" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 15, 2023

ရိုဟင်ဂျာလှေစီးဒုက္ခသည် ၂၀၀ ခန့် အင်ဒိုနီးရှားရောက်

DVB
November 15, 2023

မြန်မာနိုင်ငံဘက်ကနေ ရိုဟင်ဂျာလှေစီးဒုက္ခသည် ၂၀၀ နီးပါးဟာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် ထဲကို နိုဝင်ဘာ ၁၄ ရက်က ရောက်ရှိလာခဲ့တယ်လို့ ဒေသခံ ငါးဖမ်းလုပ်ငန်း အကြီးအကဲက ပြောတဲ့ အကြောင်း ရိုက်တာသတင်းမှာဖော်ပြပါတယ်။

ဒုက္ခသည်တွေထဲမှာတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အများစုဖြစ်ပြီး မြန်မာနိုင်ငံဘက်က နှိပ် စက် ညှဉ်းပန်းခံနေရတဲ့ ရိုဟင်ဂျာတွေဟာ မွတ်ဆလင်အများစု နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့အပြင် မြန်မာနဲ့အိမ်နီးချင်း ထိုင်းနိုင်ငံတွေဘက်ကို ခနော်နီခနော်နဲ့ သစ်သားလှေတွေ ကို နှစ်ပေါင်းများစွာ အသုံးပြုကာ ထွက်ပြေးနေခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုနှစ် အစပိုင်းမှာတင် အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ထဲကို ရိုဟင်ဂျာတွေ ရာနဲ့ချီ ရောက်ရှိခဲ့ပြီး အများစုကတော့ ရောဂါဘယဘေး၊ ငတ်မွတ်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် ပင်လယ်ပြင်ထဲမှာသေ ဆုံးခဲ့ကြရကာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတော့ အဲဒီလို ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဆယ်စုနှစ်အ တွင်း အသေအပျောက်အများဆုံး နှစ်တနှစ် ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်း ကြီးရုံး (UNHCR) က ပြောပါတယ်။

ဒေသခံ ငါးဖမ်းလုပ်ငန်း အကြီးအကဲမိဖ်တာကုထ်အဒီးကရိုက်တာသတင်းဌာနကိုဖြေကြားရာမှာတော့ သစ်သားလှေကြီးတစီးနဲ့အတူ ရောက်ရှိလာခဲ့တဲ့ ရိုဟင်ဂျာ ၁၉၆ ယောက်ထဲမှာ ၁၂၈ ယောက်ကအမျိုး သမီးနဲ့ ကလေးသူငယ်တွေဖြစ်ကာ သူတို့ဟာ အာဟာရ မပြည့်ဝဘဲ အားကုန်ခန်းနေကြတယ်လို့ ပြော ပါတယ်။

UNHCR ပြောရေးဆိုခွင့်ရသူတယောက်ကတော့ အဆိုပါဧရိယာထဲမှာ အဖွဲ့က ရောက်ရှိနေတယ်လို့ ပြောပေမဲ့ နောက်ထပ် အသေးစိတ် အခြေအနေတွေကိုတော့ ဖြေကြားခြင်းမရှိပါဘူး။

လက်ရှိမှာတော့ ဒေသခံတွေက အဆိုပါ ရိုဟင်ဂျာတွေကို အစားအစာနဲ့ ရေတွေပေးခဲ့တယ်လို့ မိဖ်တာ က ပြောပြီး သူမျှဝေထားတဲ့ ဓာတ်ပုံတွေထဲမှာတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ သဲပြင်ပေါ်မှာလဲနေ ပြီး သူတို့ကို ဝိုင်းရံနေတဲ့ ဒေသခံတွေကို တွေ့ရပါတယ်။

အာချေးဒေသခံရဲချုပ် အက်ဖန်ဒီကလည်း သူတို့အနေနဲ့ မြေပြင်မှာ ကူညီပေးနေပေမဲ့ အဆိုပါ ရိုဟင် ဂျာ တွေဘယ်နေရာကနေ ရောက်လာကြတယ်ဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်တုန်းက ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့အတွက် သိန်းနဲ့ချီတဲ့ရိုဟင်ဂျာ တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာလူမျိုး တုံး သတ်ဖြတ်မှုနဲ့ ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်က အမှုဖွင့်ခဲ့ပါတယ်။

Source/Photo- Reuters 

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */