VOA
ဗွီအိုအေ (မြန်မာဌာန)
၀၂ အောက်တိုဘာ၊ ၂၀၂၃
တပ်မတော်နေ့အခမ်းအနား
အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ ၃ ခုဟာ မြန်မာစစ်တပ်အတွက် လက်နက်တွေ ရောင်းချ ခဲ့ကြောင်း မြန်မာ့အရေး လှုပ်ရှားသူတွေက စွပ်စွဲလိုက်ပါတယ်။ အင်ဒိုနီးရှားကုမ္ပဏီတွေ ဖြစ်ကြတဲ့ PT Pindad၊ PT PAL နဲ့ PT Dirgantara Indonesia တို့ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက် ရောင်းချမှုတွေ ရှိခဲ့တဲ့အတွက် အင်ဒိုနီးရှား လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားလိုက်ကြောင်း မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တွေက ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့တာပါ။ မြန်မာစစ်တပ်အတွက် ရောင်းချခဲ့တဲ့အထဲမှာ ပစ္စတို သေနတ်တွေ၊ ချေမှုန်းရေး ရိုင်ဖယ်တွေ၊ ခဲယမ်းမီးကျောက် တွေ၊ တိုက်ခိုက်ရေးသုံးယာဉ်တွေနဲ့ အခြားပစ္စည်းတွေပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်လက်နက်ထုတ်လုပ်သူတွေဟာ အင်ဒိုနီးရှားနိုင်ငံ ဥပဒေနဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ကာ မြန်မာ နိုင်ငံကို စစ်လက်နက် ပစ္စည်းတွေ ရောင်းချနေတယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO၊ မြန်မာနိုင်ငံ တာ ဝန်ခံမှု စီမံချက် (MAP)နဲ့ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရူစမန်တို့က Justice for Myanmar ရဲ့ သု တေသနကို အခြေခံ တိုင်ကြားခဲ့တာပါ။ တိုင်ကြားချက်နဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီနဲ့ အင်ဒိုနီးရှား တာဝန် ရှိသူတွေရဲ့ တုံ့ပြန်ချက်ရဖို့ ဗွီအိုအေက ကြိုးစားဆက်သွယ်နေပါတယ်။
အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရူစမန်ကတော့ ဒီကုမ္ပဏီ ၃ ခုလုံးဟာ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း တွေ ဖြစ်တဲ့အတွက် အင်ဒိုနီးရှား အစိုးရရဲ့ တိုက်ရိုက်ထိန်းချုပ်မှု အောက်မှာ ရှိနေပြီး၊ အစိုးရရဲ့ ကြီးကြပ်ကွပ် ကဲ မှုနဲ့ ခွင့်ပြုချက်တွေကို ရယူရကြောင်း၊ ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်တဲ့ စစ်ဆင်ရေးနဲ့ ၂၀၂၁ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်းမှာ ကာကွယ်ရေး ပစ္စည်းတွေကိုရောင်းချဖို့ အရောင်းမြှင့်တင်ခဲ့တာနဲ့ ရောင်းချခဲ့တာ တွေကို သံသယဖြစ်ဖွယ် တွေ့ရတာဟာ အင်ဒိုနီးရှား အစိုးရအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေနဲ့ လူသား ချင်းစာနာထောက်ထားမှု ဥပဒေတွေကို လိုက်နာဖို့ ဆန္ဒရှိရဲ့လား ဆိုတဲ့ အပေါ် သံသယရှိကြောင်းနဲ့ အင်ဒိုနီးရှား လူ့အခွင့်အရေး ကောင်မရှင်အနေနဲ့ ဒါကို စုံစမ်းစစ်ဆေးဖို့ လုပ်ပိုင်ခွင့်ရှိပြီး၊ လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်း ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တချို့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချချိန်မှာ အင်ဒိုနီးရှားနိုင်ငံဟာ လူ့အခွင့်အရေး ကောင်စီမှာ အဖွဲ့ဝင်နိုင် ငံဖြစ်နေခဲ့ပြီး ဖြစ်သလို၊ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ စီးဆင်းမှုကို ကာကွယ်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးအပေါ် အထွေထွေ ညီလာခံမှာ ဆုံးဖြတ်ထားတာကို ထောက်ခံမဲပေးခဲ့တဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံလေးနိုင်ငံထဲက တနိုင်ငံလည်း ဖြစ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Link : Here

No comments:
Post a Comment