" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 14, 2023

ရိုဟင်ဂျာ ၂၀၀ နီးပါး အင်ဒိုနီးရှား အာချေးကျွန်းရောက်ရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၄ နိုဝင်ဘာ၊ ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံ အာချေးကျွန်းကို ရောက်လာတဲ့ ရိုဟင်ဂျာတွေကိုတွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

အင်ဒိုနီးရှား နိုင်ငံ အနောက်ဘက်ဆုံး အာချေးပြည်နယ် Pidie ဒေသ ကျွန်း တကျွန်းပေါ် ရိုဟင်ဂျာ အယောက် ၂၀၀ လောက် လှေနဲ့ ရောက်လာတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူ တဦး က ပြောပါတယ်။ အမျိုးသမီး နဲ့ ကလေး အများစု ပါဝင်တဲ့ ရိုဟင်ဂျာ မူဆလင် ၁၉၆ ယောက်ဟာ အင်္ဂါနေ့ မနက်ပိုင်းက လူသူကင်းဝေးတဲ့ နေရာကို ဆိုက်ရောက်လာတာလို့ ရေတပ် တပ်မှူး Andi Susanto က သတင်း ထုတ်ပြန်ပါတယ်။

ရောက်လာသူတွေထဲက လူတချို့က ချက်ချင်းပဲ ကုန်းတွင်းပိုင်းကို ဝင်ပြေးသွားတယ်လို့ ဒေသခံ ငါး ဖမ်းလုပ်ငန်းအသိုင်းအဝိုင်းပြောခွင့်ရ Marfian က ပြောပါတယ်။ ပြေးသွားတဲ့သူဟာ ၇ ယောက် လောက်ရှိပြီး သူတို့ဟာ ကြားပွဲစားတွေလို့ ယူဆရပါတယ်။ ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ဒေသခံ တွေ က အစားအသောက် နဲ့ ရေတွေ ပေးပြီး စောင့်ရှောက်ထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာ ၂၀၀၀ ကျော်လောက်ဟာ ဘေးအန္တရာယ်များတဲ့ ပင်လယ်ပြင်ကို စွန့်စားဖြတ်ကျော်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေကို သွားဖို့ ကြိုးပမ်းကြတာပါ။​ အဲ့ဒီထဲမှာ ပြီးခဲ့တဲ့ နှစ်က ရိုဟင်ဂျာ ၂၀၀လောက်ပင်လယ်တွင်း မှာပဲ​ ပျောက်ဆုံး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ က ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံဘက်ကနေ ထွက် ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးဆွေးနွေးဖို့မြန်မာစစ်ကောင် စီတာဝန်ရှိသူတွေဟာ ဒီနှစ်ပိုင်းတွေအတွင်း ဘင်္ဂလားဒေ့ရှ် ကိုသွားပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံ ဆွေး နွေးခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ မူလနေရပ်ကိုပြန်လာချင်ပေမဲ့ သူတို့ရဲ့တောင်းဆိုချက်တွေကို စစ် ကောင်စီဘက်က မလိုက်လျောသေးတာကြောင့် ပြန်ဖို့ခက်ခဲနေတယ်လို့ ဒုက္ခသည်တွေက ပြောပါ တယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */