းဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားကြား တိုက်ရိုက် လေကြောင်းလိုင်းပြေးဆွဲရေး၊ အင်ဒိုနီးရှားနိုင်ငံက ဝင် ပေါက်တွေမှာ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအတွက် ဆိုက်ရောက်ဗီ ဇာ ထုတ်ပေး ရေးကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။

နှစ်ဉီးနှစ်ဖက် အဆင်ပြေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်လည်ပတ်ဖို့လည်း မိုမန်က အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီကို ဖိတ်ကြားခဲ့ပါတယ်။

ကိုးကား – BSS News
Ref; FM urges Indonesia to play proactive role in Rohingya repatriation



Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */