" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 20, 2023

ရိုဟင်ဂျာတွေကို အာချေးဒေသခံတွေ လက်ခံဖို့ ငြင်းပယ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၀ နိုဝင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်းက ယာယီကမ်းကပ်ခွင့်ပေးဖို့ ဆုံးဖြတ်အပြီးတွေ့ရစဉ် (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
 

ရိုဟင်ဂျာဒုက္ခသည် ၂၅၀ ကျော် လိုက်ပါလာတဲ့ လှေတစီးကို အင်ဒိုနီးရှားနိုင်ငံ ဒေသခံအသိုင်းအဝိုင်း က လက်မခံနိုင်တဲ့အတွက် နှစ်ကြိမ် တိုင်တားမြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူတို့ကိုကမ်းပေါ်တက် ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း အခု အသစ်ရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို သူတို့အနေနဲ့ အချိန် မ ရွေး ပင်လယ်ထဲ ပြန်မောင်းထုတ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကပဲ အနည်းဆုံး သင်္ဘောငါးစင်းနဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရိုဟင်ဂျာ ၈၀၀ ခန့် ရောက်ရှိလာခဲ့တာပါ။ မလေးရှားနိုင်ငံက လူမှောင်ခို ပို့ဆောင်တဲ့ ကွန်ယက်တွေနဲ့ ဆက်နွယ်တယ်လို့ ရိုဟင်ဂျာတချို့ဟာ စွပ်စွဲခံထားရတဲ့အတွက် ဒေသခံတွေနဲ့ တင်းမာမှုတွေ မြင့်တက် နေတာလည်း ဖြစ်ပါတယ်။ 


"သူတို့တွေကို ဂရုမစိုက်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဒီလူတွေက တခါတလေ ထွက်ပြေးတယ်၊ မ ကောင်းတာတွေ ဖြစ်လာမှာကိုကြောက်တယ်"လို့ အာချေးမြောက်ပိုင်းမှာရှိတဲ့ ကျေးရွာအကြီးအကဲ Rahmat Kartolo က AFP ကို ပြောပါတယ်။ အာချေးငါးဖမ်းအသိုက်အဝန်းကတော့ ရိုဟင်ဂျာ ဒုက္ခ သည်တွေကို ပင်လယ်ထဲ ပြန်ပို့တာဟာ သူတို့ကို ကူညီနေရာရောက်တယ်လို့ ယူဆနေကြပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက မြန်မာနိုင်ငံကနေ ရိုဟင်ဂျာ တစ်သန်းကျော် ထွက်ပြေးလာခဲ့ပြီး၊ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ဖြိုခွင်းမှုမှာတော့ အများဆုံး ထွက်ပြေးခဲ့ကြတာပါ။ UNHCR ကတော့ မနှစ်က ပင်လယ်ဖြတ်ကူးဖို့ ကြိုးစားခဲ့တဲ့ ရိုဟင်ဂျာ ၂၀၀ နီးပါး သေဆုံး၊ဒါမှမဟုတ်ပျောက်ဆုံးခဲ့တယ်လို့ခန့်မှန်း ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */