" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 27, 2023

ရိုဟင်ဂျာ ၁၈၀ ကျော် အင်ဒိုနီးရှား အာချေ့ကမ်းခြေရောက်ရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၇ မတ်လ၊ ၂၀၂၃
အင်ဒိုးရှားနိုင်ငံ အာချေးပြည်နယ် အရှေ့အာချေးမြို့ကိုရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၇၊ ၂၀၂၃)

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၁၈၄ ဦး အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း ပြည်နယ်တခုကို တနင်္လာနေ့က ရောက်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒုက္ခသည် အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၇၀ နဲ့ ကလေးအယောက် ၂၀ ကို တနင်္လာနေ့မနက်ပိုင်းမှာ အရှေ့အာချေးမြို့ Peureulak (ပေရူးလတ်ခ်) ဒေသခံတွေက တွေ့ခဲ့တာကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။

လှေစီးပြေး ဒုက္ခသည်တွေကို ကမ်းနဲ့မလှမ်းမကမ်းမှာချပေးပြီးမှ သူတို့ ကမ်းစပ်ကို ရေကူးသွားဖို့ သင်္ဘာကပွတိန်က ပြောဆိုခဲ့ကြောင်းလည်း ဒုက္ခသည်တွေက ပြောပါတယ်။ သူတို့ကမ်းကိုရောက်လာတဲ့ အချိန် ကမ်းခြေမှာ လှေကိုမတွေ့ဘူးလို့ Peureulak ခရိုင်အကြီးအကဲ Nasri (နာဆရီ) က AFP သတင်းကို ပြောပါတယ်။

 ဒုက္ခသည်တွေက ရက်ပေါင်းများစွာ အစာရေစာပြတ်လတ်ခဲ့ပုံရပြီး တချို့က အားနည်းနေတဲ့ပုံရှိတယ်လို့လည်းပြောပါတယ်။ အနည်းဆုံး လူ ၅ ယောက်ကို ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ကျန်ဒုက္ခသည်တွေကိုတော့ အမိုးအကာ၊ အစားအသောက်နဲ့ ဆေးဝါးကုသဖို့အတွက် ဗလီတခုမှာ ခေါ်ဆောင်ပေးထားတယ်လို့ ခရိုင်အကြီးအကဲက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ပြည့်ကြပ်နေတဲ့ စခန်းတွေမှာနေထိုင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ အလုပ်လုပ်ခွင့်ရဖို့ လှေသင်္ဘောတွေနဲ့ အန္တရာယ်များတဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီးသွားရောက်လေ့ရှိပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည် ၂၀၀၀ ကျော် အရှေ့တောင်အာရှ နိုင်ငံတွေကို လှေနဲ့ သွားရောက်ဖို့ ကြိုးပမ်းခဲ့ပြီးတော့ ၂၀၀ နီးပါးသေဆုံး၊ ပျောက်ဆုံးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */